What's new

×

Warning

JUser: :_load: Unable to load user with ID: 845


K Star များနဲ့ သူတို့ရဲ့ Luxury Brands များ (၂)

K Star များနဲ့ သူတို့ရဲ့ Luxury Brands များ (၂) Google

အရင်တုန်းက Luxury Brands တွေက များသောအားဖြင့် နာမည်ကြီးဖက်ရှင်မော်ဒယ်များနဲ့ ဟောလိဝုဒ်အနုပညာရှင်မျာကို Brand Ambassadors များအဖြစ်ခန့်အပ်ပြီး သူတို့ရဲ့ ကုန်ပစ္စည်းများကို ကြော်ငြာစေခဲ့ပါတယ်။

 

သို့သော် မကြာသေးမီနှစ်များအတွင်း တဖြည်းဖြည်းနဲ့ တောင်ကိုရီးယားရဲ့ လူကြိုက်များတဲ့ idol အဖွဲ့ဝင်များနဲ့ နာမည်ကြီး အနုပညာရှင်များကိုပါ Brand Ambassadors များအဖြစ် ခန့်အပ်ရန် တဖြည်းဖြည်းပြောင်းလဲလာကြပါတယ်။

 

သင် ကြိုက်နှစ်သက်တဲ့ K-Star တွေနဲ့ သူတို့ရဲ့ ကိုယ်စားပြုထားတဲ့ Brands တွေကို လေ့လာစစ်ဆေးကြည့်ရအောင်..။

 

Park Min-young (အတွင်းရေးမှုးကင်) ရဲ့ TOD'S 

korean_stars_6.jpg

Min-young (သို့) Rachel Park သည် “What’s Wrong with Secretary Kim?” နဲ့ “Her Private Life” ဇာတ်လမ်းတွဲများတွင် ကျော်ကြားလာတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ Min Young ဟာဆိုရင် ၂၀၂၀ ခုနှစ် Tod’s ၏ အသစ်ခန့်အပ်ခြင်း ခံရတဲ့ တောင်ကိုရီးယား Ambassador တစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့သည့်နှစ်က Brand's ပြပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး ယခုနှစ်အစောပိုင်းက ၎င်း၏ဆောင်းဦးရာသီ/ ဆောင်းရာသီ အမျိုးသမီးများ ဖက်ရှင်ပြပွဲသို့လည်း တက်ရောက်ခဲ့ပါတယ်။

 

GOT7 အဖွဲ့ဝင် Jackson Wang ရဲ့ Cartier 

korean_stars7.jpg

Jackson ဟာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် Pasha de Cartier စတင်ဖြန့်ဖြူးဖို့ အတွက် Pasha Community နဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ Rami Malek, Troye Sivan, Willow Smith နဲ့ Maisie Williams တို့လည်း ပါဝင်ခဲ့ကြပါတယ်။ ပြီးခဲ့သည့်နှစ်လယ်ပိုင်းတွင် Jackson သည် Juste un Clou Brand စုစည်းမှုများတွင်လည်း ပါဝင်ခဲ့ပါတယ်။

 

Park Seo-joon (ဒု-ဥက္ကဌ) ရဲ့ Montblanc

korean_stars8.jpg

Park Seo-joon သည် ၂၀၁၈ ခုနှစ်ထဲက ကိုရီးယား Brand Ambassador ဖြစ်လာပြီး German Watch Brand နဲ့အတူ အလုပ်တွဲလုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူသည် Montblanc Watch နဲ့ သူငယ်ချင်းလို့ ယူဆရအောင်ကို သူ့ရဲ့ shooting နဲ့ personal ခရီးသွားတဲ့အခါ ဝတ်ဆင်လေ့ရှိပါတယ်။

သူ့ရဲ့ ဒရာမာဇာတ်လမ်းအတွက် ဝတ်ဆင်တာမဟုတ်ဘူးလို့တော့ သိရပါတယ်။

 

Irene(Bae Joo-hyun) ရဲ့ Red Velvet for Clinique

korean_stars_1.jpg

Irene ဟာ Clinique ရဲ့ အာရှပစိဖိတ်ဒေသကိုယ်စားပြု Newest Ambassador အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ Clinique ဟာ Irene နှင့် လက်တွဲခဲ့ပြီး Clinique ထုတ်ကုန်များမှာ သူမရဲ့ အသားအရေကို ကျန်းမာစေပြီးတောက်ပမှုကိုထိန်းသိမ်းပေးပါတယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

 

By Sandy (Myanmar Textile & Garment Guide)

Ref: manilastandard.net

Read 784 times
Rate this item
(0 votes)