What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2021 Cannes Film Festival အမြင်ဆန်းတဲ့ ပွဲတက်ဖက်ရှင်များ (၁)

ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ရုပ်ရှင်ပွဲတော် 2021 Cannes Film Festival ကို ယခုနှစ် ဇူလိုင်လ ၆ မှ ၁၇ အထိ ကျင်းပခဲ့ပါတယ်။

အမြင်ဆန်းတဲ့ဖက်ရှင်တွေကို စဲလီတွေ ဆင်မြန်းပြီး ပွဲတက်ခဲ့ကြတာမှာ Bella Hadid နဲ့ Jodie Turner-Smith တို့ အထင်ရှားဆုံး ဖြစ်ခဲ့ပါတယ်။

ကော်ဇောနီပေါ်မှာ ဘယ်လို ဖက်ရှင်တွေ ဝတ်စားဆင်ယင်ပြီး စဲလီတွေ ပွဲတက်ခဲ့ကြသလဲဆိုတာ စုဆောင်းတင်ပြပေးလိုက်ပါတယ်။

01_Tilda_Swinton.jpg

 Tilda Swinton

သူခန္ဓာထက် အများကြီး ကြီးမားနေတဲ့ ရှပ်အင်္ကျီဖြူဖြင့် ပွဲတက်ခဲ့ပါတယ်။

 

 

02_Noemie_Merlant.jpg

Noemie Merlant
ပြင်သစ်မှ နာမည်ကြီး မင်းသမီးက ဘလေဇာကို အတွင်းမှာ ရှပ်အင်္ကျီမပါဘဲ ဝတ်လာတယ်။ ဘလေဇာရဲ့ လက်တွေထဲ သူ့လက်ကို မထည့်ဘဲ တမင်ဖောက်ပေးထားတဲ့ ချိုင်းပေါက်ကနေ အပြင်ကို ထုတ်ထားပြီး ဘလေဇာရဲ့ လက်တွေက တွဲလောင်းကျနေတဲ့စတိုင်ကို မြင်တွေ့ကြရတယ်။

 

03_Bella_Hadid.jpg

Bella Hadid

ဇူလိုင်လ ၆ ရက်မှာ ကော်ဇောနီပေါ်ကို Jean Paul Gaultier ရဲ့ ရှေးဆန်တဲ့ ဖက်ရှင်ဖြင့် ရောက်လာခဲ့ပါတယ်။ လည်ဟိုက်အောက်နိမ့်လွန်းတဲ့ ဝတ်စုံဖြူကြောင့် ဟာလာဟင်းလင်းဖြစ်နေတဲ့ နေရာကို ဇာထည်အနက်ဖြင့် ဖုံးကားပြီး ဇာသားအဆုံးကို ဝတ်စုံဖြူအောက် ထိုးထည့်ပြီး အငြိမ်ဖမ်းထားတယ်။ အဲဒီဇာသားကြဲကြဲ အစရှည်တစ်စကို ဇက်ပိုးကနေ နောက်ကို အရှည်လိုက် ချပြီး အဖြူရဲ့ ဆန့်ကျင်ဘက် အမည်းကို ဖြည့်ထည့်ထားလိုက်တယ်။

 

04_Elena_Lenina.jpg

Elena Lenina

ရုရှားမင်းသမီးက ငွေရောင်ဖက်ရှင် ဆင်မြန်းထားပြီး ခေါင်းပေါ်မှာ ရုပ်တုတစ်ခုလို ဖြစ်နေတဲ့ ဒီဇိုင်းတစ်ခု ဆောင်းထားတယ်။ ခါးမှာ ငွေရောင်ပြောင်သား ခါးပတ် ဗြက်ကျယ်ကျယ် ပတ်ထားတယ်။ အဲဒီခါးပတ်က ပခုံးတစ်ဖက်ကိုပါ ထောင်လိုက်အပြားအဖြစ်ဖြင့် သိုင်းပတ်ပေးထားတယ်။ ဝတ်စုံက ခြေဖျားကို ကျော်ပြီး ကြမ်းပြင်မှာ ပုံကျနေတယ်။

 

05_Ester_Expósito.jpg

 

Ester Expósito
စပိန်မင်းသမီးက ခရမ်းရောင်ဝတ်စုံ ဆင်မြန်းထားပြီး ကိုယ်အပေါ်ပိုင်းမှာ ရင်သားလုံရုံမျှသာ ဝတ်စားဆင်ယင်ထားတယ်။ ဝမ်းဗိုက်သားကို မြင်ချင်တဲ့သူတွေ ကြည့်လို့ရအောင် ပြသပေးထားတယ်။

 

06_Didi_Stone.jpg

Didi Stone
ဆွတ်ဆွတ်ဖြူနေတဲ့ ဝတ်စုံမှာ လက်တွေကို အလှဖော်ကျူးပေးထားတယ်။ စကပ်ဖြူရဲ့ အောက်ခြေ ရေသီနားက ရှည်လျားနေပြီး ခြေထောက်တွေကိုတော့ အကွယ်အကာ ပေးမထားဘူး။ အပေါ်ပိုင်းမှာ ထွင်းဖောက်မြင် ပလတ်စတစ်သားကို သုံးထားတယ်။

 

07_Yang_Ge.jpg

Yang Ge

မင်းသမီးက ရိုးရိုးယဉ်ယဉ် အမည်းရောင် အသားထူဝတ်စုံ ဆင်မြန်းထားတယ်။ ခါးမှာ Bulgari အိတ်ကို ခါးပတ်နဲ့ ဝတ်ဆင်ထားတာ စတိုင်လ် ဖြစ်နေစေတယ်။

 

08_Izabel_Goulart.jpg

Izabel Goulart

ဇာသားအမည်း ထက်အောက် ဆင်မြန်းထားတာမှာ အပေါ်ပိုင်းက ဒိုင်းမွန်းပုံဆန်ဆန် ဇာဒိုင်းကာဒီဇိုင်းကို ဆင်မြန်ထားတယ်။ အောက်ပိုင်းမှာတော ဇာသားအလှကွက်တွေကို ငှက်မွေးအမည်းတွေနဲ့ ဒူးခေါင်းအောက်ပိုင်းကို အားဖြည့်ပေးထားတယ်။

 

09_Lenina.jpg

Lenina
ဖက်ရှင်ဒီဇိုင်းနာ Nika Shabashova ရဲ့ လက်ရာ ရွှေဝတ်စုံကို ဆင်မြန်းထားတယ်။ ရင်သားတွေ ရှေ့မှာ ခရုပတ်ခွေထားတဲ့ ဒိုင်းကာဝိုင်းတွေ ပါနေတာက အမြင်ဆန်းနေစေတယ်။

 

10_Jodie_Turner-Smith.jpg

Jodie Turner-Smith
ဗြိတိသျှ မင်းသမီး မော်ဒယ်က ငှက်မွေးဒီဇိုင်း ဝတ်စုံကို ဝတ်ဆင်ထားတယ်။ ငှက်မွေးတွေက အဖြူဆွတ်ဆွတ်ကနေ စတင်ပြီး အောက်ကို ဆင်းသွားတဲ့အခါ အဝါရောင်သို့ ရောင်ပြေးဖြင့် ပြောင်းသွားတယ်။ အပေါ်ပိုင်းမှာ ပခုံးသားတွေ ဖော်ထားပြီး အဖြူပါးပါးကို ဝတ်ဆင်ထားတယ်။ ရင်သားနေရာတွေကိုပဲ ကွက်ပြီး အမည်းနက်နက် ဇကာဒီဇိုင်းဖြင့် ဖုံးကာပေးထားတယ်။

 

11_Catrinel_Marlon.jpg

Catrinel Marlon

ရိုမေးနီးယား မော်ဒယ်က ဖြူဆွတ်တဲ့ ငှက်မွေးအသားပေးတဲ့ ဖက်ရှင်ဒီဇိုင်းကို ဝတ်ဆင်ပြီး ပွဲတက်ခဲ့တယ်။ ရေသီနား ရှည်ရှည်လျားလျား ဝတ်စုံဖားဖားလျားလျားတွေကြားမှာ သူ့ရဲ့ စကပ်တိုတို ဖက်ရှင်ဒီဇိုင်းက အမြင်တစ်မျိုး ထူးနေစေခဲ့ပါတယ်။

Read 789 times
Rate this item
(0 votes)