What's new

×

Warning

JUser: :_load: Unable to load user with ID: 845


black ဖက် ရှင်ဟာ ဘယ်တော့မှကို ရိုးသွား တယ်မရှိတဲ့ ဖက်ရှင်တစ်ခုပါ

တချို့ယောက်ျားတွေက တစ်ကိုယ်လုံးအနက်ရောင်ဝတ်တာဟာ ရိုးလွန်း၊ ပိန်းလွန်းတယ်လို့ မြင်ကြ တယ်။

အမှန်တော့all black ဖက် ရှင်ဟာ ဘယ်တော့မှကို ရိုးသွား တယ်မရှိတဲ့ ဖက်ရှင်တစ်ခုပါ။ ဘာ ကြောင့်ပါလဲ။

အနက်ရောင်ရဲ့ အနေ အထား
အနက်ရောင်ဟာ တခြား အရောင်အားလုံးနဲ့ လိုက်ဖက်တယ်။ နောက်ပြီး accessories တွေနဲ့ မျိုး စုံ စိတ်ကြိုက်ဆင်ယင်နိုင်တယ်။ ပွဲ လမ်းသဘင်အတော်များများကို အနက်ရောင်နဲ့ ၀တ်ပြီး သွားလို့ ရ တယ်။ အလုပ်အင်တာဗျူး၊ ဆိုင်ဖွင့် ပွဲ၊ ချစ်သူနဲ့ ချိန်းတွေ့တာကအစ ရှော့ပင်း ထွက်တာအဆုံး ၀တ်သွား လို့ရတာက အနက်ရောင်ပါ။

အနက်ရောင်ရဲ့ ဖီလင်
အနက်ရောင်ဟာ ၀တ်ဆင်သူ ကို အလိုအလျောက် classy ဖြစ် စေသလိုsexyလည်း ဖြစ်စေပြန် တယ်။ 
ဒီလောက်ဆို အနက်ရောင်ရဲ့ ရသကို သိလောက်ပါပြီ။

Street Fashion
ကိုယ်တိုင်းကျတဲ့V-neck တီရှပ်တစ်ထည်ကို အရင်ရွေးပြီး ၀တ်ပါ။ လက်ရှည်ဖြစ်ဖြစ်၊ လက်တို ဖြစ်ဖြစ် ရပါတယ်။ အဓိကက ကိုယ် နဲ့fitting ဖြစ်နေဖို့ပါပဲ။ အောက် ဘက်ကိုတော့ ဂျင်းအပြဲ၊ ဖိနပ် အနက်နဲ့ ၀တ်ပေးပါ။ ခါးပတ်၊ ဦးထုပ်၊ နာရီ၊ နေကာမျက်မှန်လေးပါ ဆောင်ပေးမယ်ဆိုရင် ကိုယ့်ရဲ့all black ဖက်ရှင်ကို ပိုပြီး အရောင် တောက်စေမှာပါ။

ကုတ်
All blackကို မရိုးစေဘဲ ဆန်းသစ်လှပစေမယ့်အသွင် ပြောင်းဒီဇိုင်းရှိသေးတယ်။ အဲဒါ ကတော့ ကုတ် သို့မဟုတ် ဂျက် ကတ်ကို ၀တ်ပေးပါ။
အနက်ရောင်ကိုall black မ၀တ်ချင်ဘူးဆိုရင်လည်း တခြား အရောင်တွေနဲ့ ပေါင်းစပ်ပြီး ဖက် ရှင်ကျအောင် ၀တ်ဆင်နိုင်သေးတယ်။

မရိုးတဲ့အနက်နဲ့အဖြူ
ဘယ်တော့မှ မရိုးတဲ့ကာလာ ပေါင်းစပ်မှုတစ်ခုကတော့ အနက်နဲ့ အဖြူ ပါပဲ။ အဖြူနဲ့အနက်ပေါင်းစပ် မှုဖက်ရှင်ဟာ classy ဆန်တဲ့ဒီဇိုင်း လည်း ဖြစ်ပါတယ်။

ညှို့အားပြင်းပြင်း
အနက်ရောင်ကို အနီရောင်နဲ့ ပေါင်းစပ်ပြီး ၀တ်ဆင်လိုက်တဲ့အခါ အနက်ရောင်ရဲ့ လျှို့ဝှက်မှုနဲ အနီ ရောင်ရဲ့ စူးရှမှုတို့ဟာ သမမျှတစွာ ရောစပ်ပြီး ပွဲလမ်းသဘင်ဝတ်စား ဆင်ယင်မှုအတွက် လိုက်ဖက်တဲ့စုံတွဲ ဖြစ်သွားပါတော့တယ်။

ချစ်စဖွယ်
အနက်ရောင်ကို လာမယ့် ချစ် သူများနေ့အတွက် ၀တ်ဆင်ချင် တယ်ဆိုရင် ပန်းရောင်လေးနဲ့ တွဲ ဖက်ဆင်ယင်လိုက်မယ်ဆို ချစ်စဖွယ် ပုံစံလေးဖြစ်သွားပါလိမ့်မယ်။

ခေတ်စားနေသောအတွဲ
ဒီအတွဲကတော့ လတ်တလော ခေတ်စားနေတဲ့ အရောင်တွဲစပ် မှုတစ်ခုလည်း ဖြစ်ပါတယ်။ အနက် ကို အ၀ါနဲ့ တွဲဝတ်တာပါ။ မြူး<က တဲ့ရသကို ပေးပါလိမ့်မယ်။

နုပျိုမှုအတွဲ
အနက်ရောင်ကို လိမ္မော်ရောင် နဲ့လည်း တွဲပြီး ၀တ်ဆင်လို့ ရပါသေးတယ်။ အနက်နဲ့လိမ္မော်အတွဲကတော့ နုပျိုမှုအသွင်ကို ပေးပါတယ်။

ထသွားထလာဖက်ရှင်
သမားရိုးကျ ထသွားထလာ အတွဲကတော့ အနက်နဲ့အပြာပါ။ ပေါ့ပေါ့ပါးပါးအသွင်လည်း ဖြစ် သလို စီးပွားရေးအတွက် ပွဲလမ်း သဘင်တွေအထိ ၀တ်ဆင်လို့ ရပါ သေးတယ်။

အနက်နဲ့မီးခိုး
ဒီအတွဲကလည်း လှပတဲ့အတွဲ တစ်ခု ဖြစ်ပါတယ်။ လူအများစု ၀တ်ဆင်နိုင်တဲ့အတွဲလည်း ဖြစ် တယ်။

အနက်နဲ့အစိမ်း
အစိမ်းကိုမှ ကျောက်စိမ်းရောင် လေး ၀တ်ပြီး အနက်နဲ့တွဲပေးလိုက် မယ်ဆိုရင် ပွဲအတွက် ၀တ်ဆင်စရာ ဖက်ရှင်တစ်ခု ဖြစ်သွားပါလိမ့်မယ်။
ဒါတွေဟာ အနက်ရောင်က ပေးစွမ်းနိုင်တဲ့ ဖက်ရှင်ရသတွေပဲ ဖြစ်ပါတော့တယ်။8day

Read 923 times
Rate this item
(0 votes)