What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရုန်းကန်နေရဆဲ အထည်ချုပ်လုပ်ငန်းကို ထပ်မံခြိမ်းခြောက်တဲ့ တကျော့ပြန် Covid-19

Covid-19 ပထမလှိုင်းမှာ ကတည်းက စီးပွားရေးလုပ်ငန်းတွေ အထိနာခဲ့တဲ့ ဗီယက်နမ်နိုင်ငံက ယခု ဒုတိယလှိုင်းမှာ အထည်အလိပ်လုပ်ငန်းနှင့် ဖိနပ်လုပ်ငန်းတွေရဲ့ အကျိုးသက်ရောက်မှုက ဆက်လက် ဆိုးဝါးနေဆဲဖြစ်ပါတယ်။

 

ပြည်တွင်းနှင့် နိုင်ငံတကာအမှတ်တံဆိပ်အမျိုးမျိုးအတွက် အ၀တ်အထည်နှင့် ဖိနပ်ထုတ်လုပ်သည့် TNG Investment and Trading JSCသည် ပထမနှစ်ဝက် ဝင်ငွေရဲ့ အမြတ်အစွန်း ၁၀ရာခိုင်နှုန်း VND ၁.၈၄ ထရီလီယံ (ဒေါ်လာ ၇၉.၃ သန်း)ကျဆင်းပြီး စုစုပေါင်း အမြတ်စာရင်းက ၂၉ ရာခိုင်နှုန်း VND66 ဘီလီယံ (ဒေါ်လာ ၂.၈၄ သန်း) အသီးသီး ကျဆင်းလျက်ရှိပါတယ်။

 

ဗီယက်နမ် အမျိုးသား အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်း (Vinatex)သည် ၀င်ငွေ ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမြတ်အစွန်း ၂၅ ရာခိုင်နှုန်း လျော့နည်းနေပါတယ်။ ဒီလိုကျဆင်းမှုတွေက face maskများ၊ အကာအကွယ်အဝတ်အစားများ ထုတ်လုပ်ခြင်းနှင့် အလုပ်သမားများကို ဆက်လက် အလုပ်ခန့်ထားခြင်း တို့ကြောင့်ဖြစ်ပါတယ်။

 

"ကုမ္ပဏီအနေနဲ့ ဒီကာလ အခက်အခဲတွေမှာ ၃၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းကျဆင်းမယ်လို့ ခန့်မှန်းထားပေမယ့် အခုဟာက ခန့်မှန်းချက်လောက် မကျဆင်းသွားဘူး"လို့ Vinatexရဲ့ လက်ထောက်အထွေထွေညွှန်ကြားရေးမှူး Cao Huu Hieuက ပြောကြားခဲ့ပါတယ်။

 

Song Hong Garment JSCရဲ့ တင်ပြချက်အရ အမြတ်ငွေ VND122 ဘီလီယံ (ဒေါ်လာ ၅.၂၆ သန်း) သို့မဟုတ် ၄၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

 

RTW Retailwinds Inc.သည် အမေရိကန်နိုင်ငံရှိ အဓိကမိတ်ဖက်ကုမ္ပဏီတစ်ခု ဖြစ်ပြီး ဒေဝါလီခံခြင်းအတွက် တရားစွဲဆိုထားသော်လည်း VND166 ဘီလီယံ (ဒေါ်လာ ၇.၁၆ သန်း) ခန့် အကြွေးပေးဖို့ ရှိနေပါတယ်။

 

စက်မှုနှင့် ကုန်သွယ်ရေး၀န်ကြီးဌာနရဲ့ ဇူလိုင်လ အစီရင်ခံစာအရ ဗီယက်နမ်နိုင်ငံရဲ့ အထည်ထုတ်လုပ်မှုသည် ဇွန်လမှာ ၁၃.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း ယခုနှစ်မှာတော့ တစ်နှစ်ထက်တစ်နှစ် ၅ ရာခိုင်နှုန်းကျဆင်းနေပါတယ်။

 

ယခုနှစ် ပထမ ခုနစ်လအတွင်း အထည်အလိပ်တင်ပို့မှုမှာ ၂၁ ရာခိုင်နှုန်းနှင့် ဖိနပ်တင်ပို့မှုမှာ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

 

ဗီယက်နမ်နိုင်ငံ အပါအ၀င် နိုင်ငံတော်တော်များများက Covid-19 လှိုင်းသစ်ကြောင့် Orderများလက်ခံထားခြင်းက အထည်ချုပ်လုပ်ငန်းအများစုအတွက် ခက်ခဲသောအလုပ်တစ်ခုဖြစ်လာပါတယ်။

 

အထည်ချုပ်လုပ်ငန်းအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုက ကူးစက်ရောဂါကြောင့် စားသုံးသူတွေရဲ့ အပြုအမူတွေဟာ သိသိသာသာပြောင်းလဲသွားလို့ပဲ ဖြစ်ပါတယ်။

 

နိုင်ငံတကာစျေးကွက်မှ Deloitte နှင့် ကမ္ဘာ့ဈေးကွက်မှ ဗီယက်နမ်အထည်ချုပ်ထုတ်လုပ်သူ Vinatex တို့ရဲ့ မကြာသေးမီက ပြုလုပ်သောစစ်တမ်းများအရ ကူးစက်ရောဂါကာလအတွင်း စားသုံးသူတွေ အဓိက အာရုံစိုက် ဝယ်ယူနေတာတွေက ဆေးဝါးများနှင့် အစားအစာတွေပဲဖြစ်ပါတယ်။ အဝတ်အစားတွေဟာ စစ်တမ်းစာရင်းမှာ စတုတ္ထနေရာရှိနေသော်လည်း စားသုံးသူတွေရဲ့ အဝတ်အစားအတွက် အသုံးစရိတ်က အလွန်နည်းပါးနေပါတယ်။

 

Vinatexရဲ့ အမှုဆောင်အရာရှိချုပ် Le Tien Truongက ဈေးကွက်အတွင်း ထုတ်ကုန်ဝယ်လိုအားလျော့နည်းခြင်း၊ အခြေခံထုတ်ကုန်များပိုမို၀ယ်ယူခြင်းနှင့် ဝယ်ယူအားပေးမှုနိမ့်ကျခြင်းတို့က အနာဂတ်မှာ ဖက်ရှင်ဈေးကွက်ကို လွှမ်းမိုးလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

 

Vinatexက ဒုတိယနှစ်ဝက်အတွင်း နိုင်ငံရဲ့ အထည်အလိပ်တင်ပို့မှုမှာတစ်နှစ်လျှင် ၁၄-၁၈ ရာခိုင်နှုန်းကျဆင်းလျက်ရှိပြီး တစ်နှစ်လုံးတင်ပို့မှုမှာ ၁၆ ရာခိုင်နှုန်း ဒေါ်လာ ၃၂.၇၅ ဘီလီယံအထိ ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

 

အပြည်ပြည်ဆိုင်ရာ အထည်အလိပ်ထုတ်လုပ်သူများအဖွဲ့က တကယ်လို့ Covid-19 ကူးစက်မှုက ဒီနှစ်ကုန်အထိ ရှိနေဦးမယ်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းက ယခုနှစ်မှာ ၁၅ သို့မဟုတ် ၂၀ ရာခိုင်နှုန်း(ဒေါ်လာ ၆၀၀-၆၄၀ ဘီလီယံ)သို့ ကျဆင်းသွားနိုင်ပြီး ၎င်းအခြေအနေကို ကောင်းစွာထိန်းချုပ်ထားနိုင်ပါက ဈေးကွက်ရဲ့ ဝယ်လိုအားက နောက်နှစ်ရဲ့ သုံးလပတ်လောက်ဆို ပုံမှန် အခြေနေ ပြန်ရောက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

 

Source:vnexpress

Read 982 times
Rate this item
(0 votes)
Tagged under