What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ငယ်မူငယ်သွေးနဲ့ အလှသွေးကြွယ်စေဖို့

ငယ်မူငယ်သွေးနဲ့ အလှသွေးကြွယ်စေဖို့ google

အသက်အရွယ်ကြီးလာလို့ ၃၀ကျော်သွားလို့ ၄၀ကျော်သွားလို့ဒီဇိုင်းဆန်းဆန်းတွေဝတ်စားလို့မရဘူး လို့မထင်ပါနဲ့။

ငယ်ရွယ်နုပျိုမှုဟာ အဝတ်အစားနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အဝတ်အစား ရွေးချယ်တတ်ရင် ရှိရင်းစွဲအသက်ထက် ပိုငယ်တယ်လို့ ထင်ရစေပါတယ်။ ကလေးဆန်တဲ့ အဝတ်အစားတွေ ဝတ်ရမယ်လို့ မဆိုလိုပါဘူး။အသက်အရွယ်နဲ့လည်း သင့်တော်ပြီး လန်းဆန်းတက်ကြွစေတဲ့ ဖက်ရှင်မျိုး ရွေးဝတ်သင့်ပါတယ်။ ဒါ့ကြောင့် ဖက်ရှင်ကို အသုံးချပြီး နုပျိုလှပနေဖို့ နည်းလမ်းလေးတွေ ဝေမျှလိုက်ပါတယ်။

(၁) အဝတ်ဗီရိုကိုရှင်းထုတ်ပါ

ဆယ်နှစ်လောက် ဒီအဝတ်အစားတွေပဲ ထပ်ခါတလဲလဲ ဝတ်နေရ င်သင့်ရဲ့အဝတ်ဗီရိုကို ရှင်းပစ်ဖို့ အချိန်တန်ပါပြီ။အဝတ်အစားသစ် ဝယ်ချင်ပေမယ့် ဘယ်အဝတ်အစားက ကိုယ်နဲ့လိုက်ပြီး နုပျိုတယ် ထင်ရစေမလဲ ဆိုတာ မသိရင် မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ အတူတူသွားဝယ်ပါ။ ဒါမှမဟုတ်ရင်လည်း fashion magazine တွေမှာ လိုက်ရှာကြည့်ပါ။အဝတ်အစားတွေ ဝယ်တဲ့အခါ စိတ်ရှည်လက်ရှည် အထည်တွေကို ဝတ်ကြည့်ပါ။ ကိုယ်နဲ့ လိုက်တာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့မှာပါပဲ။

Read More>> ဒီဇိုင်နာ သင်တန်း တက်ခါစ ညီမလေးတွေ သင်ယူခါစမှာ မှားတတ်တဲ့ အမှားလေးတွေ

(၂) အရောင်တောက်တောက်တွေ ဝတ်ပါ

အရောင်တောက်တဲ့ အထည်တွေဟာ ငယ်ရွယ်နုပျိုစေပါတယ်။ အရောင်ရင့်ရင့်လေးတွေ ရွေးဝတ်ရင် နုပျိုပြီးတက်ကြွတယ်လို့ ထင်ရစေပါတယ်။ ဗီရိုထဲက အနက်ရောင်အထည်တွေ၊ မီးခိုးရောင်တွေနဲ့ အရောင်ဖျော့ဖျော့အထည်တွေကို ထုတ်ပစ်ပြီး အနီတွေ၊ လိမ္မော်တွေ၊ အစိမ်းတွေနဲ့ အစားထိုးပစ်ပါ။

(၃) တီရှပ်

တီရှပ်ဖြူဖြူလေးကို ဘောင်းဘီအထဲကို ထည့်ဝတ်တာဟာ ဘယ်တော့မှလဲ မရိုးနိုင်သလို ငယ်ရွယ်နုပျို စေတဲ့ ဖက်ရှင်ပါ။ ခဲတံပုံစကပ်လေးတွေနဲ့ တွဲဝတ်ရင် ကျက်သရေလဲရှိလို့ ဗီရိုထဲမှာမရှိမဖြစ် ဝယ်ထည့်ထားသင့်ပါတယ်။ တီရှပ်ကို အပြင်ထုတ်ဝတ်ရင် အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။

(၄) ကောက်ကြောင်းပေါ်အောင်ဝတ်စားပေးပါ

ခါးသိမ်သိမ် တင်ကားကားလေး ဖြစ်နေအောင် ဝတ်စားပေးခြင်းအားဖြင့်လည်း ငယ်ရွယ်နုပျိုမှုကို ဖန်တီးပေးပါတယ်။ Body အလှပေါ်အောင် ဝတ်တတ်စားတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ တင်လေးကောက်နေအောင် ကူညီပေးတဲ့ဘောင်းဘီတွေ ရွေးဝတ်ပါ။ ဒေါက်ဖိနပ် စီးပေးခြင်းအားဖြင့်လဲ ကိုယ်လုံးအလှကို ပေါ်လွင်စေပါတယ်။

Source:jasmine

Myanmar Textile and Garment Directory

Read 1837 times
Rate this item
(0 votes)