What's new
×
Warning
JUser: :_load: Unable to load user with ID: 845
မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းများတွင်နိုင်ငံခြားမှလာရောက်ရင်းနှီးမြှုပ်နှံမည့် သူများအဆင်ပြေနိုင်ရန် တိုင်းဒေသကြီးအစိုးရကအကူအညီပေးမည်ဖြစ်ကြောင်းဦးဖြိုးမင်းသိန်းပြောကြား
မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းများတွင်နိုင်ငံခြားမှလာရောက်ရင်းနှီးမြှုပ်နှံမည့် သူများအဆင်ပြေနိုင်ရန် တိုင်းဒေသကြီးအစိုးရကအကူအညီပေးမည်ဖြစ်ကြောင်းဦးဖြိုးမင်းသိန်းပြောကြား facebook
မြန်မာနိုင်ငံတွင် နိုင်ငံတကာမှလာရောက်မြုပ်နှံ့သည့် အထည်ချုပ်လုပ်ငန်းရှင်များ အဆင်ပြေစေနိုင်ရန်
တိုင်းဒေသကြီးအစိုးရ ကူညီပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံ့သည့် လုပ်ငန်းရှင်အများစုသည် အထည်ချုပ်လုပ်ငန်းဖြစ်ပြီး
နိုင်ငံတကာမှလာရောက် မြုပ်နှံသူမည့်သူများကို အဆင်ပြေနိုင်ရန် တိုင်းဒေသကြီး အစိုးရက ကူညီမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့က မရမ်းကုန်း မြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ မြန်မာနိုင်ငံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကုန်သည်ဝန်ကြီးဌာန နှင့် တရုတ်နိုင်ငံအထည်အလိပ်သွင်းကုန်၊
ထုတ်ကုန်နှင့် ကူးသန်းရောင်းဝယ်ရေးကုန်သည် ကြီးများအသင်းတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ
နိုင်ငံတကာ အထည်အလိပ်နှင့်စက်မှုပစ္စည်းပြပွဲ အခမ်းအနားကိုကျင်းပခဲ့ပါတယ်
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုကြိုးပမ်း ဆောင်ရွက်တဲ့
ကဏ္ဍနယ်ပယ်မှာအထည်အချုပ်ကဏ္ဍဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာရှိပါတယ်။ မြန်မာနိုင်ငံကိုလာရောက်
ရင်း ရင်းနှီးမြုပ်နှံနေတဲ့လုပ်ငန်းရှင်ထဲမှာအများစုဟာ အထည်အချုပ်လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့
နှစ်ပတ်ကိုတစ်ကြိမ် ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ကော်မတီကနေ ခွင့်ပြုမိန့်ထုတ်ပေးနေတဲ့ထဲမှာ
တစ်ဝက်ကျော်လောက်ဟာ အထည်ချုပ်လုပ်ငန်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့အထည်ချုပ်လုပ်ငန်းဟာ မြန်မာ
နိုင်ငံမှာရှိတဲ့ အခြေခံလူထုကို အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်သလို မြန်မာနိုင်ငံရဲ့
နိုင်ငံခြားတင်ပို့နိုင်မှုကိုလည်း တိုးမြှင့်စေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အထည်ချုပ်ကဏ္ဍနဲ့ ပတ်သက်ပြီး
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို အဆင်ပြေချောမွေ့နိုင်ဖို့ိအတွက် တိုင်းဒေသကြီး
အစိုးရဘက်က ကူညီဆောင်ရွက်ပေးမှာဖြစ်သလို နိုင်ငံတကာက အထည်ချုပ် ကဏ္ဍနဲ့ ပတ်သက်ပြီး
ရင်းနှီးမြှုပ်နှံမှုသူတွေကိုလည်း မြန်မာနိုင်ငံမှာလာရောက်ရင်းနှီး မြှုပ်နှံဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်လိုပါတယ်
ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။
အဆိုပါပြပွဲကို ဒီဇင်ဘာ ၈ရက်အထိ မြန်မာ ကွန်ဗင်ရှင်းစင်တာ၌ စက်ရုံပေါင်း ၁၅၀ ကျော်မှ ပိတ်စအမျိုးမျိုးနှင့်
အပိုပစ္စည်းများ၊ အဝတ်ထည်များ၊ Textile စက်ပစ္စည်းအမျိုးမျိုး၊ ကား၊ မော်တော်ဆိုင်ကယ်
နှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ မီးစက်၊ ကွန်ပရက်ဆာနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ အရုပ်နှင့် လက်ဆောင်
ပစ္စည်းအမျိုးမျိုး၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းမျိုးစုံ
တို့အားခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို အဆင်ပြေချောမွေ့နိုင်ဖို့အတွက် တိုင်းဒေသကြီး
textile2019 1
textile7
textile8
textile9
textile10
Read 921 times
Rate this item
(0 votes)