What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာရှဖက်ရှင်လောကမှာ နာမည်ကြီးနေတဲ့ Transgender မော်ဒယ် (၅) ယောက်

အာရှနိုင်ငံတော်တော်များများက လိင်ပြောင်း Transgender တွေ အပေါ် လက်မခံကြတာတွေ ရှိပါတယ်။ အခုလည်း သူတို့ရဲ့ ရပ်တည်မှု အပေါ် လက်သင့်မခံကြသူတွေ ရှိနေသေးတယ်ဆိုပေမယ့် လက်ခံအားပေးကြတဲ့သူတွေလည်း ပိုများလာပါပြီ။ အာရှမော်ဒယ် လောက၊ ဖက်ရှင်လောကမှာဆိုရင်တော့ အခုထိ transgender model တွေက နည်းနေတုန်းပါ။

ဒါပေမယ့် အခက်အခဲတွေ အများကြီးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး အာရှ ဖက်ရှင်လောကထဲမှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ကြတဲ့ transgender model တွေလည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ SCMP မှာ အခုလို ဖော်ပြထားပါတယ်။

 

Chella Man

Contact — Chella Man

Model Chella Man Opens Up About Queer Love and Playing Jericho on the  'Titans' | them.

သူကတော့ အမေရိကန် genderqueer YouTuber, မင်းသား, model ၊ artist တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ Chella Man ပါ။ သူ့အသက် ငယ်ငယ်တည်းက လိင်ပြောင်းလဲချင်တဲ့ gender dysphoria ကို ခံစားခဲ့ရပါတယ်။၂၀၁၇ မှာ ပြောင်းလဲမှု ကို စတင်ခဲ့ပါတယ်။ Chella က တော့ DC Comics TV series Titans မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ IMG Models ရဲ့ တရုတ်-ဂျူး LGBTQ+ activist အဖြစ် လည်း ကိုယ်စားပြုသူ တစ်ယောက်ပါ။ ကြော်ငြာမဂ္ဂဇင်းတွေ ဖြစ်တဲ့ Teen Vogue နဲ့ L‘Officiel တို့ မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

 

Geena Rocero

20 Amazing Photos of Beautiful Transgender People Around the Globe -  TJOBBANK

 

Geena Rocero – Beautiful Philippines Transgender Model - TG Beauty

 

နောက်တစ်ယောက်ကတော့ ဖိလစ်ပိုင်- အမေရိကန် မော်ဒယ်တစ်ယောက်ပါ။ အလှမယ်ပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ဒီလောကထဲကို ဝင်လာခဲ့တာပါ။ အသက် ၂၁ နှစ်မှာတော့ Next Model Management နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ The Weeknd ရဲ့ The Knowing ဆိုတဲ့ MV မှာ ပါဝင်ခဲ့ပါတယ်။ Playboy က နေ “playmate of the month” အဖြစ် နဲ့ ရွေးချယ်ခံခဲ့ရပါတယ်။သူမကတော့ World Economic Forum မှာ transgender တွေရဲ့ အခွင့်အရေးအကြောင်း ရဲရဲဝံ့ဝံ့ ထုတ်ပြောခဲ့သူပါ။ အိမ်ဖြူတော်ကိုလည်း ဝင် ရောက်ခဲ့ဖူးပြီး အဲ့ဒီမှာ သမ္မတဟောင်း အိုဘားမားနဲ့ပါ တွေ့ဆုံခဲ့ဖူးပါတယ်။

 

Anjali Lama

Anjali Lama | photoid-1771 - Saptahik

Meet four different LGBTQIA+ creatives who are smashing gender stereotypes

 

Anjali Lama က အရပ် (၅) ပေ (၉)လက်မရှိတဲ့ မော်ဒယ်တစ်ယောက်ပါ။ သူမကတော့ (၂၀၁၇)မှာ India’s Lakmé Fashion Week မှာ ပါဝင် လျှောက်လှမ်းနိုင်ခဲ့သူပါ။ နီပေါ မော်ဒယ် ဖြစ်တဲ့ သူမက တော့ ဆင်းရဲ မွဲတေမှု၊ မိသားစုအရေးကိစ္စတွေ အများကြီးကို ရင်ဆိုင်ရုန်းကန်ခဲ့ရသူပါ။ သူမကတော့ အိန္ဒိယရဲ့ ထိပ်တန်း မော်ဒယ် တစ်ယောက်ပါ။ သူမကတော့ Calvin Klein ရဲ့ 2019 Asia campaign မှာလည်း ပါဝင် ခဲ့ဖူးပါတယ်။ " ငြင်းပယ်မှုတွေ အများကြီးကို ကြံ့ကြံ့ခံ တိုက်ခိုက်ပြီး အိမ်မက်တွေကို မစွန့်လွှတ်ဖို့ ကျွန်မကိုယ် ကျွန်မ ပြောခဲ့တယ်.." လို့ ဆိုပါတယ်။

 

Andrea Razali

 

သူကတော့ ဆေးပညာဆိုင်ရာ ပြောင်းလဲမှုတွေကို အသက် ၂၃ နှစ်မှာ လုပ်ခဲ့ပါတယ်။ စင်ကာပူက Andrea Razali က တော့ Miss International 2020 ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ သူမက တော့ LGBTQ+ အရေး တက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင် ခဲ့ပြီး Brand တွေ အများကြီးနဲ့လည်း လက်တွဲ အလုပ်လုပ်ခဲ့သူပါ။ "တန်းတူညီမျှ ရရှိရေး ဆိုတာက လက်ရှိမှာ ဝေးကွာ လွန်းေ န ပေမယ့် အခက်အခဲတွေ ဆိုတာ တစ်ချိန်မှာ အောင်မြင်မှု တွေ ဖြစ်လာမှာပါ."လို့ ပြောခဲ့ပါတယ်။

 


Treechada Petcharat

Treechada Petcharat – Most Famous Thai Transgender MTF in Pretty Red  Dresses - TG Beauty

Treechada Petcharat's Feet << wikiFeet

 

Picture of Treechada Petcharat

သူလေးကို တော့ မသိသူ ရှားပါတယ်။ ထိုင်းရဲ့ အလှဆုံး transgender အမျိုးသမီးအဖြစ် သတ်မှတ်ခံထားရသူပါ။ တကယ်လည်း အရမ်းကို လှပ ချောမောလွန်းသူပါ။ Treechada Petcharat ကိုတော့ Poyd လို့ လူသိများပါတယ်။ သူမကတော့ Miss International Queen သရဖူကို ၂၀၀၄ မှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဟောင်ကောင် နဲ့ တရုတ် ရုပ်ရှင်ကားတွေ ဖြစ်တဲ့ The White Storm (2013) ၊Insomnia Lover (2016) တို့ မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ Harper’s Bazaar Thailand နဲ့ Milan Fashion Week 2019 တို့မှာ ပါဝင် ခဲ့ဖူးပါတယ်။

 

Myanmar Textile & Garment Guide

Source: SCMP

Read 1077 times
Rate this item
(0 votes)