What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကုန်ကြမ်းများကို အိန္ဒိယ နှင့် မလေးရှားမှရယူရန် ဗီယက်နမ် အထည်အလိပ် အသင်းဥက္ကဌ တိုက်တွန်း

ကုန်ကြမ်းများကို အိန္ဒိယ နှင့် မလေးရှားမှရယူရန် ဗီယက်နမ် အထည်အလိပ် အသင်းဥက္ကဌ တိုက်တွန်း Google

ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့တော်၏ အထည်အလိပ် အသင်းဥက္ကဌ Phm Xuan Hong က coronavirus ကြောင့်

 

ဗီယက်နမ်အထည်အလိပ်လုပ်ငန်းများအတွက် တရုတ်နိုင်ငံမှ ကုန်ကြမ်းများရရှိမှုရပ်တန့်သွားသဖြင့် ကုန်ကြမ်းသစ်များကို

 

မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ရယူရန် တိုက်တွန်းခဲ့သည်။

 

လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ ကုန်ကြမ်းများ တင်ပို့မှုကို ရပ်တန့်ထားသဖြင့် ဗီယက်နမ် အထည်အလိပ်ကုမ္ပဏီ များသည်

 

ကုန်ကြမ်း ပြတ်လပ်မှု ပြသာနာ နှင့် ရင်ဆိုင်နေရသည်။


ဗီယက်နမ်ကုမ္ပဏီများသည် သွင်းအားစု၏ ၄၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ မှီခို အားထားနေရပြီး


ယခုလိုကုန်ကြမ်းများပြတ်တောက်သွားသဖြင့် ဗီယက်နမ် နိုင်ငံ၏ ထုတ်လုပ်မှုကို နှောင့်နှေး စေနိုင်ကြောင်း


ဗီယက်နမ်သတင်းမီဒီယာများက ဖော်ပြခဲ့ပါတယ်။

 

စီးပွားရေးကျွမ်းကျင်သူများ၏ သတိပေးချက်အရ အဆိုပါကုန်ကြမ်းပြတ်လပ်မှု ပြသာနာသည် မကြာမီအခြေနေမှာ

 

တိုင်းပြည်၏ အထည်အလိပ်ထုတ်လုပ်မှု ကို များစွာထိခိုက်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။


ထို့ကြောင့် အထည်အလိပ် အသင်းဥက္ကဌ Phm Xuan Hong က ဗီယက်နမ် အထည်အလိပ်ကုမ္ပဏီများအား


လိုအပ်သော ကုန်ကြမ်းများကို မလေးရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့မှ ရယူရန် မကြာသေးမီက တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ် ၁၃၆ ဦးကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 


 



 


 


 


 



 


 


 


 


 

Reference;fibre2fashion.com

 

Myanmar Textile and Garment Directory

Read 915 times
Rate this item
(0 votes)
Tagged under