What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လှိုင်သာယာ AMBERSTONE အထည်ချုပ်စက်ရုံ မှ လုပ်သားအင်အား ၂၇၀ ခန့်လျော့ချ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊စက်မှုဇုန်(၂)ရှိ Amberstone အထည်ချုပ်စက်ရုံသည် EC စာချုပ်အားဖောက်ဖျက်ကာအလုပ်သမားများအားကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်သမား၂၇၀ကိုအလုပ်ရပ်နားလိုက်ကြောင်း ရပ်နားခံရသည့်အလုပ်သမားများမှသိရပါတယ်။

 

"ဒီကာလကြီးမှာကျွန်တော်တို့ကိုအလုပ်လျှော့လိုက်တယ်ဗျာ။အလုပ်လျှော့လိုက်တဲ့လူဦးရေက၂၇၀ပါ။ သူတို့ကတော့ကိုဗစ်ကာလ အော်ဒါမရရှိလို့အလုပ်လူလျှော့ရတယ်လို့ပြောတယ်။ကျွန်တော်တို့အတွက်တော့အများကြီးအခက်အခဲဖြစ်ရတယ်။ဘယ်လိုရှေ့ဆက်လုပ်ရမလဲကိုမသိတော့ဘူး။အလုပ်လူလျှော့တာလည်း လုပ်သက်နဲ့လျှော့တာရယ်မဟုတ်ဘူး သမဂ္ဂအဖွဲ့ဝင်တွေအကုန်ပါတယ်။အလုပ်ထုတ်ခံရတာ "လို့ အလုပ်ရပ်နားခံလိုက်ရတဲ့ Amber stoneအထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဌ ဦးအောင်မျိုးဆန်းကပြောပါတယ်။

 

အဆိုပါကဲ့သို့စက်ရုံလုပ်သားလျှော့ချခြင်းအား ကြိုတင်ထုတ်ပြန်ခြင်းမရှိဘဲစက်တင်ဘာ၂၂ရက်နေ့တွင်စက်ရုံမှအသိပေးခဲ့ခြင်းဖြစ်ပြိး စက်တင်ဘာ၂၄ရက်မှစ၍ ရန်ကုန်မြို့lock downအစီအစဉ်လည်းစတင်မည်ဖြစ်ရာ စက်ရုံများလည်းယာယီပိတ်မည်ဖြစ်၍ အလုပ်သမားများအခက်အခဲများစွာဖြစ်ပေါ်နေကြောင်းသိရပါတယ်။

 

"ကျွန်တော်တို့အဖွဲ့တွေကတော့ အခုလျော်ကြေးမယူကြဘူး။အလဆတို့ အလညတို့မှာအခုတိုင်စာတင်ထားတယ်။အခု lockdown ကာလမှာစားဝတ်နေရေးတွေအဆောင်ကြေးတွေအခက်အခဲအများကြီးဖြစ်မှာပါ။စက်ရုံမှာအခုဆိုလုပ်သား၂၀၀ကျော်ဘဲကျန်ပါတော့တယ်"ဟုဦးအောင်မျိုးဆန်းကပြောပါတယ်။

 

အလုပ်ရှင်အနေဖြင့် အလုပ်ထုတ်ရာတွင် WCC နှင့်ညှိနှိုင်းခြင်းမရှိသည့်အပြင် WCCအဖွဲ့ဝင်များလည်း အင်အားလျှော့ချရာတွင်ပါဝင်နေသဖြင့် EC စာချုပ်ပါအချက်ဖြစ်သော အပိုဒ်(၁၅)(ခ)(၄)နှင့် ကိုက်ညီမှုမရှိကြောင်းတွေ့ရှိရကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထုတ်ပြန်ချက်အရသိရပါတယ်။

Myanmar Labour News

Read 926 times
Rate this item
(1 Vote)
Tagged under