ယောကျာ်းလေးအများစုဟာ ဖက်ရှင်ပိုင်းမှာဆိုရင် သိပ်ပြီးခေါင်းရှုပ်ခံ မစဉ်းစားတတ်ကြပါဘူး။
ရိုးရိုးရှင်းရှင်း ၊ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတဲ့ ဖက်ရှင်ပုံစံမျိုးကိုသာ အများစုံ ဝတ်ဆင်တတ်ကြပါတယ်။
အဲ့လို ဝတ်ဆင် ကြတဲ့အခါမှာ ယောကျာ်းလေးတွေ အများဆုံး ရွေးချယ်ဝတ်ဆင်ကြတာကတော့ ပိုလိုရှပ်တွေပဲဖြစ်ပါတယ်။
ယောကျာ်းလေးအများစု ပေါ့ပေါ့ပါးပါး ရှိတဲ့ ပိုလိုရှပ်တွေကို ဝတ်ဆင်ကြတာကို ကြိုက်ကြပါတယ်။အဲ့တာ သင်လည်းပါမယ်ထင်ပါတယ်။
ဒါပေမယ့် ပိုလိုရှပ်တွေဝတ်ဆင်တဲ့အခါမှာ စမတ်ကျအောင် ဘယ်လိုပုံစံ ဝတ်ဆင်ရမလည်းသင် သိပါသလား။
ပိုလိုရှပ်တွေကို ဘယ်လိုစမတ်ကြအောင် ဝတ်ဆင်ရမလည်းဆိုတာကို ကြည့်လိုက်ရအောင်။
၁။ ကြယ်သီးမပါတဲ့ ပိုလိုရှပ်မျိုးဝတ်ဆင်ခြင်း
ပိုလိုရှပ် ဝတ်ဆင်ကြတဲ့ အခါမှာ တော်တော်များများဟာ ကြယ်သီးပါတဲ့ ပိုလိုရှပ်တွေကို
ဝတ်ဆင်တတ်ကြပါတယ်။ ဒါပေမယ့် လူကြီးလူကောင်းဆန်တဲ့ ပုံစံမျိူးတဲ့ စမတ်ကျကျဖြစ်နေဖို့ဆိုရင်တော့
ကြယ်သီးမပါတဲ့ ပိုလိုရှပ်မျိုးကို ရွေးချယ်သင့်ပါတယ်။
၂။ အရောင်ဖျော့တဲ့ ပိုလိုရှပ်မျိုးဝတ်ဆင်ခြင်း
ပိုလိုရှပ်ကို မှ လူငယ်ဆန်ဆန်လေးဝတ်ဆင်ချင်တယ် ဆိုရင် အရောင်ဖျော့ဖျော့ လေးတွေကို ရွေးချယ်သင့်ပါ
တယ်။ ဥပမာ ( အပြာနု ၊ အဖြူရောင်၊မီးခိုးရောင်၊ ကာကီရောင်) စတဲ့ အရာင်လေးတွေကို ရွေးချယ်
ဝတ်ဆင်သင့်ပါတယ်။ အောက်ကဘောင်းဘီကိုလည်း အဖြူ နဲ့ ကာကီရောင်လိုမျိုး Classic ဆန်တဲ့
အရောင်မျိုးလေးတွေကို တွဲဖက်ဝတ်ဆင်သင့်ပါတယ်။
၃။ ပိုလိုရှပ်ကို Suit နှင့် တွဲ၍ ဝတ်ဆင်ခြင်း
ရုံးသွားတဲ့အခါမျိုး (သို့မဟုတ်) အရေးကြီးပုဂ္ဂိုလ်မျိုးတွေနဲ့ တွေ့ဆုံဖို့သွားတဲ့အခါမှာတော့ ပိုလိုရှပ်ကို Suit
နဲ့ တွဲဖက်ဝတ်ဆင်တာအသင့်တော်ဆုံးပါ။ အဲ့ဒီ ဖက်ရှင်လေးက သင့်ကို လူကြီးလူကောင်းဆန်ပြီး
စမတ်ကျစေမှာ အသေအချာပါပဲ။
၄။ ဒေါင်လိုက်အစင်းများတဲ့ ပိုလိုရှပ်ကို ဝတ်ဆင်ခြင်း
ဒေါင်လိုက်အစင်းတွေပါတဲ့ ပိုလိုရှပ်တွေဟာ ပြောင်ပိုလိုရှပ်တွေထက် အမြင်ဆန်း ပြီး သင့်ကို ပိုပြီး ဖက်ရှင်
ကျစေပါတယ်။ အစင်းပိုင်းမှာလည်း ဒေါင်းလိုက်အစင်းတွေက အလျားလိုက်အစင်းတွေထက် ပိုပြီး ဖက်ရှင်
ကျပါတယ်။ အစင်းကိုမှ ခပ်ကြီးကြီး နဲ့ အရောင်ထင်းထင်ဖြစ်နေတဲ့ ပိုလိုရှပ်ပုံစံမျိုးက ဘယ်လိုဘောင်းဘီ
ဖိနပ်မျိုးနဲ့ အဆို လိုက်ပါတယ်။
<<< Zawgyi ျဖင့္ဖတ္ရန္ >>>
ေယာက်ာ္းေလးအမ်ားစုဟာ ဖက္ရွင္ပိုင္းမွာဆိုရင္ သိပ္ၿပီးေခါင္းရႈပ္ခံ မစဥ္းစားတတ္ၾကပါဘူး။
႐ိုး႐ိုးရွင္းရွင္း ၊ ေပါ့ေပါ့ပါးပါးနဲ႕ ၾကည့္ေကာင္းတဲ့ ဖက္ရွင္ပံုစံမ်ဳိးကိုုသာ အမ်ားစံု ဝတ္ဆင္တတ္ၾကပါတယ္။
အဲ့လို ဝတ္ဆင္ ၾကတဲ့အခါမွာ ေယာက်ာ္းေလးေတြ အမ်ားဆံုး ေရြးခ်ယ္ဝတ္ဆင္ၾကတာကေတာ့ ပိုလိုရွပ္ေတြပဲျဖစ္ပါတယ္။
ေယာက်ာ္းေလးအမ်ားစု ေပါ့ေပါ့ပါးပါး ရွိတဲ့ ပိုလိုရွပ္ေတြကို ဝတ္ဆင္ၾကတာကို ႀကိဳက္ၾကပါတယ္။အဲ့တာ သင္လည္းပါမယ္ထင္ပါတယ္။
ဒါေပမယ့္ ပိုလိုရွပ္ေတြဝတ္ဆင္တဲ့အခါမွာ စမတ္က်ေအာင္ ဘယ္လိုပံုစံ ဝတ္ဆင္ရမလည္းသင္ သိပါသလား။
ပိုလိုရွပ္ေတြကို ဘယ္လိုစမတ္ၾကေအာင္ ဝတ္ဆင္ရမလည္းဆိုတာကို ၾကည့္လိုက္ရေအာင္။
၁။ ၾကယ္သီးမပါတဲ့ ပိုလိုရွပ္မ်ဳိးဝတ္ဆင္ျခင္း
ပိုလိုရွပ္ ဝတ္ဆင္ၾကတဲ့ အခါမွာ ေတာ္ေတာ္မ်ားမ်ားဟာ ၾကယ္သီးပါတဲ့ ပိုလိုရွပ္ေတြကို
ဝတ္ဆင္တတ္ၾကပါတယ္။ ဒါေပမယ့္ လူႀကီးလူေကာင္းဆန္တဲ့ ပံုစံမ်ိဴးတဲ့ စမတ္က်က်ျဖစ္ေနဖို႔ဆိုရင္ေတာ့
ၾကယ္သီးမပါတဲ့ ပိုလိုရွပ္မ်ိဳးကို ေရြးခ်ယ္သင့္ပါတယ္။
၂။ အေရာင္ေဖ်ာ့တဲ့ ပိုလိုရွပ္မ်ိဳးဝတ္ဆင္ျခင္း
ပိုလိုရွပ္ကို မွ လူငယ္ဆန္ဆန္ေလးဝတ္ဆင္ခ်င္တယ္ ဆိုရင္ အေရာင္ေဖ်ာ့ေဖ်ာ့ ေလးေတြကို ေရြးခ်ယ္သင့္ပါ
တယ္။ ဥပမာ ( အျပာႏု ၊ အျဖဴေရာင္၊မီးခိုးေရာင္၊ ကာကီေရာင္) စတဲ့ အရာင္ေလးေတြကို ေရြးခ်ယ္
ဝတ္ဆင္သင့္ပါတယ္။ ေအာက္ကေဘာင္းဘီကိုလည္း အျဖဴ နဲ႕ ကာကီေရာင္လိုမ်ဳိး Classic ဆန္တဲ့
အေရာင္မ်ဳိးေလးေတြကို တြဲဖက္ဝတ္ဆင္သင့္ပါတယ္။
၃။ ပိုလိုရွပ္ကို Suit ႏွင့္ တြဲ၍ ဝတ္ဆင္ျခင္း
ရံုးသြားတဲ့အခါမ်ိဳး (သို႔မဟုတ္) အေရးႀကီးပုဂၢိဳလ္မ်ိဳးေတြနဲ႕ ေတြ႕ဆံုဖို႔သြားတဲ့အခါမွာေတာ့ ပိုလိုရွပ္ကို Suit
နဲ႕ တြဲဖက္ဝတ္ဆင္တာအသင့္ေတာ္ဆုံးပါ။ အဲ့ဒီ ဖက္ရွင္ေလးက သင့္ကို လူႀကီးလူေကာင္းဆန္ၿပီး
စမတ္က်ေစမွာ အေသအခ်ာပါပဲ။
၄။ ေဒါင္လိုက္အစင္းမ်ားတဲ့ ပိုလိုရွပ္ကို ဝတ္ဆင္ျခင္း
ေဒါင္လိုက္အစင္းေတြပါတဲ့ ပိုလိုရွပ္ေတြဟာ ေျပာင္ပိုလိုရွပ္ေတြထက္ အျမင္ဆန္း ၿပီး သင့္ကို ပိုၿပီး ဖက္ရွင္
က်ေစပါတယ္။ အစင္းပိုင္းမွာလည္း ေဒါင္းလိုက္အစင္းေတြက အလ်ားလိုက္အစင္းေတြထက္ ပိုၿပီး ဖက္ရွင္
က်ပါတယ္။ အစင္းကိုမွ ခပ္ႀကီးႀကီး နဲ႕ အေရာင္ထင္းထင္ျဖစ္ေနတဲ့ ပိုလိုရွပ္ပံုစံမ်ိဳးက ဘယ္လိုေဘာင္းဘီ
ဖိနပ္မ်ိဳးနဲ႕ အဆို လိုက္ပါတယ္။
Myanmar Textile and Garment Directory