What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်္ဂလာဝတ်စုံအပြင် သိထားသင့်သော Accessories လေးများ

မင်္ဂလာဝတ်စုံအပြင် သိထားသင့်သော Accessories လေးများ google

မင်္ဂလာဝတ်စုံအပြင် သိထားသင် ့သော Accessories လေးများ 
သတို့သမီးလေးလှဖို့ မင်္ဂလာဝတ်စုံအပြင် ဘာတွေလိုအပ်သလဲ ဆိုတာ အလှဆုံး ဖြစ်ဖို့ ကြိုးစားနေတဲ့ သတို့သမီးလေးတွေ သိအောင် ပြောပြပေးချင်ပါတယ်။


မိန်းကလေးတွေက သာမန်အပြင်သွားဖို့အတွက်တောင် ဘာဝတ်ရမလဲ၊ ဝတ်မယ့် ဝတ်စုံနဲ့ ဘယ်လို Accessories လေးတွေ လိုက်ဖက်လဲ၊ ဘယ်လက်ကိုင်အိတ် ကိုင်ရမလဲ၊ ဘာဖိနပ် စီးသွားရမလဲ ဆိုတာရယ်ကို ခေါင်းပူအောင် စဉ်းစားတတ်သူတွေ မဟုတ်လား။
 ဒီတော့ ကိုယ့်ရဲ့ မင်္ဂလာပွဲနေ့ အတွက်ဆိုရင် နတ်သမီးလေးတွေလို ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး ဖြစ်ချင်မှာ သေချာပါတယ်။ 
မင်းသမီးလေးလို လှနေဖို့ မိတ်ကပ်၊ ဆံပင် အပြင်အဆင်နဲ့ အဝတ်အစားတွေက အရေးကြီးဆုံး ဆိုပေမယ့် အလှအပ လိုအပ်ချက်လေးတွေကို ဖြည့် စွက်ပေးမယ့် Accessoriesလေးတွေရဲ့ အရေးပါမှုတွေကိုလည်း လိုအပ်ပါတယ်။
ပုဝါ
ဗမာ ဝတ်စုံနဲ့ပဲ ဆောင်ဆောင်၊ အနောက်တိုင်း ဝတ်စုံနဲ့ပဲဆောင်ဆောင် ပုဝါလိုအပ်တယ်လေ။

အတွင်းဝတ်
အတွင်းခံ အဝတ်အစားက ခန္ဓာကိုယ်ကို ပိုလှအောင် ပြုပြင်ပေးလို့ပါ။ ခန္ဓာကိုယ် ကောက်ကြောင်းလေးတွေ ပိုပေါ်စေပါတယ်။

 ဆံပင်အလှဆင် ပစ္စည်း
ပန်းလေးတွေ၊ ကလစ်လေးတွေ၊ သရဖူလေးတွေ၊ ဘီးကုတ်လေးတွေက ထုံးထားတဲ့ ဆံထုံးလေးကို ပိုလှစေတာပေါ့။

ဖိနပ်
ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဖိနပ်လှလှလေးက သတို့သမီးလေးရဲ့ ခြေလှမ်းတွေကို ပိုလှစေမှာနော်။

ရေမွှေး
သင်းပျံ့တဲ့မွှေးရနံ့လေးကြောင့် ကိုယ်ကိုယ်တိုင်ရော ဘေးနားက သတို့သားလေးရော၊ ကိုယ့်ကို ပွေ့ဖက် နှုတ်ဆက်ကြတဲ့ ဧည့်ပရိတ်သတ်တွေပါ စိတ်ကြည်လင်သွားမှာပါ။

 လက်ကိုင်ပန်း
တချို့ကောင်မလေးတွေရဲ့ အလှချို့ယွင်းချက်တွေကို လက်ကိုင်ပန်းစည်းလေးက ဖျောက်ပေးနိုင်တယ်ဆိုတာ ယုံလိုက်ပါနော်။

 လက်ကိုင်အိတ်
လက်ကိုင်ပန်း မကိုင်တဲ့ သတို့သမီးလေးတွေအတွက် လက်ကိုင်အိတ်လေးတော့ လိုတာပေါ့။


လည်ဆွဲဘယက်
ဝတ်စုံရဲ့ ရင်ဘတ်ဒီဇိုင်းနဲ့ လိုက်ဖက်တဲ့ လည်ဆွဲဘယက်က သတို့သမီးလေးရဲ့ အလှကို ပိုခမ်းနားစေပါတယ်။


နားကပ်
ထုံးထားတဲ့ ဆံထုံးနဲ့ ဝတ်ထားတဲ့ ဝတ်စုံကြားက လစ်ဟင်းနေတဲ့ နေရာလေးကို နားကပ်ကလေးနဲ့ ဖြည့်လိုက်ပါနော်။

 အခြားလက်ဝတ်ရတနာ

 လက်ကောက် ၊ လက်စွပ်၊ ရင်ထိုးစတဲ့ လက်ဝတ်ရတနာတွေကိုတော့ ကိုယ်နဲ့ လိုက်တာတွေကို ရွေးဝတ်သင့်တယ်။

 Accessories လေးတွေမှာ မသုံးမဖြစ် သုံးသင့်တဲ့Accessories လေးတွေ ပါသလို မသုံးဘဲ ချန်ခဲ့လို့ရတဲ့ Accessories လေးတွေလည်း ပါပါတယ်။ 
အလှဆုံး သတို့ သမီးလေး ဖြစ်ဖို့အတွက်ကတော့ ကိုယ်နဲ့ လိုက်တဲ့၊ ကိုယ့်ရဲ့ အလှတွေကို ပိုပြီး ဝင့်ကြွားစေမယ့် Accessories လေးတွေကို မမေ့ခဲ့ဖို့ လိုပါတယ်လို့ အကြံပြုလိုက်ပါတယ်နော်။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

သတို႔သမီးေလးလွဖို႔ မဂၤလာဝတ္စံုအျပင္ ဘာေတြလိုအပ္သလဲ ဆိုတာ အလွဆံုး ျဖစ္ဖို႔ ႀကိဳးစားေနတဲ့ သတို႔သမီးေလးေတြ သိေအာင္ ေျပာျပေပးခ်င္ပါတယ္။

မိန္းကေလးေတြက သာမန္အျပင္သြားဖို႔အတြက္ေတာင္ ဘာ၀တ္ရမလဲ၊ ၀တ္မယ့္ ၀တ္စံုနဲ႔ ဘယ္လို Accessories ေလးေတြ လိုက္ဖက္လဲ၊ ဘယ္လက္ကိုင္အိတ္ ကိုင္ရမလဲ၊ ဘာဖိနပ္ စီးသြားရမလဲ ဆိုတာရယ္ကို ေခါင္းပူေအာင္ စဥ္းစားတတ္သူေတြ မဟုတ္လား။
 ဒီေတာ့ ကိုယ့္ရဲ႕ မဂၤလာပြဲေန႔ အတြက္ဆိုရင္ နတ္သမီးေလးေတြလို ကမာၻေပၚမွာ အလွဆံုး မိန္းကေလး ျဖစ္ခ်င္မွာ ေသခ်ာပါတယ္။
မင္းသမီးေလးလို လွေနဖို႔ မိတ္ကပ္၊ ဆံပင္ အျပင္အဆင္နဲ႔ အဝတ္အစားေတြက အေရးႀကီးဆံုး ဆိုေပမယ့္ အလွအပ လိုအပ္ခ်က္ေလးေတြကို ျဖည့္ စြက္ေပးမယ့္ Accessoriesေလးေတြရဲ႕ အေရးပါမႈေတြကိုလည္း လိုအပ္ပါတယ္။


ပု၀ါ
ဗမာ ဝတ္စံုနဲ႔ပဲ ေဆာင္ေဆာင္၊ အေနာက္တိုင္း ဝတ္စံုနဲ႔ပဲေဆာင္ေဆာင္ ပုဝါလိုအပ္တယ္ေလ။

 

အတြင္းဝတ္
အတြင္းခံ အဝတ္အစားက ခႏၶာကိုယ္ကို ပိုလွေအာင္ ျပဳျပင္ေပးလို႔ပါ။ ခႏၶာကိုယ္ ေကာက္ေၾကာင္းေလးေတြ ပိုေပၚေစပါတယ္။

 

 ဆံပင္အလွဆင္ ပစၥည္း
ပန္းေလးေတြ၊ ကလစ္ေလးေတြ၊ သရဖူေလးေတြ၊ ဘီးကုတ္ေလးေတြက ထံုးထားတဲ့ ဆံထံုးေလးကို ပိုလွေစတာေပါ့။

 

ဖိနပ္
ဝတ္စံုနဲ႔ လိုက္ဖက္တဲ့ ဖိနပ္လွလွေလးက သတို႕သမီးေလးရဲ႕ ေျခလွမ္းေတြကို ပိုလွေစမွာေနာ္။

 

ေရေမႊး
သင္းပ်ံ႕တဲ႔ေမႊးရနံ႕ေလးေၾကာင့္ ကိုယ္ကိုယ္တိုင္ေရာ ေဘးနားက သတို႕သားေလးေရာ၊ ကိုယ့္ကို ေပြ႕ဖက္ ႏႈတ္ဆက္ၾကတဲ့ ဧည့္ပရိတ္သတ္ေတြပါ စိတ္ၾကည္လင္သြားမွာပါ။

 

 လက္ကိုင္ပန္း
တခ်ိဳ႕ေကာင္မေလးေတြရဲ႕ အလွခ်ိဳ႕ယြင္းခ်က္ေတြကို လက္ကိုင္ပန္းစည္းေလးက ေဖ်ာက္ေပးႏိုင္တယ္ဆိုတာ ယံုလိုက္ပါေနာ္။

 

 လက္ကိုင္အိတ္
လက္ကိုင္ပန္း မကိုင္တဲ့ သတို႔သမီးေလးေတြအတြက္ လက္ကိုင္အိတ္ေလးေတာ့ လိုတာေပါ့။


လည္ဆြဲဘယက္
ဝတ္စံုရဲ႕ ရင္ဘတ္ဒီဇိုင္းနဲ႔ လိုက္ဖက္တဲ့ လည္ဆြဲဘယက္က သတို႔သမီးေလးရဲ႕ အလွကို ပိုခမ္းနားေစပါတယ္။


နားကပ္
ထံုးထားတဲ့ ဆံထံုးနဲ႔ ဝတ္ထားတဲ့ ဝတ္စံုၾကားက လစ္ဟင္းေနတဲ့ ေနရာေလးကို နားကပ္ကေလးနဲ႔ ျဖည့္လိုက္ပါေနာ္။

 

 အျခားလက္ဝတ္ရတနာ

 လက္ေကာက္ ၊ လက္စြပ္၊ ရင္ထိုးစတဲ့ လက္ဝတ္ရတနာေတြကိုေတာ့ ကိုယ္နဲ႔ လိုက္တာေတြကို ေရြး၀တ္သင့္တယ္။

 Accessories ေလးေတြမွာ မသံုးမျဖစ္ သံုးသင့္တဲ့Accessories ေလးေတြ ပါသလို မသံုးဘဲ ခ်န္ခဲ့လို႔ရတဲ့ Accessories ေလးေတြလည္း ပါပါတယ္။
အလွဆံုး သတို႔ သမီးေလး ျဖစ္ဖို႔အတြက္ကေတာ့ ကိုယ္နဲ႔ လိုက္တဲ့၊ ကိုယ့္ရဲ႕ အလွေတြကို ပိုၿပီး ၀င့္ၾကြားေစမယ့္ Accessories ေလးေတြကို မေမ့ခဲ့ဖို႔ လိုပါတယ္လို႔ အၾကံျပဳလိုက္ပါတယ္ေနာ္။

 

 

Myanmar Textile and Garment Directory

စက္ခ်ဳပ္သင္တန္းေတြကို စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဒါေလးႏွိပ္ၾကည့္ပါ

Read 1736 times
Rate this item
(0 votes)
Tagged under