What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်အရင်ကလုံး၀မကြားဖူးခဲ့တဲ့ နာမည်အကြီးဆုံး ဖက်ရှင်ဒီဇိုင်နာ ANN LOWE အကြောင်း

google google

ခေတ်အလယ်ပိုင်းလောက်ကတည်းက အထည်ဖြတ်ခြင်း၊ အထည်ချုပ်ခြင်း၊ ဒီဇိုင်းဆွဲခြင်း စသည့်အလုပ်တို့ကို အမျိုးသားများသာ လုပ်ရတဲ့အလုပ်ဟု ယူဆခဲ့ကြပါတယ်။ အမျိုးသမီးများကတော့ ဒီဇိုင်နာအမျိုးသားများရဲ့ လက်အောက်တွင်သာ အကူအဖြစ်လုပ်ခဲ့ကြရပါတယ်။

၁၆၇၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိအထည်ချုပ်အမျိုးသမီးများက  ဖက်ရှင်လုပ်ငန်းတွင် အဝတ်အစားများချုပ်လုပ်ခွင့်အတွက် တန်းတူအခွင့်အရေးရရန် အလုပ်သမား အစည်းအရုံးတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ခုနှစ် အစီရင်ခံစာတွင် ဖက်ရှင်brandတွေရဲ့ ၁၄%ဟာ  အမျိုးသမီးများဖြင့် အလုပ်လုပ်နေကြောင်း တွေ့ရပါတယ်။

Peabody Essex လို့ခေါ်တဲ့ဖက်ရှင်ပြတိုက်ရဲ့ ပြတိုက်မှူး Petra Slinkard က “ ဖက်ရှင်ဒီဇိုင်းအလုပ်ကို အမျိုးသမီးတွေဘာလို့ စိတ်ဝင်စားကြသလဲဆိုတာကို ကျွန်မစဉ်းစားမိပါတယ်။ သမိုင်းကြောင်းအရတော့ အထည်ချုပ်ခြင်းဟာ အမျိုးသမီးများအတွက် လူမှုရေးအရလက်ခံနိုင်သော အလုပ်အကိုင်တစ်ခုမဟုတ်ခဲ့ပါ။ သို့သော်အမျိုးသမီးလုပ်သားများသည် အန္တရာယ်အရှိဆုံးအလုပ်ကို မကြာခဏလုပ်လေ့ရှိကြပါတယ်။ ပြင်သစ်နိုင်ငံရှိအထည်ချုပ်အမျိုးသမီးများ အလုပ်သမားအစည်းအရုံး တည်ထောင်ပြီး ရာစုနှစ် နှစ်ခုအကြာတွင် နယူးယောက်မြို့ Triangle Shirtwaist Factory မီးလောင်မှုကြောင့် အမျိုးသမီးအလုပ်သမား ၁၄၅ ဦး သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းတွင် အထည်ချုပ်လုပ်သား သန်း ၄၀ အနက် ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ကမ္ဘာပေါ်တွင်လခအနိမ့်ဆုံးလုပ်သားအချို့လည်း ဖြစ်ပါတယ်။ အလုပ်ရှင်တွေက အမျိုးသမီးတွေမှာ ထောက်ပံ့နိုင်တဲ့ခင်ပွန်းတွေရှိတာကြောင့် နည်းနည်းပဲပေးရမယ်လို့ထင်ကြပါတယ်။ ဒါကအမြဲတမ်းအတွက် မမှန်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ single mother တွေလဲရှိပါသေးတယ်" ဟုပြောပြခဲ့သည်။

Peabody Essex ပြပွဲတွင် သမိုင်းအားဖြင့် အကြီးအကျယ်လျစ်လျူရှုခံခဲ့ရပြီး မေ့လျော့ခံခဲ့ရသော အမျိုးသမီးများစွာရဲ့ ကြိုးစားမှုလက်ရာများကို ဖက်ရှင်အဖြစ်အသွင်ပြောင်းပြီးပြသခဲ့ပါတယ်။ ဒီနေ့တော့ ထိုအမျိုးသမီးတွေထဲက တစ်ယောက်အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ANN LOWE

Lowe ကို ၁၈၉၈ခုနှစ်တွင် Alabama ကျေးလက်ဒေသမှာ မွေးဖွားခဲ့ပါတယ်။ သူမသည် သူမရဲ့ မိခင်နှင့်အဖွားတို့ထံမှ အထည်ချုပ်ပညာကိုသင်ယူခဲ့ပါတယ်။ ၁၉၁၇ တွင်တော့ နယူးယောက်ရှိ Taylor ဒီဇိုင်းကျောင်းတွင် ဒီဇိုင်းပညာသင်ယူခဲ့ပါတယ်။ သူမသည်လူမည်းဖြစ်သောကြောင့် ခွဲခြားဆက်ဆံခံရပြီး သူမရဲ့စာသင်ခန်းသီးသန့်မှာဘဲ သင်ယူခွင့်ရခဲ့ပါတယ်။ သို့သော် သူမရဲ့ဒီဇိုင်းများမှာအလွန်ကောင်းမွန်သောကြောင့် နောင်လာမည့်ကျောင်းသားများအတွက်ပါ စံပြဖြစ်ခဲ့ပါတယ်။

စိန်ခေါ်မှုများ၊ အနှိမ်ခံရမှုများရှိသော်လည်း Lowe သည် အောင်မြင်အောင် ကြိုးစားခဲ့ပါတယ်။ သူမသည် Madison ရိပ်သာလမ်းတွင် ပထမဆုံးလူမည်းပိုင် ဖက်ရှင်ဆိုင်ကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သူမဘဝတစ်လျှောက်လုံးတွင် ကျော်ကြားသောအမျိုးသမီးများစွာရဲ့ ဝတ်စုံတွေကို ဖန်တီးချူပ်လုပ်ပေးခဲ့သော်လည်း လူအများရဲ့ အသိအမှတ်ပြုခြင်းကို မခံခဲ့ရပါ။ သူမသည် ၁၉၄၆ ခုနှစ် ရုပ်ရှင်အကယ်ဒမီပွဲတွင် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု ရရှိသူ Olivia de Havillandဝတ်ဆင်ရန်  ပွဲတက်ဝတ်စုံချုပ်ပေးခဲ့ပါတယ်။ သို့သော် ၀တ်စုံတံဆိပ်ပေါ်တွင် Loweရဲ့ အမည်အစား“ Sonia Rosenberg” ဆိုသည့် စတိုးဆိုင်နာမည်ကိုသာ ရေးသားခဲ့ပါတယ်။

Lowe သည် ၁၉၅၂ ခုနှစ်တွင်  Jackie Kennedyရဲ့ မင်္ဂလာဆောင် ၀တ်စုံကိုလည်း ကိုယ်တိုင်ဒီဇိုင်းဆွဲချုပ်ပေးခဲ့ပါတယ်။ သို့သော်လည်း သူမသည် လူတွေရဲ့ အသိအမှတ်ပြုခြင်းကိုမခံရဘဲ သူမနဲ့ခေတ်ပြိုင်ဒီဇိုင်နာများဖြစ်ကြသော Christian Dior နဲ့ Yves Saint Laurentကိုသာ လူသိများလက်ခံကြပါတယ်။

Ref : most-influential-fashion-designers-youve-never

By Thadar(Myanmar textile & garment guide)

Read 970 times
Rate this item
(0 votes)