What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရုံးသွားတဲ့အခါ မဝတ်ဆင်သင့်တဲ့ ဖက်ရှင်များ

ရုံးသွားတဲ့အခါ မဝတ်ဆင်သင့်တဲ့ ဖက်ရှင်များ google

ကိုယ်သွားရတဲ့ ရုံး/company က company လို့သာပြောတာ သူငယ်ချင်း သုံးယောက် ပေါင်းပြီးရုံးထိုင်တာမျိုး၊ ဒါမှမဟုတ် မိသားစု ဝင်တွေ ပိုများနေတဲ့ company

မျိုးဆိုရင် ကိုယ်ဘာဝတ်ဝတ် အရေးမကြီးဘူး ဆိုတာ ဖြစ်နိုင်ပေမယ့် ကိုယ့်အလုပ်က အထက်လူ ကြီးတွေ၊ လက်အောက်ငယ်သား တွေနဲ့ ပြောဆိုဆွေးနွေး လုပ်ဆောင်ရတယ်။ ဒါ့အပြင် ဒီရုံးကိုယ်စားပြု အပြင်သွားရတယ်၊ လူသစ် မိတ်ဆွေသစ် ဒါမှမဟုတ် ဧည့်သည် တွေနဲ့ စကားပြောဆိုရတယ် စသဖြင့် ပရော်ဖက်ရှင်နယ် သွားနေရတယ် ဆိုရင် ကိုယ့်ရဲ့အဝတ်အစားဟာ အတိုင်းအတာ တစ်ခုထိ အရေးကြီးသွားပါပြီ။ ဒါကြောင့်မို့ ဒီနေ့မှာတော့ အလုပ်သွားတဲ့အခါ၊ ရုံးသွားတဲ့ အခါ ဘယ်လိုအဝတ်အစားမျိုးတွေ မဝတ်သင့်၊ မရွေးချယ်သင့်သလဲ ဆိုတဲ့အကြောင်းလေး ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(၁) Ripped Jeans တွေ ဘယ်လောက်ခေတ်စား ပြီး အထာကျကျ ရုံးလို company လို နေရာမျိုးနဲ့ တော့ မသင့်တော်ပါဘူးနော်။ jeans ကိုတောင် တစ်ချို့အလုပ်တွေမှာ ဝတ်ခွင့်မပြုကြပါဘူး။ တကယ်လို့ ကိုယ့်အလုပ်က jeans တွေ ဝတ်ခွင့် ပေးတယ်ဆိုရင်တော့ တော်တော်အထာကျတဲ့ ရုံးလို့ သတ်မှတ်ရမှာပါ။ ဒါပေမယ့် ဒူးပြဲ ပေါင်ပြဲ ဒီဇိုင်းနဲ့တော့ မသွားလိုက်ပါနဲ့။

1

 

(၂) Romper တွေ နောက် jumpsuit အတိုလေး တွေကလည်း နေရာတိုင်းဝတ်လို့အဆင်မပြေပါ ဘူး။ အထူးသဖြင့် ရုံးလို company လိုနေရာမျိုး တွေပေါ့။ အရှည်ဝတ်နိုင်ရရင်တော့ မဆိုးပါဘူး။ သူက အပေါ့သွားဘာညာတော့ သိပ်အဆင်မပြေပါဘူး။

2

 

(၃) Overall တွေ ဘာတွေ သဘောကျတယ်ဆိုရင် လည်း ရုံးတော့မဝတ်သွားလိုက်ပါနဲ့။ ရုံးအစား စနေ တနင်္ဂနွေ သူငယ်ချင်းတွေ ဆုံပြီး တစ်နေရာ သွား စားသောက်ကြတဲ့အခါမျိုးတွေမှာ ဝတ်လိုက် ပါ။

3

 

(၄) Off Shoulder တွေကလည်း အလုပ်လုပ်ရမယ့် ပျိုမေတွေနဲ့ အဆင်ပြေမယ့် အင်္ကျီမျိုးမဟုတ်ပါဘူး။ အထူးသဖြင့် လုပ်ဖော်ကိုင် ဖက်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ စိတ်အနှောင့် အယှက်ဖြစ်စေနိုင်ပါတယ်။

4

 

(၅) ခါးတိုအကျီတွေကလည်း ရုံးဝန်ထမ်းတွေနဲ့ အဆင်မပြေနိုင်ပါဘူးနော်။ အကျီစကို ဆွဲချလိုက်၊ အလုပ်ဆက်လုပ်လိုက်ဆိုရင် အာရုံနောက်စရာ ပဲလေ။

5

 

(၆) ဘောင်းဘီဆို အတိုကတော့ ရုံးနဲ့company တွေမှာ ဝတ်ဖို့သိပ်မသင့်တော်ပါဘူး။

6

 

(၇) လညိပင်းသိပ်ဟိုက်တဲ့ အကျီမျိုး၊ နောက်ကျော သိပိဟိုက်တဲ့ အကျီမျိုးတွေကလည်း company ဝန်ထမ်းပျိုမေတွေ ရှောင့်ရမယ့်အရာဆိုတာ အထူးပြောစရာ မလိုလောက်ပါဘူးနော်။

7

 

Source: I am Fashion
Myanmar Textile and Garment Directory

Read 1995 times
Rate this item
(0 votes)
Tagged under