What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရပ်ပုတဲ့ ပျိုမေများ ရှောင်ဝတ်ရမယ့် ဖက်ရှင်ဒီဇိုင်းများ

ဒီနေ့တော့ အရပ်ပုတဲ့ ပျိုမေတွေအနေနဲ့ ဘယ်လိုဖက်ရှင်မျိုးတွေ ရှောင်ဝတ်ရမလဲ ဆိုတာလေးကို မျှဝေပေးချင်ပါတယ်ရှင်။ ကိုယ်နဲ့လိုက်တယ်လို့ထင်ပြီး ဝတ်လိုက်မှ သူများကြည့်ရင် အဆင်မပြေဖြစ်နေမှာကို ကြောက်တယ်ဆိုရင် အောက်တွင် ပြောပြပေးသွားမယ့် ဒီဇိုင်းတွေကို သတိထားပြီး ရှောင်ဝတ်ပါ။

ကဲ ဘယ်လိုဖက်ရှင်မျိုးတွေ ဖြစ်မလဲ ဆက်ကြည့်ကြရအောင်။

၁။ Tunic Tops
Tunic Tops လို့ခေါ်တဲ့ ဒူးမရောက်တရောက် အဝတ်အစားများ ဟိုမရောက်ဒီမရောက် ခပ်ပွပွ အကျီမျိုးကို အောက်က ဘောင်းဘီတွေဘာတွေနဲ့တွဲဝတ်တာဟာ အရပ်ပုတဲ့ အမျိုးသမီးတွေအတွက် အတော်ကို ကြည့်ရ ဆိုးစေပါတယ်။

၂။ Layer
Layer ဖက်ရှင်လို အထပ်ထပ် ဝတ်စားတာမျိုး၊ အပေါ်ပိုင်းကို သုံးလေးထပ် ဝတ်ရတာမျိုးတွေ ရှောင်ကိုရှောင်ရမှာပါ။ ဒီအချက်ကတော့ အထူးတလည် သတိပေးစရာ မလိုပါဘူးနော်။ အရပ်ပုရတဲ့ကြားထဲ အပေါ်ပိုင်းကို စုပြုံထပ်ပြီး ဝတ်ထားရင် ဘယ်လိုမှကြည့်ကောင်းမှာ မဟုတ်ပါဘူး။

၃။ Shirtdress
ရှပ်အကျီကိုမှ ခပ်ရှည်ရှည် dress ပုံစံချုပ်ထားတဲ့ Shirtdress တွေ မဝတ်ပါနဲ့။ အရပ်ပုတဲ့သူတွေအတွက် ဟိုမရောက် ဒီမရောက် ဒီဖက်ရှင်က ပိုပုသွားသယောင် ထင်မြင်နိုင်စေတာကြောင့်ပါ။

၄။ Boxy Top
အပေါ်ပိုင်းအကျီကို ခပ်ပွပွ၊ ကားကားနဲ့ တိုတို ဒီဇိုင်းမျိုးတွေ ရှောင်ရပါမယ်။ သူ့ကို Boxy Top လို့ ခေါ်ကြပါတယ်။ အရပ်ပုတဲ့ သူတွေအတွက် ခန္ဓာကိုယ်အချိုးအစား ပိုပေါ်လေ ကောင်းလေပါပဲ။

၅။ အပြောင်အလက်အစ
ပိုးသားလို အပြောင်စမျိုးနဲ့ ချုပ်လုပ်ထားတဲ့ ခပ်ပွပွ ဘောင်းဘီမျိုးတွေလည်း အရပ်ပုတဲ့သူတွေနဲ့ အဆင်မပြေနိုင်ပါဘူး။ သင့်ကို ပိုပုသလို ထင်သွားစေတဲ့ အရာမို့ တတ်နိုင်သမျှ ရှောင်ဝတ်ပါ။

၆။ Midi စကတ်
ခြေမျက်စိလောက်ရှည်တဲ့ ပွပွကားကား စကတ်တွေကလည်း အရပ်ပုတဲ့ ပျိုမေတွေ ဘိုင်ဘိုင်လို့ နှုတ်ဆက်သင့်တဲ့ စကတ်မျိုးတွေပါ။ Midi Skirt လိုဟာမျိုးတွေပေါ့။ အရမ်းဝတ်ချင်တယ်ဆိုရင်တော့ အောက်က ဒေါက်အမြင့်နဲ့ ဝတ်ဖို့လိုပါတယ်။

၇။ ကွာတားဘောင်းဘီ
ငယ်ငယ်တုန်းက တော်တော်လေး ခေတ်စားခဲ့တဲ့ သရီးကွာတားဘောင်းဘီလေးတွေ မှတ်မိကြသေးတယ်ဟုတ်။ အဲ့ဒီဘောင်းဘီမျိုးတွေကလည်း အရပ်ပုတဲ့သူတွေ ရှောင်ရမယ့် ဘောင်းဘီအမျိုးအစားတွေနော်။

၈။ တစ်ဆက်တည်း Jumpsuit
တစ်ဆက်တည်း Jumpsuitတွေ၊ အပွင့်ရိုက်ဒီဇိုင်းတွေနဲ့ Jumpsuit တွေကလည်း သင့်ကို ပိုကြည့်ရရှုပ်သွားစေပြီး ပုသယောင်ဖြစ်သွားစေတာကြောင့် ရှောင်ဝတ်ပါ။

၉။ ဘောင်းဘီအပွကြီးတွေ
ဘောင်းဘီပွပွကြီးတွေ သူများဝတ်ရင် လှသလိုလို ရှိပေမယ့် အရပ်ပုတဲ့ ပျိုမေတွေကတော့ အဲ့ဒီလို ဂျင်းဘောင်းဘီ ခပ်ပွပွတွေကို မရွေးချယ်တာ အကောင်းဆုံးပါပဲ။

ကဲ ခုပြောပြပေထားတဲ့ ဒီဇိုင်းတွေကို သတိထားပြီး ရှောင်ဝတ်မယ် ဆိုရင်တော့ အရပ်ပုတဲ့ ပျိုမေတွေအတွက် တော်တော်လေး ဖက်ရှင်ကျပြီး လန်းနေတော့မှာနော်။

Read 1129 times
Rate this item
(0 votes)