What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားနဲ့ အထည်အလိပ် ပွဲတော် MTG ၂၀၂၀ ဒီဇင်ဘာလတွင် ကျင်းပမည်

၂၀၂၀ ခုနှစ်အဝတ်အစားနဲ့ အထည်အလိပ် ပွဲတော် Myanmar Int'l Textile & Garment Industry Exhibition ( MTG 2020 )ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ထိ Yorkers Exhibition Services ( Myanmar ) Co.ltd မှ စီစဉ် ပြုလုပ်ပြီး ၉,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသည့် အင်းယားလိပ်ဟိုတယ်ဝင်း၊ အမှတ် (၃၇)၊ ကမ္ဘာအေးဘုရားလမ်းရှိ YCC ခန်းမတွင် ကျင်းပသွားမည် ဖြစ်သည်။

 

MTG ပွဲတိုင်းမှာ အရောင်အသွေးစုံလင်လှတဲ့ Brand များကို တစ်နေရာထဲမှာတစ်စုတစ်စည်းတည်း တွေ့နိုင်မည့်အပြင် မြန်မာ့ ဈေးကွက်မှာ ပေါက်ရောက်နေတဲ့ နိုင်ငံတကာမှ Brand ‌တွေကိုပါ တွေ့ရမှာဖြစ်ပါတယ်။


MTG မှာ နိုင်ငံ ၁၃ နိုင်ငံမှ နိုင်ငံတကာ Brand ၁၃၅ ခု ပါဝင်မှာဖြစ်ပြီး ၉၀၀၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ ပွဲကျင်းပရာ ခန်းမမှာ ကျင်းပသွားမှာပါ။ကျန်းမာရေး လုံခြုံမှုကို အဓိကထားပွဲစီမံမှာဖြစ်ပြီး YCC ခန်းမ ထဲကို ကလေးငယ်များခေါ်လာ၍မရဘူးလို့သိရပါတယ်။


နောက်ဆုံးရက်မှာ တော့ ညနေ ၄ နာရီ နဲ့ ပွဲပိတ်သိမ်းမယ်သိရပြီး အခြားရက်များကို မနက် ၁၀ နာရီကနေ ညနေ ၅ နာရီခွဲထိ ပွဲကျင်းပါ့မယ်သိရပါတယ်။Yangon Convention Center ( YCC ) ခန်းမကတော့ အင်းယားလိပ်ဟော်တယ်ဝင်း အတွင်းမှာ ရှိပြီး ၊ အမှတ် ၃၇ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့မှာပါ။


အသေးစိတ်သိရှိလိုပါက ဒီပုံကို ထိပါ >>>

By Myanmar Textile & Garment Guide

Read 1457 times
Rate this item
(2 votes)