Fifty Shades of Grey ရုပ်ရှင်ထွက်ထွက်ချင်းတည်းက ဝေဖန်မှုအများအပြားကို ခံခဲ့ရပါတယ်။
သို့သော်လည်း ကျွန်မတို့မိန်းမသားတွေအတွက် အတုယူစရာလေးတွေတော့ တွေ့ခဲ့ရပါတယ်။
အထူးသဖြင့် မင်းသမီး Dakota Johnson ရဲ့ ၀တ်စားဆင်ယင်ပုံတွေက မိန်းကလေးတွေဝတ်စားဆင်ယင်တက်စေဖို့ အကြံဥာဏ်ကောင်းတွေအများကြီးပေးပါတယ်။
ယနေ့ဆောင်းပါးမှာတော့ မင်းသမီး Dakota ၀တ်ခဲ့တဲ့ဝတ်စုံများထဲမှ တချို့ဝတ်စုံလေးများအကြောင်းကို စုစည်းတင်ပြပေးလိုက်ပါတယ်။
(၁) ပန်းပွင့်အဆင်ပါသောရှပ်အင်္ကျီ
Fifty Shades of Grey ရုပ်ရှင်၏ ပထမဆုံးဇာတ်ဝင်ခန်းတွင် Dakota ၀တ်ဆင်ခဲ့သောအင်္ကျီလေးဖြစ်ပါတယ်။
ရိုးရိုးသားသားတက္ကသိုလ်ကျောင်းသူလေးပုံစံမျိုးပေါက်အောင်ဝတ်ဆင်ခဲ့တဲ့ ထိုအင်္ကျီလိုမျိုးက ကျွန်မတို့မြန်မာမိန်းကလေးအများစုနှင့် သင့်တော်သောဒီဇိုင်းဆိုလည်းမမှားပါဘူး။
ထိုအင်္ကျီက Jones New York မှထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
(၂) ပန်းပွင့်အဆင်ပါသောဂါဝန်
ထိုပန်းပွင့်အဆင်လေးပါသော ဂါဝန်ကလည်း မိန်းကလေးအများစုကို ပေါ့ပေါ့ပါးပါးနှင့် လှပစေပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံလို ပူအိုက်တဲ့ရာသီမျိုးအတွက် အထူးသင့်လျော်ပါတယ်။
ထိုပုံစံအင်္ကျီများကို ဈေးသက်သက်သာသာနှင့် ၀ယ်ယူချင်ရင်တော့ Forever 21 နှင့် ASOS တို့တွင်ဝယ်ယူရရှိနိုင်ပါတယ်။
(၃) ကိုယ်ကျပ်ဂါဝန်အရှည်
ထိုကိုယ်ကျပ်ဂါဝန်ကတော့ မိန်းကလေးများကို ရုံးသွား၊ Interview သွားသည့်အချိန်တွင် ၀တ်ဆင်နိုင်ပါတယ်။
Dakota ရုပ်ရှင်ထဲတွင်ဝတ်ဆင်ပြထားသလို တည်တည်ငြိမ်ငြိမ်ပုံစံကို ရရှိစေမှာပါ။
ထိုအင်္ကျီမျိုးကို ၀ယ်ယူချင်ရင်တော့ Felicity & Coco Dress မှာဝယ်ယူရရှိနိုင်ပါတယ်။
(၄) အစိမ်းရောင်ဂါဝန်
ယခုမြန်မာနိုင်ငံမှာလည်း နွေရာသီကိုရောက်ရှိတော့မည်ဖြစ်တာကြောင့် Dakota ၀တ်ဆင်ထားသော အစိမ်းရောင်ကြိုးတစ်ချောင်းဂါဝန်လေးက သင့်ကို ပေါ့ပေါ့ပါးပါးနှင့် လှပစေမှာပါ။
ဆွဲဆောင်မှုရှိစေမဲ့ ပုံဆိုလည်းမမှားပါဘူး။
ထိုအင်္ကျီမျိုးကို Love Culture Dress နှင့် Modcloth dress တို့မှာဝယ်ယူရရှိနိုင်ပါတယ်။