What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပုခုံးဒေါက်ထည့်နည်း

ပုခုံးဒေါက်ထည့်နည်း facebook

Textile ပရိတ်သတ်ကြီးအတွက် ပုခုံးဒေါက်ထည့်နည်းလေး မျှဝေပေးချင်ပါတယ်နော်

ရှေ့ခြမ်းပတ်တန်ထုတ်ယူသောအခါ လည်ပင်းနဲ့ပခုံး မျဉ်းချထားပြီးပြီဆို ပခုံးမျဉ်းကို နှစ်ပုံခွဲပါ

2

 


ရင်မျဉ်းမှရင်အကွာကို ၂နဲ့စားပြီး နေရာချပါ ထို့နော် ပခုံးမှအောက်သို့ မျဉ်းချလိုက်နော်

3

 


ထို့နောက် ရင်အတိုင်းကို ဥပမာ မိမိရင်အတိုင်းက 80÷2=40÷10=4cm ထို့4cmကို ပခုံးမှ နှစ်ပုံအခွဲမှာ တစ်ဖဲ့2cm စီချပါ

4

 

ထို့နောက် ပုံအတိုင်း မျဉ်းချပေးပါ

5

 

ပခုံးအတိုင်းက ဥပမာ 12cmရတယ်ဟုတ် မှတ်ထားပေးပါ

6

 

အလယ်ကနေ ဒေါက်ကို ခေါက်ချလိုက်သောအခါ ပခုံးမျဉ်းက 12cm မရတော့ဘူးနော်

7

 

ဒေါက်ကို ခေါက်ထားပြီး ပခုံးကို 12cm ထပ်ရအောင် ပုံအတိုင်း မျဉ်းထပ်ဆွဲပါ

8

 

ရင်ပေါ်မျဉ်းမှာ ဒေါက်ကိုခေါက်ထားရင်း ရှေ့ရင်ပေါ်အတိုင်းကို + 1÷2 အမှတ်အသားချပါ

9


ထို့မှလက်ကိုဝိုက်ပေးပါ

10


လက် ပခုံး လည်ပင်းကို ပခုံးမှဒေါက်ထားရင်းနဲ့ ညှပ်ပေးပါ

11

 

ဤသို့ ဒေါက်နဲ့တစ်ကွ မြင်ရသော ရှေခြမ်း အပေါ်ပိုင်းပတ်တန်

12

 


ဒေါက်ကို ပြန်ခေါက်ကြည့်လိုက်ရင် ရင်သားအတွက် နေရာရရှိလာပြီး ရင်သားနေရာက လုံးနေမည် တကယ် အထည်ပေါ်သို့ ချပြီးချုပ်လိုက်ရင်

13


ဒါကြောင့် ဘာကြောင့် ဒေါက်ထည့်တာလဲ ဒေါက်ထည့်တာ ဘယ်လိုထည့်လို့ ဘယ်လောက်ဟထားရမှာလဲဆိုတဲ့ အမေးများရှင်းလောက်ပြီထင်တယ်နော်

14

 

Source: ကြယ်စင်မောင်နှမ

Myanmar Textile and Garment Directory

Read 4811 times
Rate this item
(2 votes)
Tagged under