What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခရစ်စမတ် ခါတော်မီအထည်ချုပ်အော်ဒါများ တရုတ်နိုင်ငံသို့ ရွှေ့ပြောင်း

အချို့ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များသည် ကူးစက်ရောဂါဖြစ်ပွားမှုကာလအတွင်း အမှာစာများကို ရောင်းအားတက်သည့် ခရစ်စမတ်ကာလအမီ ချုပ်လုပ်ပြီးစီး ထုတ်လုပ်နိုင်စေဖို့ တရုတ်နိုင်ငံသို့ ရွှေ့ပြောင်း မှာကြားကြသည်။

 

တရုတ်နိုင်ငံ Guangdong မှ ထုတ်လုပ်ရေးအချက်အချာရှိ စက်ရုံတစ်ခု သည် အတွင်းခံ အဝတ်အစား ၈၀၀,၀၀၀ အတွက် အမှာစာ ရရှိခဲ့သည်။ ဥရောပသမဂ္ဂဈေးကွက်အတွက် ခရစ်စမတ်အမီ အတွင်းခံ အဝတ်အစားများကို လိုချင်သည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်သူတို့က အချိန်မီ ထုတ်လုပ်ပေးနိုင်သည်။

 

Coronavirus ကူးစက်ပျံ့နှံ့မှုအား မြင့်တက်နေသည့် ကမ္ဘာလုံးဆိုင်ရာအထည်အလိပ်နှင့်အထည်ချုပ်ကုန်ပစ္စည်းကွင်းဆက်သည် ခရစ်စမတ်ကာလအထိ ရောဂါကို တွန်းလှန်နေရသော အခြေအနေမျိုးမှာ ရှိနေနိုင်သည်။ ဥရောပသမဂ္ဂ ဈေးကွက်အတွက် အတွင်းခံအဝတ်အစားများ ထုတ်လုပ်ပေးသော အိန္ဒိယနိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ ကိုဗစ်ကြောင့် ကျဆင်းနေ သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံသို့ အာရုံစူးစိုက်မှုကို ရွှေ့ပြောင်းစေခဲ့သည်။ 

 

Guangdong ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ထုတ်လုပ်မှုအချက်အချာနေရာဖြစ်သော Zhaoqing မြို့တွင် နိုင်ငံရပ်ခြားမှ အရဘည်အသွေးမြင့် နာမည်ကြီးတံဆိပ်များအတွက် ထုတ်လုပ်ပေးနေကျ ဖြစ်သော အတွင်းခံအဝတ်အစားစက်ရုံမှအလုပ်အမှုဆောင်တစ်ဦးက ဧပြီလနှင့်မေလများတွင် ပြည်ပပို့ကုန်အမှာစာမရှိကြောင်း၊ လုပ်သားများ လျှော့ချခဲ့ရကြောင်း၊ သို့သော် သြဂုတ်လနှင့် ပြီးခဲ့သည့်လက အရှေ့တောင်အာရှတွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှုဆက်လက်ဖြစ်ပွားနေသောကြောင့် နိုင်ငံခြားအမှာစာများ သူ့စက်ရုံထံ ပြန်လည်ရောက်ရှိလာသည်ဟု ပြောပြသည်။

 

"အီးယူဈေးကွက်အတွက် လာမယ့်လမှာ အတွင်းခံအဝတ်အစား အစုံပေါင်း ရှစ်သိန်းမှာယူပါတယ်၊ လာမယ့်လမှာ ငါတို့အရမ်းအလုပ်များကြလိမ့်” ဟု မီဒီယာများနှင့်ပြောဆိုခွင့် မရှိသဖြင့် အမည်မဖော်လိုသူ အမှုဆောင် အရာရှိက ပြောကြားခဲ့သည်။

 

ဟောင်ကောင်အခြေစိုက် ဖက်ရှင်ရင်းမြစ်ဖြင့် အသက်မွေးသူ Gaurav Sharma က အိန္ဒိယနိုင်ငံတွင် လော့ဒေါင်းချခြင်းသည် ခရစ်စမတ်အတွက် အမှာစာများပေးပို့ခြင်းကို အကြီးအကျယ်ထိခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ပုံမှန်အားဖြင့် အဝတ်အစားများသည် နိုဝင်ဘာလတွင် မှာကြားသူသူများထံ ရောက်ရှိရန်လိုအပ်သည်။ သို့မှသာ ဒီဇင်ဘာလတွင် စင်တင်ရောင်းချနိုင်ဖို့ အချိန်မီ စီစဉ်နိုင်မည် ဖြစ်သည်။

 

“ အိန္ဒိယ အထည်အလိပ်လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းမှာ ကျွန်တော်နဲ့ အလုပ်လုပ်နေတဲ့လူတိုင်းဟာ ခုခံကာကွယ်မှုပုံစံနဲ့နေနေကြရတယ်။ သူတို့ နှစ်ဖက်စလုံးရှိ ပြဿနာများကို နားလည်ကြတယ်။ တစ်ဖက်မှာ ဖောက်သည်များထံမှ အမှာစာများနည်းပါးလာတယ်။ အခြားတစ်ဖက်မှာ သူတို့သည်ထုတ်လုပ်မှုနှင့်ပတ်သက်လို့ မသေချာဘူး။ လော့ဒေါင်းဖြစ်ခဲ့ရင် အချိန်မီ ထုတ်လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့က ထုတ်လုပ်မှုလိုင်းများကို လျှော့ချထားကြရတယ်။ မြန်မြန်ပြီးမယ့် အမှာစာမျိုးတွေကိုပဲ လက်ခံတယ်။ ကာလတိုအတွင်း အပြီးချုပ်လုပ်ပြီး ထုတ်လုပ်ကြတယ်" ဟု သူကပြောသည်။

 

တရုတ်အဝတ်အထည် တင်ပို့သည့် ထုတ်လုပ်သူ Lisa Cai က လတ်တလောလများအတွင်းမှာဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့်အိန္ဒိယမှ အမှာစာများကို တရုတ်နိုင်ငံမှ ပြန်လည်ရရှိခဲ့သော်လည်း အများစုမှာ လာမည့်ခရစ်စမတ်နှင့် Thanksgiving အားလပ်ရက်များအတွက် ခါတော်မီ ရေတိုမှာယူမှုများဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် အရှေ့တောင်အာရှရှိ ထုတ်လုပ်မှုစွမ်းရည်များ ထိုးကျနေသည်ဟု သူက ထောက်ပြသည်။

 

“ကူးစက်ပျံ့နှံ့တာ ပြီးသွားတာနဲ့ ချက်ချင်းပဲ အဲဒီမှာရှိတဲ့ စက်ရုံတွေဟာ ထုတ်လုပ်မှုကို ပြန်လည်စတင်နိုင်မှာဖြစ်ပြီး တရုတ်ပြည်က မှာယူမှုတွေ အဲဒီကို ပြန်ရောက်ကုန်မယ်"ဟု Cai ကပြောကြားခဲ့သည်။ နောက်ဆုံးတွင် တရုတ်ကုမ္ပဏီများသည် အဝတ်အထည် ထုတ်လုပ်ခြင်းတွင် အလယ်အ လတ်နှင့်အနိမ့်ဆုံး ကုန်ကျစရိတ် အားသာချက်ကို မရရှိထားသဖြင့် အမှာစာများ လာမည်မဟုတ်။ ပိုဆိုးစေသည်မှာ တင်သွင်းသည့် ဈေးကွက်အဝင်တွင် အကောက်ခွန် စည်းကြပ်ရာတွင် သက်ညှာမှု ရရှိထားသော နိုင်ငံများကို ဦးစားပေး ရွေးချယ်ကြခြင်း ဖြစ်သည်။

 

By Myanmar Textile & Garment Guide
Source: scmp.com

Read 857 times
Rate this item
(0 votes)