What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Andhra Pradesh (AP)မှ ရိုးရာရက်ကန်းသမားများနှင့် လက်မှုပညာရှင်များအတွက် နှစ်စဉ် ရူပီ ၁၀၀၀၀ ထောက်ပံ့ပေးမည်

Andhra Pradesh (AP)အစိုးရသည် နှစ်စဉ်ဘဏ်ကနေ ထောက်ပံ့ကြေး အဖြစ် ရူပီ ၁၀၀၀၀ ကို AP State Handloom Weavers Cooperative Society (APCO) နဲ့ Lepakshi တို့၏အွန်လိုင်းစတိုးမှတဆင့် ရိုးရာ ရက်ကန်းသမားများနှင့် လက်မှုပညာရှင်များကို ထောက်ပံ့မည်

ဖြစ်ကြောင်း ဝန်ကြီးချုပ် YS Jagan Mohan Reddy က မကြာသေးမီက ပြောကြားခဲ့တယ်။

 

APCO handloom နဲ့ Lepakshi လက်မှုပစ္စည်းများကို အွန်လိုင်းဈေးကွက်သို့ တင်ခဲ့စဉ်က "သူတို့၏ထုတ်ကုန်များကို Amazon, Flipkart နှင့် အခြား e-commerce ပလက်ဖောင်းများတွင်လည်း ရရှိနိုင်မယ်" လို့ ဆိုပါတယ်။

 

ရက်ကန်းရက်လုပ်သူများနှင့် လက်မှုပညာရှင်များကို ခွဲခြားသတ်မှတ်ပြီး သူတို့ရဲ့အမည်များနှင့် အသေးစိတ်အချက်အလက်များကို စာရင်းပြုစုရန် အတွက် ကျေးလက်စေတနာ့ဝန်ထမ်းများအား ညွှန်ကြားထားကြောင်း ပြည်နယ်အာဏာပိုင်များမှတဆင့် သိရပါတယ်။

 

ရိုးရာရက်ကန်းသမားများနှင့်လက်မှုပညာရှင်များ၏အခြေအနေမှာ ဆိုးရွားလှသည့် အခြေအနေတွင် ရှိနေသည်ကို သတိပြုမိကြပြီး လူမှုဖူလုံရေးအစီအစဉ်ကို လာမယ့်နှစ် ဖေဖော်ဝါရီလတွင် စတင်တော့မှာ ဖြစ်ပါတယ်။

 

Lepakshi တွင် အရောင်းပြခန်း ၁၇ ခုရှိပြီး Kolkata၊ Delhi နှင့် Hyderabad တို့တွင် တစ်ခုစီပါဝင်ကာ လက်မှုလက်ရာအမျိုးမျိုးဖြင့် ပြုလုပ်ထားသော လက်မှုပစ္စည်းများ ၃၅၀ ခန့်ကို e-commerce ဝက်ဘ်ဆိုဒ်ပေါ်တွင်လည်း ပြသထားပါတယ်။

 

By htikehtike (Myanmar Textile & Garment Guide)
Ref: fibre2fashion.com

Read 722 times
Rate this item
(0 votes)