What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြည်တွင်းရှိ အထည်ချုပ်အလုပ်သမားများအား ဥရောပသမဂ္ဂ၏ ''မြန်ကူ" အစီအစဉ်မှ ယူရိုငွေ ၅ သန်း ထပ်မံထောက်ပံ့မည်

ကိုဗစ်ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အလုပ်အကိုင်အခက်အခဲ ကြုံတွေ့နေကြသော အထည်ချုပ်အလုပ်သမားများအား

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU in Myanmar) မှနေ၍ ၂၀၂၁ ခုနှစ် တွင်လည်း ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် စက်ရုံ၊အလုပ်ရုံများ ပိတ်ခဲ့သည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားသော အထည်ချုပ်လုပ်သားများကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ "မြန်ကူ" အစီအစဉ်မှနေ၍ ယူရိုငွေ ၅ သန်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ယခု ၂၀၂၁ ခုနှစ်တွင်လည်း နောက်ထပ် ယူရိုငွေ ၅ သန်း ထပ်မံထောက်ပံ့ပေးအပ်ရန် စီစဉ်ထားကြောင်း အဆိုပါ "မြန်ကူ" အစီအစဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု စတင်ဖြစ်ပွားပြီးနောက် EU in Myanmar အနေနှင့် ပြည်တွင်းရှိ အထည်ချုပ်၊ အထည်အလိပ်၊ အိတ်နှင့် ဖိနပ်ထုတ်လုပ်ရေး လုပ်ငန်းများမှ အလုပ်လက်မဲ့ဖြစ်ခဲ့ကြသော အလုပ်သမားများ၊ အလုပ်အကိုင်အခက်အခဲ ရှိခဲ့ကြသော အလုပ်သမားများအား ၂၀၂၀ ပြည့်နှစ်၊ မေလမှစ၍ နှစ်ကုန်ပိုင်းအထိ စုစုပေါင်းယူရိုငွေ ၅ သန်းအထိ ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယခုနှစ်တွင်လည်း နောက်ထပ် ယူရိုငွေ ၅ သန်း ထပ်မံထောက်ပံ့ပေးအပ်ရန် စီစဉ်ထားပြီး ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်တွင်းရှိ သက်ဆိုင်ရာ အစိုးရဌာနများ၊ အလုပ်သမားများအရေး ကူညီဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

myotaw.news

Read 888 times
Rate this item
(0 votes)