What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်အရင်ကလုံး၀မကြားဖူးခဲ့တဲ့ နာမည်အကြီးဆုံး ဖက်ရှင်ဒီဇိုင်နာLUCY DUFF GORDONအကြောင်း

ခေတ်အလယ်ပိုင်းလောက်ကတည်းက အထည်ဖြတ်ခြင်း၊ အထည်ချုပ်ခြင်း၊ ဒီဇိုင်းဆွဲခြင်း စသည့်အလုပ်တို့ကို အမျိုးသားများသာ လုပ်ရတဲ့အလုပ်ဟု ယူဆခဲ့ကြပါတယ်။

 

အမျိုးသမီးများကတော့ ဒီဇိုင်နာအမျိုးသားများရဲ့ လက်အောက်တွင်သာ အကူအဖြစ်လုပ်ခဲ့ကြရပါတယ်။ ၁၆၇၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိအထည်ချုပ်အမျိုးသမီးများက  ဖက်ရှင်လုပ်ငန်းတွင် အဝတ်အစားများချုပ်လုပ်ခွင့်အတွက် တန်းတူအခွင့်အရေးရရန် အလုပ်သမား အစည်းအရုံးတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ခုနှစ် အစီရင်ခံစာတွင် ဖက်ရှင်brandတွေရဲ့ ၁၄%ဟာ  အမျိုးသမီးများဖြင့် အလုပ်လုပ်နေကြောင်း တွေ့ရပါတယ်။

 

Peabody Essex လို့ခေါ်တဲ့ဖက်ရှင်ပြတိုက်ရဲ့ ပြတိုက်မှူး Petra Slinkard က “ ဖက်ရှင်ဒီဇိုင်းအလုပ်ကို အမျိုးသမီးတွေဘာလို့ စိတ်ဝင်စားကြသလဲဆိုတာကို ကျွန်မစဉ်းစားမိပါတယ်။ သမိုင်းကြောင်းအရတော့ အထည်ချုပ်ခြင်းဟာ အမျိုးသမီးများအတွက် လူမှုရေးအရလက်ခံနိုင်သော အလုပ်အကိုင်တစ်ခုမဟုတ်ခဲ့ပါ။ သို့သော်အမျိုးသမီးလုပ်သားများသည် အန္တရာယ်အရှိဆုံးအလုပ်ကို မကြာခဏလုပ်လေ့ရှိကြပါတယ်။ ပြင်သစ်နိုင်ငံရှိအထည်ချုပ်အမျိုးသမီးများ အလုပ်သမားအစည်းအရုံး တည်ထောင်ပြီး ရာစုနှစ် နှစ်ခုအကြာတွင် နယူးယောက်မြို့ Triangle Shirtwaist Factory မီးလောင်မှုကြောင့် အမျိုးသမီးအလုပ်သမား ၁၄၅ ဦး သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းတွင် အထည်ချုပ်လုပ်သား သန်း ၄၀ အနက် ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ကမ္ဘာပေါ်တွင်လခအနိမ့်ဆုံးလုပ်သားအချို့လည်း ဖြစ်ပါတယ်။ အလုပ်ရှင်တွေက အမျိုးသမီးတွေမှာ ထောက်ပံ့နိုင်တဲ့ခင်ပွန်းတွေရှိတာကြောင့် နည်းနည်းပဲပေးရမယ်လို့ထင်ကြပါတယ်။ ဒါကအမြဲတမ်းအတွက် မမှန်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ single mother တွေလဲရှိပါသေးတယ်" ဟုပြောပြခဲ့သည်။

 

Peabody Essex ပြပွဲတွင် သမိုင်းအားဖြင့် အကြီးအကျယ်လျစ်လျူရှုခံခဲ့ရပြီး မေ့လျော့ခံခဲ့ရသော အမျိုးသမီးများစွာရဲ့ ကြိုးစားမှုလက်ရာများကို ဖက်ရှင်အဖြစ်အသွင်ပြောင်းပြီးပြသခဲ့ပါတယ်။ ဒီနေ့တော့ ထိုအမျိုးသမီးတွေထဲက တစ်ယောက်အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ သူကတော့ LUCY DUFF GORDONဘဲ ဖြစ်ပါတယ်။

 

LUCY DUFF GORDON

ဗြိတိန်ဒီဇိုင်နာGORDONသည် ယနေ့ခေတ် ဖက်ရှင်ရှိုးပွဲများအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် “mannequin parades” ကို ဦးစီးလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ၁၈၉၃ ခုနှစ်တွင် သူမခင်ပွန်းနှင့်ကွာရှင်းပြီး လန်ဒန်တွင် “Maison Lucile” အမည်ရှိ အမျိုးသမီးသီးသန့် ဖက်ရှင်ဆိုင်တစ်ဆိုင်ကိုတည်ထောင်ခဲ့ပါတယ်။ Gordonရဲ့ဆိုင်ဟာ သူများနှင့်မတူသော ထူးခြားတဲ့ ဖက်ရှင်ဒီဇီုင်းအသွင်အပြင်တွေကြောင့် နာမည်ကြီးအောင်မြင်ခဲ့ပါတယ်။

သူမသည် သူမရဲ့ဖက်ရှင်ဒီဇိုင်းတွေကို လူအများကြား ပြသနိုင်ရန်အတွက် သူမရဲ့ဖက်ရှင်ဝတ်စုံများ ၀တ်ဆင်ထားတဲ့ မိန်းမငယ်များကို တေးဂီတနှင့်အလင်းရောင်ပါဝင်သောရှိုးပွဲများတွင် ပါဝင်စေခဲ့ပါတယ်။ ဆယ်စုနှစ်နှစ်ခုအကြာတွင် သူမသည် လန်ဒန်၊ ပါရီ၊ နယူးယောက်နှင့် ချီကာဂိုတို့တွင် ဖက်ရှင်ဆိုင်ခွဲများ ထပ်မံဖွင့်လှစ်ခဲ့ပြီး GORDONရဲ့ ဖက်ရှင်ဆိုင်ဟာ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်မင်းသမီးများနှင့် ချမ်းသာကြွယ်ဝသော အမျိူးသမီးများကြား ရေပန်းစားခဲ့ပါတယ်။

Ref : most-influential-fashion-designers

 

Read 791 times
Rate this item
(0 votes)