What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Uniqlo အတွင်းခံအစ Masks အလုအယက်ဝယ်ယူမှု့ကြောင့် Website ပါပျက်ကျ

 

သိပ်မကြာသေးခင်အချိန်က ဂျပန်နိုင်ငံရဲ့ နာမည်ရ သက်တောင့်သက်သာ အဝတ်အစား Brand ဖြစ်တဲ့ Uniqlo မှ အတွင်းခံဘောင်းဘီအဝတ်စဖြင့် ချုပ်လုပ်တဲ့ နှာခေါင်းစည်းထွက်ရှိလာတာ အားလုံးသတိထားမိမှာပါ။

ဟုတ်ပါတယ် အခု အဆိုပါ AIRism အတွင်းခံဘောင်းဘီအစဖြင့်ချုပ်ထားတဲ့ နှာခေါင်းစည်းတွေကို လူတွေက သဘောကျလွန်းလို့ အလုအယက်ဝယ်ကျလို့ အရောင်း Website ကြီးပါကျသွားပါတယ်တဲ့။

 

ထို နှာခေါင်းစည်းထွက်ရှိလာကတည်းက Uniqlo ဆိုင်တိုင်းမှာ ပစ္စည်းချထားတာနဲ့ ချက်ချင်းဆိုသလို ရောင်းကုန်သွားပါတယ်တဲ့ သည့်အပြင် Website ကလည်း အော်ဒါတွေ များလွန်းလို့ website ကြီးလုံးဝကျသွားပါတယ်။

 

ပြောရရင်တော့ အဆိုပါ နေ့စဉ်နေ့တိုင်းဝတ်ရတာပေါ့ပါးစေပြီး ၊ နှာခေါင်းစည်းကအသက်ရူရတာကောင်းပြီး၊ရေစိုသွားပါကအခြောက်မြန်လို့ပါ ထို့အပြင် ဝတ်ထားလို့ ဝတ်ထားမှန်းမသိအောင်ပါးလွှာ အသားအေးပါတယ်တဲ့။

 

Uniqlo ဟာ အရည်အသွေးကောင်းပြီး လက်ရာသေသပ်တဲ့အပြင် အကုန်အကျ သက်သာတာအတွက် နာမည်ရတဲ့ brand တစ်ခု ဖြစ်ပါတယ်။ အခု ထုတ်လုပ်လိုက်တဲ့ AIRism မတ်စ်ကို သူ့ရဲ့ အတွင်းခံအဝတ်အစားတွေမှာ သုံးစွဲတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတယ်။ ကောင်းချက်က အခြောက်မြန်တယ်။ အေးတယ်။ မတ်စ်ကို နေ့စဉ်သုံးအဖြစ် ဝတ်ဆင်တဲ့အခါ မတ်စ်ကြောင့် ပူအိုက်တာ မခံစားရဘဲ သက်သောင့်သက်သာ ဖြစ်နေစေတယ်။
မတ်စ်မှာ အလွှာ သုံးထပ်ပါတယ်။ အပြင်တစ်လွှာက ဘက်တီရီးယားနဲ့ အမှုန်အမွှားတွေကို တားဆီးပေးတယ်။ အလယ်တစ်လွှာက ခရမ်းလွန်ရောင်ခြည်ကို တားပေးတယ်။ အတွင်းတစ်လွှာက မျက်နှာကို အေးနေအောင် လုပ်ပေးတယ်။

 

လက်လီရောင်းချသူတွေရဲ့ပြောကြားချက်အရ ၎င်း နှာခေါင်းစည်းများက အကြိမ် ၂၀ ရေလျှော်သည်အထိ အရောင်ကျကာမွဲသွားခြင်းမရှိပါဘူး။နှာခေါင်းစည်း ၃ ခုပါ အိတ်တစ်ခုလျှင် ၉၉၀ ယမ်းသာပေးရတယ်သိရပါတယ်။

PRI 155009633

ထိုနှာခေါင်းစည်းကို လိုချင်လို့ ဂျပန်ရှိ Uniqlo ဆိုင်ရှေ့မှာ မိုးရွာကြီးထဲ တန်းစီစောင့်တဲ့လူ ရာကျော်ရှိပါသတဲ့။သည့်အပြင် Uniqlo ရဲ့ Website ကြီး Home page သာဝင်လို့ရပြီး အော်ဒါတွေ တက်လို့ ဟမ်းကာ website တစ်ခုလုံးကျသည်အထိ ဖြစ်ကုန်ပါသတဲ့။

ကိုယ်တွေအနေနဲ့ အခုလို Fashion Product တစ်ခုကို လူထုမှ လိုလိုလားလား အားပေးချင်းကို H&M နဲ့ Moschino မှ Product ပေါင်းထုတ်တုန်းကသာမြင်ခဲ့ရတာပါ ဒါက အခုမှ ပြန်လည်မြင်တွေရခြင်းပင်ဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ Uniqlo ကတော့ ရနိုင်သလောက် ပစ္စည်းဖြန့်ချီသူတွေ လက်ထဲထည့်ကာ လူထုဆီ အရောက်ပို့နေမှာပါ။

 

ယခင်သတင်း ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ >>>

အတွင်းခံဘောင်းဘီသားဖြင့် Mask ထုတ်လုပ်မည့် Uniqlo

 

<<< Zawgyi >>>

 

Uniqlo အတြင္းခံအစ Masks အလုအယက္ဝယ္ယူမႈ႕ေၾကာင့္ Website ပါပ်က္က်

------------------------------------------------------------------------------------

 

သိပ္မၾကာေသးခင္အခ်ိန္က ဂ်ပန္ႏိုင္ငံရဲ႕ နာမည္ရ သက္ေတာင့္သက္သာ အဝတ္အစား Brand ျဖစ္တဲ့ Uniqlo မွ အတြင္းခံေဘာင္းဘီအဝတ္စျဖင့္ ခ်ဳပ္လုပ္တဲ့ ႏွာေခါင္းစည္းထြက္ရွိလာတာ အားလုံးသတိထားမိမွာပါ။

 

ဟုတ္ပါတယ္ အခု အဆိုပါ AIRism အတြင္းခံေဘာင္းဘီအစျဖင့္ခ်ဳပ္ထားတဲ့ ႏွာေခါင္းစည္းေတြကို လူေတြက သေဘာက်လြန္းလို႔ အလုအယက္ဝယ္က်လို႔ အေရာင္း Website ႀကီးပါက်သြားပါတယ္တဲ့။

 

ထို ႏွာေခါင္းစည္းထြက္ရွိလာကတည္းက Uniqlo ဆိုင္တိုင္းမွာ ပစၥည္းခ်ထားတာနဲ႔ ခ်က္ခ်င္းဆိုသလို ေရာင္းကုန္သြားပါတယ္တဲ့ သည့္အျပင္ Website ကလည္း ေအာ္ဒါေတြ မ်ားလြန္းလို႔ website ႀကီးလုံးဝက်သြားပါတယ္။

 

ေျပာရရင္ေတာ့ အဆိုပါ ေန႔စဥ္ေန႔တိုင္းဝတ္ရတာေပါ့ပါးေစၿပီး ၊ ႏွာေခါင္းစည္းကအသက္႐ူရတာေကာင္းၿပီး၊ေရစိုသြားပါကအေျခာက္ျမန္လို႔ပါ ထို႔အျပင္ ဝတ္ထားလို႔ ဝတ္ထားမွန္းမသိေအာင္ပါးလႊာ အသားေအးပါတယ္တဲ့။

 

ႏွာေခါင္းစည္းမွာ အလႊာ ၃ ခုပါပါတယ္၊ ပထမအလႊာက ေရာဂါပိုးမႊားေတြ မဝင္ေအာင္စစ္ထုတ္ေပးၿပီး ၊ ဒုတိယအလႊာက ေနေရာင္ျခည္မွ ေဘးထြက္ ေရာင္ျခည္ကို စစ္ထုပ္ေပးကာေအာက္အတြင္းပိုင္းအသားကေတာ့ ေအးျမေစပါတယ္။

 

လက္လီေရာင္းခ်သူေတြရဲ႕ေျပာၾကားခ်က္အရ ၎ ႏွာေခါင္းစည္းမ်ားက အႀကိမ္ ၂၀ ေရေလွ်ာ္သည္အထိ အေရာင္က်ကာမြဲသြားျခင္းမရွိပါဘူး။ႏွာေခါင္းစည္း ၃ ခုပါ အိတ္တစ္ခုလွ်င္ ၉၉၀ ယမ္းသာေပးရတယ္သိရပါတယ္။

 

ထိုႏွာေခါင္းစည္းကို လိုခ်င္လို႔ ဂ်ပန္ရွိ Uniqlo ဆိုင္ေရွ႕မွာ မိုး႐ြာႀကီးထဲ တန္းစီေစာင့္တဲ့လူ ရာေက်ာ္ရွိပါသတဲ့။သည့္အျပင္ Uniqlo ရဲ႕ Website ႀကီး Home page သာဝင္လို႔ရၿပီး ေအာ္ဒါေတြ တက္လို႔ ဟမ္းကာ website တစ္ခုလုံးက်သည္အထိ ျဖစ္ကုန္ပါသတဲ့။

 

ကိုယ္ေတြအေနနဲ႔ အခုလို Fashion Product တစ္ခုကို လူထုမွ လိုလိုလားလား အားေပးခ်င္းကို H&M နဲ႔ Moschino မွ Product ေပါင္းထုတ္တုန္းကသာျမင္ခဲ့ရတာပါ ဒါက အခုမွ ျပန္လည္ျမင္ေတြရျခင္းပင္ျဖစ္ပါတယ္။မည္သို႔ပင္ဆိုေစကာမူ Uniqlo ကေတာ့ ရႏိုင္သေလာက္ ပစၥည္းျဖန္႔ခ်ီသူေတြ လက္ထဲထည့္ကာ လူထုဆီ အေရာက္ပို႔ေနမွာပါ။

 

ယခင္သတင္း ဖတ္ရႈရန္ ေခါင္းစဥ္ကို ထိပါ >>>

 

အတြင္းခံေဘာင္းဘီ ျဖင့္ Mask ထုတ္လုပ္မည့္္ Uniqlo

 

Ref : Nikkei 

Read 1587 times
Rate this item
(0 votes)
Tagged under