What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ချုပ်ပညာသင်ကြရာဝယ်

စက်ချုပ်ပညာသင်ကြရာဝယ် google

စက်ချုပ်ပညာမှာ အခက်ခဲဆုံးသင်တန်းက အခြေခံလို့ခေါ်တဲ့ (Basic)တန်းပါဘဲ သင်ပြတဲ့သူရော လိုက်ချုပ်တဲ့သူပါ အချိန်အကြာဆုံးနှင့် လေ့ကျင့်မှု အများဆုံး

လုပ်ရတာ အခြေခံတန်းပါပဲ။

အခြေခံကို စနစ်တကျနိုင်သွားပြီဆိုရင်တော့ ခက်ခဲတယ်ဆိုတာ သိပ်မရှိသလောက်ပါပဲ။

သင်တန်းတစ်ခုမှာ အခြေခံ(Basic)တန်းပြီးသွားလို့ ငါတော့စက်ချုပ်ပညာ အခြေခံတတ်ပြီလို့ တထစ်ချ မထင်လိုက်ပါနဲ့။ တကယ်လေ့လာလို့ တတ်တဲ့သူလဲ တတ်ပါတယ်။

ဒါပေမယ့် တစ်ချို့တွေဆိုရင် အခြေခံနှင့် အဆင့်မြင်တန်းများကို တော်တော်တောင်တက်ထားပြီးမှ ပိုက်စအဖြောင့် ၁၈လက်မလောက် နှစ်ခုကိုစပ်ချုပ်ဖို့အတွက် ပင်အပ် ၁၀ ချောင်းထိုးချုပ်တာတောင် အနားလဲလဲမညီ ချုပ်ပြားလဲမညီတာတွေ အများကြီးပါဘဲ။

အဓိကပြောချင်တာက ဒီပညာကို ဝါသနာပါလို့ လေ့လာတယ်ဆိုရင် ဆန္ဒတွေသိပ်မစောကြပါနဲ့။ အချိန်ယူပြီတော့ လေ့ကျင့်ကြပါ။ အခြေခံကို ပိုင်နိုင်အောင်လေ့ကျင့်ပါ။ ဒါမှ အဆင့်မြင့်သင်တန်း တက်ဖို့အတွက် လွယ်ကူမှာပါ။

စက်ချုပ်ပညာမှာ ဘယ်အပိုင်းအခက်ဆုံးလဲ?
ချုပ်နည်း ကအခက်ဆုံးပါ။ ဘယ်လောက်ခက်တဲ့ Pattern ဖြစ်ဖြစ် သင်ပြတဲ့ ဆရာ နည်းစနစ်ကျွမ်းကျင်ရင် အဲဒီ Pattern ကို နာရီပိုင်းအတွင်း လိုက်လုပ်နိုင်တယ်။ နာရီပိုင်းနှင့် မရရင် ရက်ပိုင်းပေါ့။

ဒါပေမယ့် ချုပ်နည်းကို နာရီပိုင်းနှင့်လဲသင်လို့ မရသလို ရက်ပိုင်းနှင့်လဲသင်လို့မရနိုင်ပါဘူး။ Pattern ဆိုတာအချိန်ပိုင်းတစ်ခုအတွင်းမှာ အပေါင်း အနှုတ် အမြောက် အစား ကိုတတ်ရင် သင်လို့ရပေမယ့် ချုပ်နည်းကတော့ သင်ပြရုံနှင့်တင်မရဘဲ အဖန်ဖန်အထပ်ထပ် လေ့ကျင့်ဖန်များမှ စက်ရဲ့ဆွဲအား ပိတ်စရဲ့ ရုန်းကန်အားနှင့် လက်ရဲ့ ပိတ်စပေါ်မှာအတင်းအလျှော့တွေကို များများချုပ်လာမှ ကိုယ်တိုင်သိလာရတာမို့ လေ့ကျင့်အားအချိန်အများကြီးလိုပါတယ်။ ဒါကြောင့် အခြေခံ (Basic )သင်တန်းဆင်းပြီးလို့ ငါတော့ စက်ချုပ်အခြေခံတတ်ပြီ ကိုယ့်ကိုကိုယ်အထင်ကြီးပြီး အဆင့်မြင့်တန်းတွေကို တက်တဲ့အချိန်မှာ ဘာမှာ မချုပ်နိုင်မလုပ်နိုင်လို့ သင်တန်းကြေးတွေတပုံတအော ပေးပြီး ဘာမှမတတ်ခဲ့ပါဘူးလို့ ဟစ်ကြွေးနေတဲ့ သင်တန်းသား/သူတစ်ချို့ဟာ အမှန်ကတော့ သင်တန်းဆရာ တွေသင်ပြတာမကောင်းလို့မဟုတ်ဘဲ ဒီပညာကို လက်ခံသင်ကြားနိုင်တဲ့ အရည်အချင်း စက်ချုပ်ပညာ အခြေခံကိုယ့်မှာ မရှိသေးလို့ ဆိုတာကို သဘောပေါက်ပြီး ကြိုးစားစေချင်ပါတယ်။

ဒါမှသာ တန်ဖိုးထားတဲ့ စက်ချုပ်ပညာဟာ အများကလေးစားပြီး လူတွေကိုအလှဆင်နိုင်တဲ့ ပညာရပ်တစ်ခုအဖြစ် ကမ္ဘာမှာ အတွန့်ရှည်စွာ ရပ်တည်နိုင်မှာပဲ ဖြစ်ပါတယ်။

Related Article>>> ဒီဇိုင်နာ သင်တန်း တက်ခါစ ညီမလေးတွေ သင်ယူခါစမှာ မှားတတ်တဲ့ အမှားလေးတွေ

Source:  စောလွင် (ကောင်းသန့်-အခြေခံစက်ချုပ်ပညာနှင့် ရှပ် အကျီင်္သင်တန်းကျောင်း)

Myanmar Textile and Garment Directory

Read 9181 times
Rate this item
(2 votes)
Tagged under