What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၉ ခုနှစ် နွေဦးမှာ ခေတ်စားလာမဲ့အရောင်များ

၂၀၁၉ ခုနှစ် နွေဦးမှာ ခေတ်စားလာမဲ့အရောင်များ google

အဝတ်အစားရွေးချယ်ရာမှာ ဒီဇိုင်းကိုပဲမဟုတ်ဘဲ အရောင်ကိုလည်း ကြည့်တတ်ကြပါတယ်နော်။ ဒီအရောင်ကတော့ ဒီရာသီနဲ့ မလိုက်ဘူးလို့ ပြောသံတွေကို လည်းကြားဖူးကြမှာပါ။

ဥပမာ  နွေရာသီမှာ အနက်ရောင်ကို ဝတ်ဆင်ခြင်းက ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။

 

ဒီနေ့မှာတော့ Textile ပရိသတ်ကြီးအတွက် ၂၀၁၉နွေဦးရာသီမှာ ခေတ်စားလာမဲ့ အရောင်တွေကို ပြောပြပေးချင်ပါတယ်။


(၁)Living Coral

ဒီအရောင်ကိုတော့ Pantone color လို့လည်းခေါ်ပါတယ်။ ဒီအရောင်ကိုဟာ ရွှေရောင်ဖျော့ဖျော့လေးနှင့် လိမ္မော်ရောင်တို့ကို  ပေါင်းစပ်ထားတာကိုတွေရပါတယ်။ ဒီအရောင်ဟာဆိုရင် နွေဦးမှာ ခေတ်စားလာမဲ့အရောင်တွေထဲက တစ်ရောင်ပဲဖြစ်ပါတယ်။

 

LIVING CORAL

 

(၂)Shades of Yellow

ဒီအရောင်ဟာဆိုရင်တော့ အရမ်းကြီးအဝါရောင်မဆန်ပါဘူး။ ဒီအရောင်ဟာ New York Fashion Week တွေမှာ ခေတ်စားတဲ့အရောင်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီအရောင်ကို အသားရောင်လို့ ပြောကြမှာပါ။

 

SHADES OF YELLOW

 

 

(၃)Powder Blue

၂၀၁၈ခုနှစ်မှာ မိုးပြာရောင်အများကြီးကို မြင်တွေ့ ခဲ့ရမှာပါ။ ဒီအရောင်ဟာဆိုရင် မိုးပြာရောင်နဲ့ မီးခိုးရောင်စပ်ထားတာပါ။  ဒီအရောင်ဟာ မိန်းကလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့အရောင်ဖြစ်ပြီး လန်းဆန်းတတ်ကြွနေတဲ့ သဘောကိုဆောင်ပါတယ်။

 

POWDER BLUE

 


(၄)Deep Olive Green

ဒီအရောင်ဟာဆိုရင် သံလွင်သီးအရောင်ကိုမှ အမှောင်ဘက်ကို ပြေးနေပါတယ်။ ဒီအရောင်ဟာ ညနေနေဝင်တဲ့အချိန်နဲ့ အရမ်းလိုက်ဖက်ပါတယ်။

DEEP OLIVE GREEN

 


(၅)Auburn Red

Auburn လို့ ခေါ်တဲ့ ၂၀၁၉ခုနှစ်မှာခေတ်စားမဲ့အရောင်ဟာဆိုရင် အရင့်နှင့် အနုဆိုပြီး ၂မျိုးရှိပါတယ်။ 

၂၀၁၈ခုနှစ်မှာ Terracotta လို့ခေါ်တဲ့ အုတ်ကျိုးအရင့်ရောင်ဟာ ခေတ်စားခဲ့ပြီး ၂၀၁၉ခုနှစ်မှာတော့ အဲ့အရောင်နဲ့ သိပ်မကွာတဲ့ Auburn Red ဟာ ခေတ်စားမဲ့အရောင်တစ်ရောင်ဖြစ်လာခဲ့ပါတယ်။

 

AUBURN RED

 


(၆)Egyptian Blue

ဒီအရောင်ဟာ runway တွေမှာ အဓိက အရောင်အဖြစ်သုံးလေ့ရှိကြပါတယ်။ ဒီအရောင်ကို ဖက်ရှင်ဘက်မှာသာမက တစ်ခြားကုန်ပစ္စည်းတွေမှာလည်း တွေ့ရတတ်ပါတယ်။

ဒီအရောင်ဟာအရင်ကတည်းက လူကြိုက်များပြီး အခုလည်း ခေတ်စားလာဦးမဲ့ အရောင်တစ်ရောင်ပဲ ဖြစ်ပါတယ်။

 

EGYPTIAN BLUE

 

Myanmar Textile & Garment Directory

 

အဝတ်အစားဆိုင်တွေကို သိချင်တယ်ဆိုရင်တော့ ဒါလေးကိုနှိပ်လိုက်ပါနော်

Read 1357 times
Rate this item
(0 votes)
Tagged under