What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဈေးကွက်ကို ထိုးဖောက်ဖို့ အစားအစာနဲ့ ဖက်ရှင်တို့ ပူးပေါင်းဆောင်ရွက်

ဈေးကွက်ကို ထိုးဖောက်ဖို့ အစားအစာနဲ့ ဖက်ရှင်တို့ ပူးပေါင်းဆောင်ရွက် Google

အတွေးအခေါ် ၂ခုရှိတာက တစ်ခုတည်းရှိတာနဲ့ နှိုင်းယှဉ်ရင် ပိုကောင်းပါတယ်။ အလျင်အမြန်တိုးတက်နေတဲ့ဒီကမ္ဘာကြီးမှာ သူများနဲ့မတူတဲ့ ရူးကြောင်ကြောင်ကိစ္စတွေကို ပြုလုပ်နေတာက တစ်ဖက်ကကြည့်လျှင် ထူးခြားပြီး သင့်ရဲ့စီးပွားရေးကို ကြီးထွားစေပါတယ်။

 

အစားအစာနှင့်ပတ်သက်လာလျှင် အစားကောင်းကြိုက်သူတွေက အများအပြားရှိတဲ့အတွက် သင့်ရဲ့ ပစ်မှတ်ထားတဲ့ အဓိကပရိသတ်တွေဆီကို ထိုးဖောက်ဖို့ အကောင်းဆုံးထီထွင်မှု တစ်ခုဖြစ်ပါတယ်။ ယခုအခါမှာ စီးပွားရေးလုပ်ငန်းရှင်တော်တော်များများက အစားအသောက်နှင့်ဖက်ရှင်ကိုပေါင်းစပ်ပြီး ဈေးကွက်ကိုထိုးဖောက်ဖို့ လုပ်ဆောင်နေကြပြီပဲ ဖြစ်ပါတယ်။

 

Annotation_2020-08-07_133322.png

 

စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း စက်ရုံတွေက ပရိသတ်အသစ်တွေ အာရုံစိုက်အားပေးမှုရရန်အတွက် စိတ်ဝင်စားဖွယ် ပူးပေါင်းဆောင်ရွက်မှုတွေကို ဖန်တီးနေကြပါတယ်။

 

Annotation_2020-08-07_133343.png

 

Crocsက KFCနဲ့ပေါင်းစပ်မှုအသစ်တစ်ခုကို ကြော်ငြာလိုက်ပါတယ်။ ၎င်းပေါင်းစပ်မှုက နာရီဝက်တောင် မပြည့်တဲ့အချိန်မှာပဲ KFC x Crocsထုတ်ကုန်တွေက ရောင်းထွက်သွားတာကြောင့် သူတို့လုပ်ခဲ့တဲ့ စိတ်လှုပ်ရှားစရာ အစားအစာနဲ့ ဖက်ရှင် ပူးပေါင်းဆောင်ရွက်မှုက တကယ်အလုပ်ဖြစ်တယ်ဆိုတာကို သက်သေပြသွားတာပဲဖြစ်ပါတယ်။

 

အစားအစာနှင့် ဖက်ရှင် ပူးပေါင်းဆောင်ရွက်မှုအားလုံးက အဆင်ပြေချောမွေ့နေတာတော့မဟုတ်ပါဘူး။ ကူးစက်ရောဂါကို ရင်ဆိုင်နေရတဲ့ ကမ္ဘာ့အရေးကိစ္စများလည်း ရှိနေပါသေးတယ်။ သို့သော်လည်း Merrell x Dogfish Head Brewery တို့ရဲ့ ပူးပေါင်းမှုက ဘီယာချစ်သူတွေအတွက် အလွန်ကောင်းမွန်ပြီး ကမ္ဘာကြီးရဲ့ အေးချမ်းတဲ့နေရာကိုသွားကာ ဘီယာလေးသောက်သုံးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

 

Annotation_2020-08-07_133626.png

 

Merrellသည် ဖိနပ်ကုန်အမှတ်တံဆိပ်ဖြစ်ပြီး အဆင့်မြင့် အရည်အသွေးပြည့်မှီကာ ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ဦးတည်တဲ့ ဖိနပ်ကိုတီထွင်တဲ့ ဖိနပ်အမှတ်တံဆိပ်ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် သတင်းထုတ်ပြန်ချက်အရ Merrell နှင့် Dogfish Head တို့က တောရိုင်းနေရာတွေကို ထိန်းသိမ်းထားဖို့လိုအပ်ကြောင်း ယုံကြည်ခဲ့ကြပါတယ်။ ၎င်းယုံကြည်ချက်ကြောင့် အမှတ်တံဆိပ်နှစ်ခုကို ပူးပေါင်းပြီး ဈေးကွက်ကို ထိုးဖောက်ဖို့ ထုတ်ကုန်အဆန်းတွေနှင့် ပတ်ဝန်းကျင်ကိုထိန်သိမ်းဖို့ ဆောင်ရွက်လာပါတယ်။

 

ကမ္ဘာတဝှမ်း ဘီယာနှင့်ဝီစကီထုတ်လုပ်သူတွေက ဘီယာ၊ ဝီစကီထုတ်လုပ်စဉ်အတွင်း ထုတ်လွှတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို လျော့ချနိုင်ဖို့နှင့် ပတ်ဝန်းကျင်ကိုမထိခိုက်ပဲ ပိုမိုရေရှည်တည်တံ့တဲ့ နည်းပညာတွေကို ရှာဖွေနေကြပါတယ်။

 

Written By Omega

 

Source:Forbes

Read 776 times
Rate this item
(0 votes)
Tagged under