What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မျက်နှာဖုံးဈေးနှုန်း ဒေါ်လာ ၈၀၀၀ ထိရှိ

ကိုဗစ်ကာလမှာ မျက်နှာဖုံး ၊ နှာခေါင်းစီး ( Masks ) တွေကို မပါမဖြစ်ဝတ်လာကြရတယ်ထိုသို့ဝတ်လာတဲ့ အခါမှာ လူတွေ အနေနဲ့ သူ့ထက်ငါ အပြိုင်အဆိုင်အလုအယက် Masks တွေကို ဖက်ရှင်တဲ့ အညီ အဝတ်အစားနဲ့ လိုက်ဖက်စွာ ဝတ်ဆင်လာကြတာတွေ့ရတယ်။

 

အမေရိက မှာ ဆို ဒီဇိုင်နာတွေထဲမှာဆိုရင် Masks ကို မချုပ်လုပ်သူက ခပ်ရှားရှားပဲ သည့်ထက် အဝတ်အထည် Brands တွေတော်တော်များများက လည်း Masks ကို အလုအယက်အပြိုင်ထုတ်လာကြတာတွေ့ရတယ်။သာမန် Masks တွေရဲ့ အများဆုံး ဈေးနှုန်းက ဒေါ်လာ ၅၀ လောက်ပဲ ကျသင့်တယ် ဈေးအပေါဆုံး နဲ့ အရေအသွေး အတင့်အသင့်တွေဆို ၅ ဒေါ်လာလောက်သာရှိတယ်သိရတယ်။

 

ဒီတစ်ခါမှာ တော့ အထူးအဆန်း ဇိမ်ခံ အမျိုးသား ပွဲတက်ဝတ် ချုပ်လုပ်တဲ့ ဒီဇိုင်နာ တစ်ဦးက သူ့ရဲ့ မျက်နှာဖုံးတွေကို ဒေါ်လာထောင်ချီရောင်းချတယ် ထို ဒီဇိုင်နာကတော့ Yosel Tiefenbrun ပဲ ဖြစ်ပြီး သူဟာ ဘရွတ်ကလင်းမြို့မှာ ကိုယ်ပိုင်ဒီဇိုင်းနဲ့ အမျိုးသားဝတ်တွေကို ချုပ်လုပ်တာ လုပ်သက် ဆယ်စုနှစ်တစ်ခုကျော်နေသူပဲဖြစ်တယ်။

 

သူက Masks တစ်ခုကို ဒေါ်လာ ၅၀၀၀ မှ ၈၀၀၀ အထိ ထားရောင်းတယ် ထို Masks ဝယ်ပါက ထို Masks နဲ့ ဆင်တူ အနောက်တိုင်း ဝတ်စုံတစ်ခုရမယ် ဘရွတ်ကလင်းရဲ့ အမျိုးသားထုဝယ်လိုက်တာ မှ အုံးအုံး ကြွကြွပဲ။သည့်အပြင်သူ က Skype နဲ့ဝယ်သူ ကို ဒီဇိုင်းပေးရွေးသေးသည် size အတိအကျ ပို့ခိုင်းသေးသည် ချုပ်ချိန် ၁ လ အချိန်ယူသည် ပြီးမှ အိမ်တိုင်ရာရောက်ပို့သည်။

 

Masks ကို နူးညံတဲ့ ချည်မျှင်များဖြင့် ချုပ်လုပ်ထားပြီး မျက်နှာ အသားအရည်မပျက်စီး ရအောင်ချုပ်လုပ်ထားသည် ထို့ အပြင် ဝယ်ယူသူတိုင်း စိတ်တိုင်းကြ ကာလာဆက်ပေးသေးသည်။တချို့ လူအများသည်ဈေးကြီးပိုပေးပြီး မျက်နှာဖုံးမှာ စိန်ထည့်ခိုင်းသေးသည်။ထို့အပြင် မှုတ်ဆိတ်မွှေးသမားများအား သူတို့ မုတ်ဆိပ်ကို ပေါ်အောင်အတိုင်းအတာနှင့်ချုပ်ပေးရသေးသည်။

 

သူ့လို အခြား ဈေးကြီး တန်ဖိုးကြီးချုပ်ဒီဇိုင်နာများသည်လဲ Masks ချုပ်ရောင်းတဲ့ ဘက်ရောက်လာဖို့ရှိသည် ထိုဒီဇိုင်နာ ကို အားပေးတဲ့ လူတစ်ဦးမှ သူရဲ့ ဆိုရှယ်မီဒီယာပေါ်တွင်ရေးသားထားသည် ကိုဗစ်ဖြစ်နေသော်လည်း ငါတို့စတိုင်လ် ကျ လှနေရမယ်ဆိုတဲ့ စကားလုံးနှင့် သူ့ရဲ့ suit ကို ချုပ်လုပ်ကာတင်ထားပါတယ်။

 

 

<<< Zawgyi >>>

 


----------------------------------------

 


 


 


 


 


 


 

 

Ref : Daily Mail 

Read 1179 times
Rate this item
(4 votes)
Tagged under