What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမေရိကန်‌ဒေါ်လာ ၁၈ ၀၀၀ တန် နေနှစ်ပါး ဖက်ရှင်ဝတ်ထည်

ဖက်ရှင်ဒီဇိုင်းနာ Jillian Ann  သည် ဂီတသမားဖြစ်သည်။ စာလည်း ရေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကိုလည်း အားသန်သည်။ နိုင်ငံအတော်များများသို့ ခရီးထွက်သည်။ ထိုအချက်များသည် သူမ၏ ပင်ကိုအခံများဖြစ်ပြီး ထိုအချက်များ စုပေါင်းပြီး ဖက်ရှင်ဝတ်ထည်တစ်ခုကို သူမ ဒီဇိုင်းထုတ်ကာ ချုပ်လုပ်ခဲ့သည်။ ဈေးကို အမေရိကန်‌ဒေါ်လာ ၁၈ ၀၀၀ ဟု သတ်မှတ်သည်။

 

 Jillian Ann  သည်  ဖက်ရှင်ဒီဇိုင်းနာ အဖြစ် လုပ်ကိုင်ရန် ဖက်ရှင်မော်ဒယ်အဖြစ် ဝင်ငွေ ရှာဖွေခဲ့သည်။ သူက သမားရိုးကျနည်းလမ်းဖြစ်သော မော်ဒယ်အေဂျင်စီများမှတစ်ဆင့် မသွား။ အင်တာနက်မှာ ဖက်ရှင်မော်ဒယ်များအတွက် ကွန်ရက်တစ်ခု ထူထောင်ပြီး လုပ်ကိုင်ခဲ့သည်။ မကြာခင်မှာပင် အွန်လိုင်းမော်ဒယ်လောကတွင် ထိပ်ပိုင်းသို့ ရောက်ရှိသည်။

မော်ဒယ်လုပ်ကိုင်သည့်ဆီမှ ရရှိသော ဝင်ငွေဖြင့် သူမက ဂီတကို စတင်သည်။ အဆိုတော်အဖြစ် ကမ္ဘာတစ်လွှား သွားရောက်ဖြေဖျော်သည်။ ပွဲအသေး ပွဲအကြီး အစုံ ဆင်နွှဲသည်။ သူမက စင်ပေါ်မှာလည်း အားကျစရာကောင်းသည့် ဖက်ရှင်ဒီဇိုင်းများ ဝတ်ဆင်သည်။ အခြားနေရာများမှာလည်း ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်သည်။ သူမ ထုတ်သည့် ဖက်ရှင်ဒီဇိုင်းများကို ဖက်ရှင်ဒီဇိုင်းနာ အများအပြားတို့က သဘောကျ နှစ်သက်ကြသည်။ 

 

သူမမှာ ဖက်ရှင်ဒီဇိုင်းများ ရှိလာပြီးသည့်နောက်တွင် Ritual  အမည်ဖြင့် ဖက်ရှင်လုပ်ငန်းကို စတင်လိုက်သည်။

သူမ၏ တစ်မူထူးသော ဖက်ရှင်စိတ်ကူးဒီဇိုင်းများ အောင်မြင်မှု ရရှိသည်။

ကိုယ်ပိုင် ငွေကြေးဖြင့် လုပ်ကိုင်နေသော  Ritual   ဖက်ရှင်လုပ်ငန်းသည် လေးနှစ်ကြာပြီးချိန်တွင် ထိပ်တန်း ဖက်ရှင်မဂ္ဂဇင်းများတွင် သတင်းအဖြစ် ဖော်ပြခံရသည်။ ရုပ်ရှင်စတား၊ တီဗီစတားတို့ ဝတ်ဆင်ကြသည့် ဖက်ရှင်အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

 

သူမက ဖက်ရှင်ထည်များကို အမြောက်အမြား ထုတ်လုပ်ရန် စိတ်ကူးမရှိချေ။ ကျွမ်းကျင်သော အချုပ်အလုပ် လက်မ၍ပညာသည်များကို ငှားရမ်းဖြင့် လက်ဖြင့် ချုပ်စေသည်။ ထို့အတွက် လုပ်ခကို ထိုက်ထိုက်တန်တန် ပေးသည်။ အချိန်လည်း ပိုယူရသည်။

 

သူမ ထုတ်လုပ်ရောင်းချသည့် ဖက်ရှင်ထည်များတွင်  “Two Suns Gown” ဟု အမည်ပေးထားပြီး ဈေးနှုန်းမှာ ဆိုခဲ့ပြီးသည့်အတိုင်း အမေရိကန်‌ဒေါ်လာ ၁၈ ၀၀၀ ဟု သတ်မှတ်သည်။ ဝယ်ယူသူက မှာကြားမှသာ ချုပ်လုပ်ပေးမည်ဖြစ်ပြီး ဝတ်ဆင်မည့်သူ၏ ကိုယ်အတိုင်းအရ ချုပ်လုပ်ပေးသည်။

အေမရိကန္‌ေဒၚလာ ၁၈ ၀၀၀  တန္ ေနႏွစ္ပါး ဖက္ရွင္ဝတ္ထည္

ဖက္ရွင္ဒီဇိုင္းနာ Jillian Ann  သည္ ဂီတသမားျဖစ္သည္။ စာလည္း ေရးသည္။ ပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရးကိုလည္း အားသန္သည္။ ႏိုင္ငံအေတာ္မ်ားမ်ားသို႔ ခရီးထြက္သည္။ ထိုအခ်က္မ်ားသည္ သူမ၏ ပင္ကိုအခံမ်ားျဖစ္ၿပီး ထိုအခ်က္မ်ား စုေပါင္းၿပီး ဖက္ရွင္ဝတ္ထည္တစ္ခုကို သူမ ဒီဇိုင္းထုတ္ကာ ခ်ဳပ္လုပ္ခဲ့သည္။ ေဈးကို အေမရိကန္‌ေဒၚလာ ၁၈ ၀၀၀ ဟု သတ္မွတ္သည္။

 Jillian Ann  သည္  ဖက္ရွင္ဒီဇိုင္းနာ အျဖစ္ လုပ္ကိုင္ရန္ ဖက္ရွင္ေမာ္ဒယ္အျဖစ္ ဝင္ေငြ ရွာေဖြခဲ့သည္။ သူက သမား႐ိုးက်နည္းလမ္းျဖစ္ေသာ ေမာ္ဒယ္ေအဂ်င္စီမ်ားမွတစ္ဆင့္ မသြား။ အင္တာနက္မွာ ဖက္ရွင္ေမာ္ဒယ္မ်ားအတြက္ ကြန္ရက္တစ္ခု ထူေထာင္ၿပီး လုပ္ကိုင္ခဲ့သည္။ မၾကာခင္မွာပင္ အြန္လိုင္းေမာ္ဒယ္ေလာကတြင္ ထိပ္ပိုင္းသို႔ ေရာက္ရွိသည္။

ေမာ္ဒယ္လုပ္ကိုင္သည့္ဆီမွ ရရွိေသာ ဝင္ေငြျဖင့္ သူမက ဂီတကို စတင္သည္။ အဆိုေတာ္အျဖစ္ ကမာၻတစ္လႊား သြားေရာက္ေျဖေဖ်ာ္သည္။ ပြဲအေသး ပြဲအႀကီး အစုံ ဆင္ႏႊဲသည္။ သူမက စင္ေပၚမွာလည္း အားက်စရာေကာင္းသည့္ ဖက္ရွင္ဒီဇိုင္းမ်ား ဝတ္ဆင္သည္။ အျခားေနရာမ်ားမွာလည္း ဖက္ရွင္က်က် ဝတ္စားဆင္ယင္သည္။ သူမ ထုတ္သည့္ ဖက္ရွင္ဒီဇိုင္းမ်ားကို ဖက္ရွင္ဒီဇိုင္းနာ အမ်ားအျပားတို႔က သေဘာက် ႏွစ္သက္ၾကသည္။ 

သူမမွာ ဖက္ရွင္ဒီဇိုင္းမ်ား ရွိလာၿပီးသည့္ေနာက္တြင္ Ritual  အမည္ျဖင့္ ဖက္ရွင္လုပ္ငန္းကို စတင္လိုက္သည္။

သူမ၏ တစ္မူထူးေသာ ဖက္ရွင္စိတ္ကူးဒီဇိုင္းမ်ား ေအာင္ျမင္မႈ ရရွိသည္။

ကိုယ္ပိုင္ ေငြေၾကးျဖင့္ လုပ္ကိုင္ေနေသာ  Ritual   ဖက္ရွင္လုပ္ငန္းသည္ ေလးႏွစ္ၾကာၿပီးခ်ိန္တြင္ ထိပ္တန္း ဖက္ရွင္မဂၢဇင္းမ်ားတြင္ သတင္းအျဖစ္ ေဖာ္ျပခံရသည္။ ႐ုပ္ရွင္စတား၊ တီဗီစတားတို႔ ဝတ္ဆင္ၾကသည့္ ဖက္ရွင္အျဖစ္သို႔ ေရာက္ရွိေနၿပီ ျဖစ္သည္။

 

သူမက ဖက္ရွင္ထည္မ်ားကို အေျမာက္အျမား ထုတ္လုပ္ရန္ စိတ္ကူးမရွိေခ်။ ကြၽမ္းက်င္ေသာ အခ်ဳပ္အလုပ္ လက္မ၍ပညာသည္မ်ားကို ငွားရမ္းျဖင့္ လက္ျဖင့္ ခ်ဳပ္ေစသည္။ ထို႔အတြက္ လုပ္ခကို ထိုက္ထိုက္တန္တန္ ေပးသည္။ အခ်ိန္လည္း ပိုယူရသည္။

 

သူမ ထုတ္လုပ္ေရာင္းခ်သည့္ ဖက္ရွင္ထည္မ်ားတြင္  “Two Suns Gown” ဟု အမည္ေပးထားၿပီး ေဈးႏႈန္းမွာ ဆိုခဲ့ၿပီးသည့္အတိုင္း အေမရိကန္‌ေဒၚလာ ၁၈ ၀၀၀ ဟု သတ္မွတ္သည္။ ဝယ္ယူသူက မွာၾကားမွသာ ခ်ဳပ္လုပ္ေပးမည္ျဖစ္ၿပီး ဝတ္ဆင္မည့္သူ၏ ကိုယ္အတိုင္းအရ ခ်ဳပ္လုပ္ေပးသည္။

Read 1191 times
Rate this item
(0 votes)