What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိန်တဲ့ ယောက်ျားလေးတွေအတွက် ဖက်ရှင် Tips

ပိန်တဲ့ ယောက်ျားလေးတွေအတွက် ဖက်ရှင် Tips Google

ယောက်ကျားလေးဆိုရင် ကြွက်သားအဖုအထစ်တွေနဲ့ Body လှမှ၊ 6 Packs ရှိမှ ကြည့်ကောင်းတယ်ဆိုတာမျိုး မဟုတ်ပါဘူးနော်။

 

ပိန်တဲ့ကောင်လေးတွေဟာလည်း ဝတ်တတ်စားတတ်ရင် စမတ်ကျပြီးကြည့်ကောင်းတဲ့ကောင်လေးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပိန်တဲ့ဘဲလေးတွေနဲ့ ဘယ်လိုဖက်ရှင်တွေသင့်တော်လဲဆိုတာတစ်ချက် လေ့လာကြည့်ပါဦး။

 

Fit Size ဖြစ်အောင်ရွေးချယ်ပါ။

 

urban outfitters red salt valley buffalo plaid flannel button down shirt product 1 16287288 3 042288896 normal

 

အဝတ်အစားရွေးချယ်ရာမှာ ကိုယ်နဲ့ကွက်တိကျတာ၊ Fit Size ဖြစ်တာကို ရွေးတတ်ဖို့လိုပါတယ်။

 

နည်းနည်းလေးပွတာတို့၊ ပခုံးကွက်တိမကျတာတို့ဆိုရင် ခန္ဓာကိုယ်သေးမှန်း သိသာစေပါတယ်။

 

ကော်လံပါတဲ့ ရှပ်အကျီပဲဖြစ်ဖြစ် တီရှပ်ပဲဖြစ်ဖြစ် ပခုံးကွက်တိ၊ ခါးအရှည်ကွက်တိကျတာမျိုး ရွေးချယ်မှသာ အဆင်ပြေပါလိမ့်မယ်၊

 

V Shape လည်ပင်းရွေးချယ်ခြင်း

 

Contrast Piping V Shape Pleating Shirt Wedding Party Club Shirt ...

 

ကိုယ်ကသန်မာထွားကျိုင်းတဲ့ပုံပေါက်အောင် ကုတ်အကျီဝတ်တဲ့အခါ ပခုံးတင်တဲ့ပုံစံမျိုးနဲ့ ပခုံးနေရာလျှောမနေတဲ့ ပခုံးအထောင်ကိုရွေးသင့်ပါတယ်။

 

လည်ပင်းပုံစံကိုလည်း V Shape ရွေးသင့်ပါတယ်။ V Shape က သန်မာတဲ့ယောက်ကျားတစ်ယောက်ကို ကိုယ်စားပြုပါတယ်တဲ့။

 

ဒါကြောင့် V Shape လည်ပင်းပုံဝတ်ဆင်တဲ့အခါ ပခုံးကြီးလာပြီး ခန္ဓာကိုယ်ထွားသယောင်ဖြစ်လာစေပါတယ်။

 

ပိန်တဲ့ယောက်ျားလေးတွေ သတိထားသင့်တဲ့အရာပါ။

 

အထပ်ထပ်ဝတ်ဆင်ပါ

 

A consignment shop in Rapid City, SD. - Wear It Again Sam

 

ပိန်တဲ့သူတွေရဲ့အားသာချက်က ကာလာအတွဲအစပ်လေးတွေနဲ့ အထပ်ထပ်ဝတ်ဆင်နိုင်တာပါ။

 

စွပ်ကျယ်တစ်ထည် တီရှပ်တစ်ထည်တည်းဝတ်တာထက် တီရှပ်ပေါ်မှာ ကော်လံပါတဲ့ ရှပ်အကျီထပ်ဝတ်တာမျိုး၊ ဆွယ်တာတွေ ကုတ်တွေနဲ့တွဲဖက်ဝတ်ဆင်တာမျိုး လုပ်နိုင်ပါတယ်။

 

ကိုယ်ဝတ်ဆင်လိုတဲ့အရောင် အနုအရင့်ကို တွဲစပ်ဝတ်ဆင်တဲ့အခါ ဖက်ရှင်လည်းကျသလို ကိုယ်လုံးသေးတာကိုလည်းဖုံးကွယ်နိုင်ပါတယ်။

 

အရောင်ကို အလေးပေးသင့်ပါတယ်

 

MENS PREMIER LONG SLEEVE POPLIN SHIRT • Plain Work • 22 COLOURS ...

 

ဝတဲ့သူတွေ ပိန်ဖို့ဆိုရင် အနက်ရောင်နဲ့အခြားအရောင်ရင့်ရင့်တွေကို ဝတ်ဆင်ကြရပါတယ်။ ပိန်တဲ့သူတွေကတော့ပြောင်းပြန်ပါ။

 

ပိန်တဲ့သူတွေဟာအရောင်နုနုအကျီနဲ့ အဖြူရောင်ရှပ်အကျီတွေ ဝတ်သင့်ပါတယ်။

 

ရှပ်အင်္ကျီကို အကွက်စိပ်စိပ်လေးတွေ ဝတ်ဆင်တာက ပိုလိုက်ဖက်ပါတယ်။

 

လည်ပင်းပုံစံ မှန်အောင်ရွေးချယ်သင့်ပါတယ်

 

beauty2

 

ပိန်တဲ့သူတွေအနေနဲ့ အကျီလည်ပင်းပုံစံရွေးချယ်တတ်ဖို့လည်းလိုပါတယ်။

 

ဇစ်ဆွဲရတဲ့လည်ပင်းအထောင် ၊ ၊ကြယ်သီးတွေနဲ့ လည်ပင်းအထောင်မျိုးရွေးသင့်သလို ကော်လံကြီးကြီးရွေးချယ်တာက ပိုအဆင်ပြေပါတယ်။

 

လိုက်ဖက်တဲ့ ပုံစံလေးတွေကို ရှာဖွေကြည့်ချင်ရင် Zip Necks Stand-up Collors ၊ Shawl Collors ၊ Funnel Necks စတဲ့လည်ပင်းဒီဇိုင်းလေးတွေ ရှာဖွေကြည့်ပါနော်။

 

Written By Omega

 

Read 2311 times
Rate this item
(0 votes)
Tagged under