What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရှိရင်းစွဲထက် ပိုငယ်သွားစေနိုင်တဲ့ ဝတ်စုံများ

ရှိရင်းစွဲထက် ပိုငယ်သွားစေနိုင်တဲ့ ဝတ်စုံများ google

ရှိရင်းစွဲထက် ပိုငယ်သွားစေနိုင်တဲ့ ဝတ်စုံများ
အဝတ်အစားက လူတစ်ယောက်ရဲ့သွင်ပြင်ကို များစွာထိန်းချုပ်နိုင်ပါတယ်။

ကိုယ်ရွေးချယ်မိတဲ့ အဝတ်အစားကြောင့် အသက်ပိုကြီးသွားတယ်ထင်ရသလို ဝတ်စုံစတိုင်တစ်ခုကြောင့် ကိုယ့်ရဲ့ရုပ်ရည်ဟာ ရှိရင်းစွဲအသက်ထက် ပိုငယ်ပြီးနုသွားစေနိုင်ပါတယ်။

ဒီတော့အဝတ်အစားရွေးချယ်တတ်မှုကလည်း အရေးကြီးတယ်နော်။

တီရှပ်နဲ့ ဂျင်းဘောင်းဘီ
တီရှပ်တစ်ထည်ဟာ ကိုယ့်ရဲ့တစ်နေ့တာလှုပ်ရှားသွားလာမှုတွေကို ပေ့ါပါးသွက်လက်စေနိုင်ပြီး ပိုမိုနုပျိုတဲ့ အသွင်ကိုလည်း ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။

ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်ခြင်းအားဖြင့် ပြီးပြည့်စုံတဲ့ငယ်ရွယ်မှုကို ခံစားရမှာဖြစ်ပါတယ်။

အော်တာရှပ်နဲ့ စတိုင်ဘောင်းဘီ
အော်တာရှပ်ဟာ အရောင်အဆင်းနဲ့ဒီဇိုင်းတွေမှာ တမူထူးခြားလှပါတယ်။ သင့်ခန္ဓာကိုယ်ကို ပိုမိုသွယ်လျစေနိုင်ပါတယ်။

စတိုင်ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါမှာ တက်ကြွလန်းဆန်းတဲ့ နုပျိုမှုတွေကို ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။

ဂျင်းဝတ်စုံ
ဂျင်းဝတ်စုံကတော့ ခေတ်အဆက်ဆက်မရိုးနိုင်တဲ့ အကောင်းဆုံးဝတ်စုံတစ်မျိုးပဲဖြစ်ပါတယ်။

အသက်ကြီးတဲ့အမျိုးသားတွေ ဂျင်းဝတ်စုံကို ဝတ်ဆင်ခြင်းအားဖြင့် စတိုင်ကျနုပျိုမှုတွေကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

လူငယ်ဆန်တဲ့ကုတ်အင်္ကျီ
မဖြစ်မနေပွဲတက်ရတော့မယ့် အချိန်တွေမှာ ခန့်ခန့်ညားညား ဝတ်ဆင်ချင်ကြပါတယ်။

ဒါပေမယ့် ကိုယ်ရွေးချယ်လိုက်တဲ့ ပွဲတက်ဝတ်စုံကြောင့် ကိုယ့်ရဲ့ရုပ်ရည်က ရင့်ထော်သွားမှာလည်း စိုးရိမ်တတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ လူငယ်ဆန်ဆန်ကုတ်အကျီင်္မျိုးကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။

ငယ်ရွယ်နုပျိုတဲ့စတိုင်နဲ့ ပွဲလယ်တင့်သွားမှာပဲဖြစ်ပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 



 

တီရှပ်တစ်ထည်ဟာ ကိုယ့်ရဲ့တစ်နေ့တာလှုပ်ရှားသွားလာမှုတွေကို ပေါ့ပါးသွက်လက်စေနိုင်ပြီး ပိုမိုနုပျိုတဲ့ အသွင်ကိုလည်း ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။


 

m1

 



 

m2

 

 

ဂျင်းဝတ်စုံ


 

m3

 




 

m4

 

Source : Kwee

Myanmar Textile and Garment Directory

စက်ချုပ်သင်တန်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒါလေးနှိပ်ကြည့်ပါ

Read 2241 times
Rate this item
(0 votes)
Tagged under