What's new

×

Warning

JUser: :_load: Unable to load user with ID: 845


CBN က နိုင်ဂျီးရီးယားအထည်ချုပ်လုပ်ငန်း မြှင့်တင်ရန်အတွက် နိုင်ရာ ၂၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့

နိုင်ဂျီးရီးယားဗဟိုဘဏ် (CBN) သည် စက်မှုလုပ်ငန်းတွင် စွက်ဖက်ရေးမူဝါဒ အစီအစဉ် စတင်ကတည်းက ဝါဂွမ်း၊ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်း တန်ဖိုးမြှင့်တင်ရန်အတွက် နိုင်ငံသုံးငွေ နိုင်ရာ ၂၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု မကြာသေးမီကပြောကြားခဲ့ပါတယ်။

 

လယ်သမားဦးရေ ၃၂၀,၀၀၀ ကျော်သည် ၂၀၁၈ ခုနှစ်အထိ ရန်ပုံငွေရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဝါဂွမ်းမျိုးစေ့ထွက်ရန် မျှော်မှန်းထားသည့် ပမာဏမှာ တန်ချိန် ၃၀၀၀၀၀ ကျော်ခန့်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

 

CBN ၏ အဖွဲ့အစည်းဝန်ဆောင်မှုများတာဝန်ခံ ဒုတိယအုပ်ချုပ်ရေးမှူး Edward Adamu က Abuja ရှိ သက်ဆိုင်သူများနှင့် မကြာသေးမီက တွေ့ဆုံမှုတွင် ၎င်းသည် နိုင်ငံအတွင်းရှိ အထည်အလိပ်လုပ်ငန်း၏ချည်မျှင်လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ချည်သားများ တန်ချိန် ၁၀၂၀၀၀ တန် ပိုမိုထုတ်လုပ်ရန် ထုတ်လုပ်သူများ၏ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

 

ပြည်တွင်းဝါဂွမ်း ဝယ်လိုအားကို ပြည်တွင်းထုတ်လုပ်မှုမှတစ်ဆင့် ဖြည့်ဆည်းပေးပြီး ဝါဂွမ်းတင်သွင်းမှုကို ရပ်တန့်စေကာ ယခင်လများနှင့် နှိုင်းယှဉ်လျှင် တစ်နှစ်ပတ်လုံးလည်ပတ်နေသည့် အချောထည်များ စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်ပေးခဲ့တယ်လို့ နိုင်ဂျီးရီးယားမီဒီယာများတွင် ဖော်ပြထားတာ တွေ့ရပါတယ်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်အသက်သွင်းခြင်းခံခဲ့ရပြီး အချောထည်များရနိုင်သော နေရာ ၁၉ ခုလုံးကို ယခုနှစ်တွင် စတင်လည်ပတ်နိုင်မယ်၊ မှောင်ခိုရောင်းဝယ်မှုတိုက်ဖျက်ရေးကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် အပြုသဘောဆောင်သောရလဒ်များထွက်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

 

နိုင်ဂျီးရီးယား အမျိုးသားချည်ထည် အသင်းဥက္ကဋ္ဌ Anibe Achimugu က တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့အားပြိုင်ဆိုင်မှုဆက်လက်ရှိနေရန်အတွက် ပို့ကုန်ဖွံ့ဖြိုးရေးရန်ပုံငွေ (EDF) မှ ရန်ပုံငွေရရှိရန်လိုအပ်ကြောင်း အလေးအနက်ပြောကြားခဲ့ပါတယ်။

 

By htikehtike (Myanmar Textile & Garment Guide)
Ref: fibre2fashion

 
Read 651 times
Rate this item
(0 votes)