What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျော်ဒန်နိုင်ငံမှ မြန်မာနိုင်ငံသား အထည်ချုပ်လုပ်သားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် တတိယအကြိမ် ထပ်မံပို့ဆောင်

ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားနေသည့် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဂျော်ဒန်နိုင်ငံတွင်

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား များကို နေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည့် တတိယအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (Myanmar Airways International –MAI) ၏ လေယာဉ်ခရီးစဉ်သည် ဂျော်ဒန်နိုင်ငံ၊ အာမန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ၃၀-၇-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၁၄:၃၀) အချိန်ခန့်တွင်စတင်ပျံသန်း ထွက်ခွာခဲ့ပြီး နံနက် (၀၄:၄၅) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ ကြသည်။

အဆိုပါ တတိယအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်တွင် Sidney Apparel ကုမ္ပဏီ တွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၃) ဦး၊ Camel and Vega ကုမ္ပဏီတွင် လုပ်ကိုင် နေကြသည့် မြန်မာနိုင်ငံသား (၁၁၈) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၂၁) ဦးလိုက်ပါသွား ကြပါသည်။ အထက်ပါ မြန်မာနိုင်ငံသားများအနက်မှ (၁၁) ဦးသည် နိုင်ငံကူးလက်မှတ် သက် တမ်းများ ကျော်လွန်နေကြသည့်အတွက် အဆင်ပြေချောမွေ့စွာ နေရပ်ပြန်နိုင်ရေး ထောက်ရှု၍ မည်သူ၊ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များကို အချိန်မီထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဖေါ်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက်တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ပြည်ပ နိုင်ငံအသီးသီးတွင် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသား (၉၅၂၈) ဦးအား ကယ်ဆယ်ရေး/ အထူးလေယာဉ် များဖြင့် မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီး ဖြစ်ပါသည်။

Read 795 times
Rate this item
(0 votes)