What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း ဒီဇိုင်နာများ

ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း ဒီဇိုင်နာများ google

ဒီဇိုင်နာကောင်းတစ်ယောက်ဆိုတာ အဝတ်အစားဒီဇိုင်းလှလှတွေကို ဖန်တီးရုံသာမက လူတွေရဲ့ အိမ်မက်တွေကို မှော်ဆန်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အကောင်အထည်ဖော်ပေးနေသူတွေပါ။


အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံဟာ ဖက်ရှင်လိုက်စားမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအဆင့်တွင် top 10 ချိတ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာကျော် အနုပညာအများအပြားရှိတဲ့

အပြင် သူတို့ရဲ့ဖက်ရှင် တွေဟာ လည်းတစ်ကမ္ဘာလုံးက ဖက်ရှင်လေ့လာသူတွေနဲ့ ဖက်ရှင်လိုက်စားသူတွေကို အမြဲစောင့်ကြည့်ရလောက်အောင် ဖက်ရှင်ကျလှပါတယ။

အဲ့ဒီဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးတဲ့ ဒီဇိုင်နာတွေကလည်း ကိုယ်စီ ကမ္ဘာအဆင့်မီ အရည်အချင်းတွေနဲ့ ဒိတ်ဒိတ်ကြဲ တွေပါပဲ။ အဲ့ဒီ ဒိတ်ဒိတ်ကြဲတွေထဲကမှ တောင်ကိုရီးယားနိုင်ငံရဲ့ အတော်ဆုံး အကောင်းဆုံး ဒီဇိုင်နာ (၅) ဦးကိုဖော်ပြပေးလိုက်ပါတယ်။

LIE SANG BONG


LIE SANG BONG ဟာကိုရီးယားနိုင်ငံရဲ့အကျော်ကြားဆုံးဖက်ရှင် ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။


1955 ခုနစ်မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက် (၆၄) ကျော်ပြီဖြစ်ပါတယ်။ 1986 ခုနှစ်မှာ Seoul Institute of the Arts ကနေကျောင်းပြီးခဲ့ပြီး ဒီဇိုင်နာလောကကို စတင်ဝင်ရောက်ခဲ့ပါတယ်။


သူရဲ့ဖက်ရှင်ဒီဇိုင်းတွေကိုတော့ ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ Beyoncé, Rihanna, Lady Gaga, and Lindsay Lohan စတဲ့ အနုပညာတွေကဝတ်ဆင်ခဲ့ပါတယ်။

SON JUNG WAN


တောင်ကိုရီးယားနိုင်ငံမှာမွေးဖွားကြီးပြင်းခဲ့သူ Son Jung Wan သည် Sookmyung အမျိုးသမီးတက္ကသိုလ်မှ စက်မှုလက်မှုပညာတွင် အထူးပြုဘွဲ့ ရရှိခဲ့ပြီး အဲ့ဒီနောက် ဆိုးလ် မြို့ရှိ International Mode ဒီဇိုင်းကျောင်းသို့တက်ရောက်ခဲ့သည်။

1989 ခုနစ်မှာတော့ ဖက်ရှင်ဆိုင်ငယ်လေးတစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး


သူမရဲ့ စတိုင်ကျလှပလွန်းတဲ့ လက်ရာတွေကြောင့် သူမရဲ့ဆိုင်ငယ်လေး ဝတ်ဆုံတွေအလွန်ရောင်းရပြီး အောင်မြင်ခဲ့ပါတယ်။ တစ်နှစ်ခန့်အကြာမှာတော့ SON JUNG WAN အမှတ်တံဆိပ်နဲ့ ကိုယ်ပိုင် Brand တစ်ခုကိုထုတ်လုပ်လာတဲ့အထိ

အောင်မြင်လာခဲ့ပါတယ်။ 1993 တွင် တောင်ကိုရီးယားဖက်ရှင် အယ်ဒီတာ


များအသင်းမှ “ Golden Needle Award” ဆုကိုရရှိခဲ့ပြီး 2005 ခုနှစ်မှာတော့ “ တစ်နှစ်တာရဲ့အကောင်းဆုံးဒီဇိုင်နာ” မှတ်တမ်းတင်ခဲ့ပါတယ်။

CRESE. DIM by Hongbum Kim


Hongbum Kim သည် 1978 တွင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တွင်ဖွားမြင်ခဲ့သူတစ်ဦးပါ။


ကိုရီးယားနိုင်ငံ Sejong တက္ကသိုလ်၌ ဖက်ရှင်ဘွဲ့ကိုရခဲ့သည်။ သူဟာဖက်ရှင် ပြိုင်ပွဲများစွာ တွင်ဘွဲ့ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။


ဘွဲ့ရပြီးနောက် မစ္စတာကင်သည် “ ButtonBerry Stitch” အမှတ်တံဆိပ်ကိုစတင်ခဲ့သည်။


အဲ့ဒီနောက် သူရဲ့ပထမဆုံး ဖက်ရှင်လက်ရာစုဆောင်းမှုတွေကို 2010 ခုနှစ်မတ်လတွင် Seoul Fashion Week တွင်ပြသခဲ့ပါတယ်။ ထို့ပြင်သူသည် “ CONCEPT KOREA” မှတစ်ဆင့် ထိပ်တန်း ဒီဇိုင်နာ (၅) ဦးအနက်မှ တစ်ဦးအဖြစ်ရွေးချယ်

ခြင်းခံခဲ့ရပါတယ်။

KYE by Kathleen Kye


တောင်ကိုရီယား အမျိုးသမီးဖက်ရှင် ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ KYE ဟာ Central Saint Martins College of Art and Design မှာပညာသင်ကြားခဲ့သူတစ်ဦးပါ။

သူမရဲ့ ဆန်းသစ်တဲ့ ဖန်တီးမှုတွေကြောင့် နာမည်ကျော်ကြားလာ


ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ 2013 တွင် KYE အမှတ်တံဆိပ်ကိုထုတ်လုပ်ခဲ့ပြီး ကိုရီးယားဖက်ရှင်လောကိုထိုး


ဖောက်ခဲ့ပါတယ်။ 2014 ခုနှစ် တွင် နယူးယောက် ဖက်ရှင် week မပြုလုပ်မီ LVMH ဆုကိုနောက်ဆုံး ဆွတ်ခူးသူဖြစ်ပြီး 2015 ခုနှစ်တွင် Samsaung ၏ ဖက်ရှင်ဒီဇိုင်းဆုကိုရရှိခဲ့ပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 





LIE SANG BONG

designer1




SON JUNG WAN

designer2







designer3






KYE by Kathleen Kye

designer4




 

Myanmar Textile and Garment Directory

Read 1436 times
Rate this item
(0 votes)
Tagged under