What's new

×

Warning

JUser: :_load: Unable to load user with ID: 845


K Star များနဲ့ သူတို့ရဲ့ Luxury Brands များ (၁)

K Star များနဲ့ သူတို့ရဲ့ Luxury Brands များ (၁) Google

အရင်တုန်းက Luxury Brands တွေက များသောအားဖြင့် နာမည်ကြီးဖက်ရှင်မော်ဒယ်များနဲ့ ဟောလိဝုဒ်အနုပညာရှင်မျာကို Brand Ambassadors များအဖြစ်ခန့်အပ်ပြီး သူတို့ရဲ့ ကုန်ပစ္စည်းများကို ကြော်ငြာစေခဲ့ပါတယ်။

 

သို့သော် မကြာသေးမီနှစ်များအတွင်း တောင်ကိုရီးယားရဲ့ လူကြိုက်များတဲ့ idol အဖွဲ့ဝင်များနဲ့ နာမည်ကြီး အနုပညာရှင်များကိုပါ Brand Ambassadors များအဖြစ် ခန့်အပ်ရန် တဖြည်းဖြည်းပြောင်းလဲလာကြပါတယ်။

 

သင် ကြိုက်နှစ်သက်တဲ့ K-Star တွေနဲ့ သူတို့ရဲ့ ကိုယ်စားပြုထားတဲ့ Brands တွေကို လေ့လာစစ်ဆေးကြည့်ရအောင်..။

 

BLACKPINK အဖွဲ့ဝင် Rosé ရဲ့ Saint Laurent 

korean_stars.jpg

Rosé ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ သူမရဲ့ ပထမဆုံး Saint Laurent ပြပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲ့အချိန်ကနေစပြီး Rosé ဟာ Fashion Week တွေမှာ Saint Laurent Brand ရဲ့ ဖက်ရှင်မော်ဒယ် ဖြစ်လာခဲ့ပါတယ်။ သူမဟာ Saint Laurent ရဲ့ မျက်နှာသစ်မော်ဒယ်အဖြစ် မကြော်ငြာခင်ကတည်းက Saint Laurent ရဲ့ Creative Director ဖြစ်တဲ့ Anthony Vacarello ထက် Saint Laurent ရဲ့ ကြော်ငြာများကို အရင် ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။

 

Song Hye-kyo (အွန်စော) ရဲ့ Bottega Veneta

korean_stars2.jpg

ကိုးရီးယားတွင်သာမက မြန်မာနိုင်ငံမှာပါ တစ်ခက်နက် အားပေးခံရတဲ့ Song Hye-kyo (အွန်စော) ကတော့ ဖေဖော်ဝါရီလတွင် မီလန်၌ ကျင်းပခဲ့တဲ့ ဆောင်းဦးရာသီ / ဆောင်းရာသီ Brands 2020 ပြပွဲကို တောင်ကိုရီးယားနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးနောက် 2020 နွေဦးရာသီနဲ့ နွေရာသီ Brands စုစည်းမှုများအတွက် Bottega Veneta Brand ၏ La Donna Che Amiamo (The We We Love) ဖက်ရှင်ကြော်ငြာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

 

EXO အဖွဲ့ဝင် Kai (Kim Jongin) ရဲ့ Gucci

korean_stars3.jpg

EXO's Kai ကတော့ အီတလီနိုင်ငံထုတ် ကုန်ပစ္စည်းရဲ့ ပထမဆုံးသော ကိုရီးယားမော်ဒယ်ဖြစ်ပြီး Brand Ambassador တစ်ယောက်လည်း ဖြစ်ပါတယ်။ သူသည် ၂၀၁၉ ခုနှစ် Gucci ၏ ဆောင်းဦးရာသီ ကြော်ငြာတွင် ပါဝင်ခဲ့ပြီး မကြာသေးမီက ၂၀၂၀ နွေဦးရာသီ / နွေရာသီ၏ မျက်မှန်ကြော်ငြာတွင်လည်း မော်ဒယ်အဖြစ် ပါဝင်ရိုက်ကူးပေးခဲ့ပါတယ်။

 

Jun Ji-Hyun ရဲ့ အလက်ဇန်းဒါး McQueen 

korean_stars_4.jpg

The “Sassy Girl” ရဲ့ မင်းသမီး Jun Ji-Hyun ဟာဆိုရင် Alexander McQueen ရဲ့ ပထမဆုံးသော ကိုရီးယားသရုပ်ဆောင် Brand Ambassador တစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သူမရဲ့ဆွဲဆောင်နိုင်မှုနဲ့ စွယ်စုံသရုပ်ဆောင်နိုင်မှုတို့ကြောင့် The British Luxury House ရဲ့ မင်းသမီးတစ်ယောက်အဖြစ် အလွန်လိုက်ဖက်မှုရှိလှပါတယ်။ သူမသည် ထို Brand ၏ ၂၀၂၀ ဆောင်းဦးရာသီပွဲတွင် ပထမဆုံး ထင်ရှားခဲ့တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

 

EXO အဖွဲ့ဝင် Lay (Zhang Yixing) ရဲ့ Calvin Klein Jeans နဲ့ MAC Cosmetics

korean_stars5.jpg

Lay သည် Calvin Klein Jeans ရဲ့ 'Deal With It' 2020 နွေဦး/နွေရာသီလှုပ်ရှားမှုတွင် Kendall Jenner၊ Justin Bieber၊ Maluma နှင့် အခြားနာမည်ကြီးများနဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ် တရုတ်နိုင်ငံတွင် MAC Cosmetics ရဲ့ ပထမဆုံးပြောရေးဆိုခွင့်ရှိသူဖြစ်လာခဲ့ပြီး နောက်တစ်နှစ်မပြည့်ခင်မှာပဲ Asia Pacific ရဲ့ Ambassador တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Lay သည် Brand's Global Ambassador အဖြစ် ဆက်ပြီး မှတ်တမ်းတင်ကျန်နေဆဲ ဖြစ်ပါတယ်။

 

By HtikeHtike (Myanmar Textile & Garment Guide)

Ref: manilastandard.net

 
Read 824 times
Rate this item
(0 votes)
Tagged under