What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘင်္ဂလားဒေ့ရှ် စက်ရုံတွေ မပိတ်မနေရ လော့ဒေါင်းချ

ဘင်္ဂလားဒေ့ရှ်အစိုးရက စက်ရုံတွေကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ မှ ဩဂုတ်လ ၅ ရက်အထိ ပိတ်ခိုင်းလိုက်ပြီး လော့ဒေါင်းချလိုက်တဲ့အတွက်

အထည်ချုပ်လုပ်ငန်းရှင်တွေ လက်ထဲ ရရှိထားတဲ့ အော်ဒါတွေ အချိန်မီ ချုပ်လုပ်ပြီးစီးဖို့ အခက်တွေ့ကုန်ကြတယ်။

Covid-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့ အစိုးရက ဇူလိုင်လ ၁ ရက်ကတည်းက လော့ဒေါင်းချထားခဲ့ပေမဲ့ နေရာအများစုမှာ စက်ရုံတွေကို ဆက်လက်လုပ်ကိုင်ဖို့ ခွင့်ပြုထားခဲ့ရာမှ ယခုလို တင်းကျပ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Covid-19 ကူးစက်မှု စတင်စဉ်ကတည်းက အမှာစာတွေကို ဘင်္ဂလားဒေ့ရှ်က ရရှိခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံအစား ဘင်္ဂလားဒေ့ရှ်သို့ အမှာစာတွေ ပြောင်းရွှေ့ရောက်ရှိကုန်တယ်။ အိန္ဒ်ယနိုင်ငံမှာလည်း Covid-19 လှိုင်း ပြင်းထန်နေခဲ့တာမို့ အမှာစာ အများစု ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့ပြောင်းခဲ့ကြတယ်။
အခုလို အမှာစာတွေ စုပြုံကျနေချိန်မှာ လော့ဒေါင်းချလိုက်တာကြောင့် အော်ဒါတွေ အချိန်မီ ချုပ်လုပ်ပြီးစီးဖို့ မဖြစ်နိုင်တော့အောင် ဖြစ်သွားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့အဝတ်အစားထုတ်လုပ်မှုမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယနေရာမှာ ရောက်ရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အဝတ်အစားထုတ်လုပ်တဲ့ကဏ္ဍမှာ လုပ်ကိုင်သူဦးရေ လေးသန်းခွဲကျော် ရှိပါတယ်။
လော့ဒေါင်းကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်လျက်ရှိရာမှာ တကယ့်ကို လိုအပ်မှ အပြင်ထွက်ခွင့် ပေးထားတယ်။ ဆေးကုသဖို့နဲ့ အသုဘချဖို့ကို အကန့်အသတ်ဖြင့် ခွင့်ပြုတယ်။ တားမြစ်ချက် ချိုးဖောက်ရင် ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်။
အထည်ချုပ်စက်ရုံတွေ ဆက်လက်လုပ်ကိုင်ဖို့ အထူးကင်းလွတ်ခွင့်ကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အတွက် အထည်ချုပ် အမှာစာတွေမှာ ဇာထိုးထည် knitwear ပိုများလာခဲ့ပြီး ပြည်ပတင်ပို့ပမာဏက ယမန်နှစ်ကထက် ၃၁ % ပိုများးခဲ့ရာ တန်ဖိုးစုစုပေါင်း ကန်ဒေါ်လာ ၅.၅၈ ဘီလျံအထိ ရောက်ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်က ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးပါတယ်။ အဝတ်အစားပြည်ပတင်ပို့မှု ယခင်နှစ်ကထက် ၁၃% ပိုများခဲ့ပြီး ကန်ဒေါ်လာ ၃၁.၅ ဘီလျံ ရှိပါတယ်။ ဒါပေမဲ့ ကန်ဒေါ်လာ ၃၄.၁၂ ဘီလျံ ရရှိခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ထက်တော့ နည်းနေပါတယ်။ ယမန်နှစ် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ကန်ဒေါ်လာ ၂၇.၉၄ ဘီလျံသာ ရှိခဲ့ပါတယ်။
အထည်ချုပ် စက်ရုံလုပ်ငန်းရှင်တွေက စက်ရုံတွေ ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးဖို့ တောင်းဆိုနေကြပြီး အခုလို စက်ရုံတွေ ပိတ်ထားရင် တစ်နေ့လျှင် ကန်ဒေါ်လာ ၁၁၉.၃၈ သန်း ဆုံးရှုံးနေကြောင်း တင်ပြထားပါတယ်။

Read 716 times
Rate this item
(0 votes)