What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာပြည်ဖြစ် မတ်စ် ဆင်မြန်းသည့် ချားမင်းသား

ဗြိတိသျှနန်းဆက် အိမ်ရှေ့စံ ချားမင်းသားကို စတိုင်လှလှ မတ်စ် ဝတ်ဆင်ထားတာ တွေ့ကြရတယ်။

 

အိုင်ယာလန်မြောက်ပိုင်းမှာ အငယ်စားစီးပွားရေးလုပ်ငန်းရှင် တွေနဲ့ လာရောက်တွေ့ဆုံခဲ့ရာမှာ သူက အပြာလွှမ်းတဲ မတ်စ်ကို ဝတ်ဆင်ထားတယ်။ မတ်စ်က စိမ်းပြာရောင် ဖြစ်ပြီး ကုတ်အင်္ကျီက အပြာရောင် ဖြစ်ပါတယ်။

Prince Charles Visits Throne Made for Game of Thrones Party | PEOPLE.com

 

သူက အရောင်ရွေးချယ်ပုံကို ပြောပြတယ်။ အခြေခံ အရောင် သုံးရောင်ဖြစ်တဲ့ နီ စိမ်း ပြာ သုံးရောင်ထဲမှ အရောင်နှစ်ရောင်ကို ရောစပ်ခြင်းဖြင့် ရရှိလာတဲ့ ဖြည့်စွက်အရောင် (complementary colours) ၆ ရောင်ကို သူ ရွေးချယ်လေ့ရှိတယ်တဲ့။

 

"ဖြည့်စွက်အရောင်တွေကိုရွေးချယ်တာဟာ ဆက်စပ် ဝတ်စားဆင်ယင်မှုအတွက် အကောာင်းဆုံး နည်းလမ်းလို့ ကျွန်တော် အမြဲခံစားခဲ့ရတယ်။ လည်စည်း၊ အိတ်ထောင်ထဲ ထည့်တဲ့ လက်ကိုင်ပုဝါ စတာတွေကို ဖြည့်စွက်အရောင် တစ်မျိုးမျိုး သုံးပါတယ်။ အခု မတ်စ်ကိုလည်း အဲဒီအတိုင်း အရောင်ရွေးပါတယ်"လို့ ချားမင်းသားက ရှင်းပြတယ်။

 

"ပိုအရေးကြီးတာ သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတာ ဖြစ်ဖို့ပါပဲ" လို့ သူက ဖြည့်စွက် ပြောကြားပါတယ်။

 

"ပိုအရေးကြီးတာ သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတာ ဖြစ်ဖို့ပါပဲ" လို့ သူက ဖြည့်စွက် ပြောကြားပါတယ်။ သူ ဝတ်ထားတဲ့ မတ်စ်အကြောင်းကိုလည်း ပြောပြတယ်။

 

“ ကျွန်တော် ဝတ်ထားတဲ့ မတ်စ်က မြန်မာနိုင်ငံမှာ အထည်အလိပ် အစီအစဉ်ကို ထောက်ပံ့သော Turquoise Mountain Foundation မှ ဖန်တီးထားတာ ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီမှာ ရှပ်ထုတ်လုပ်သူ Turnbull & Asser အပါအဝင် အလားတူ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ အတော်နည်းတယ်။ Turnbull & Asser က လော့ဒေါင်း ပထမဆုံးလမှာ PPE တွေ အများကြီး ထုတ်လုပ်ခဲ့ပါတယ်"

 

Turquoise Mountain Foundation ကို ၂၀၀၆ ခုနှစ်မှ ချားမင်းသားက ထူထောင်ခဲ့တယ်။ ကိုဗစ်ကပ်ဘေးဖြစ်တဲ့ လောလောဆယ်မှာ လျှော်ဖွပ်ပြီး ပြန်သုံးလို့ ရတဲ့ မတ်စ်အလန်းစားတွေကို မြန်မာပြည်မှ ရက်ကန်းသမားတွေနဲ့ ထုတ်လုပ်နေပါတယ်။ အဲဒီလို ထုတ်လုပ်ထားတဲ့ မတ်စ်ကို ချားမင်းသားက ဆင်မြန်းထားတာ ဖြစ်ပါတယ်။

 

မင်းသားချားလ်စ်၏ မျက်နှာဖုံးကို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ရှိ သစ်သားဘောင်ဖြင့် ရက်တဲ့ ရက်ကန်းဖြစ်ပြီး လက်ရာရှင်ကို နူးနူးပန်လို့ အမည်ရေးထိုးထားပါတယ်။

 

By Myanmar Textile & Garment Guide

Read 923 times
Rate this item
(0 votes)