What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်ဝတ်ဆင်တဲ့ဖက်ရှင်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်သလား?

သင်ဝတ်ဆင်တဲ့ဖက်ရှင်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်သလား? google

အရင်ထက် ပိုမိုမြန်ဆန်စွာ စီးဆင်းလာတဲ့ ဖက်ရှင်ရေစီးနောက် လိုက်နေကြတဲ့သူတွေဟာ ပြောင်းလဲသွားတဲ့ အသစ်အသစ်တွေကိုရော၊

ခုလက်ရှိ ခေတ်စားနေတဲ့ ဒီဇိုင်းပေါင်းများစွာကိုပါ လက်လွတ်မခံဘဲ ကိုယ့်ကိုယ်ကိုယ် စတိုင်လ်ကျလှပအောင် နေတတ်ကြပါတယ်။ ဖက်ရှင်ကျတာ ကောင်းပါတယ်။ ဖက်ရှင်ကျတဲ့သူတွေဟာ ဖက်ရှင်မကျ ဖြစ်သလိုနေထိုင်ဝတ်စားတတ်သူတွေထက် ပိုမိုသတိပြုခံရသလို တစ်ပါးသူရဲ့ အားကျခြင်းကိုလည်း အလွယ်တကူရနိုင်ပါတယ်။ ဒါပေမယ့် ဖက်ရှင်ရေစီးကြောင်း နောက်လိုက်ပါရင်း၊ အသစ်တွေနောက်လိုက်ရင်း ကိုယ်ဆင်မြန်းအလှဆင်လိုက်တာတွေက ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်စေမယ်၊ ကိုယ့်အတွက် အဆင်မပြေမှုတွေ ဖြစ်စေမယ်ဆိုရင်တော့ ဖက်ရှင်ထက် အရေးပါတဲ့အရာတွေကို ဦးစားပေးရတော့မှာပါ။ အဲ့ဒါတွေကို ပြောပြရရင်တော့

၁။ဒေါက်မြင့်ဖိနပ်အမြင့်ကြီးတွေ နေ့တိုင်းမစီးပါနဲ့။

ဒေါက်မြင့်ဖိနပ်စီးလိုက်ပြီဆိုရင် ကိုယ့်ရဲ့ဘော်ဒီအနေအထားဟာ ပိုမိုကြည့်ကောင်းပြီး လက်ပြင် ကုန်းတာမျိုးတွေ၊ ခါးကုန်းတာမျိုးတွေတောင် မရှိနိုင်တော့တာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒေါက်ဖိနပ်စီးလိုက်လို့ ခြေချောင်းလေးတွေ နာကျင်တာ၊ ခြေဆစ်ကိုက်တာတွေအပြင် ခါးနာတာမျိုး တွေကတော့ ကျန်းမာရေးအတွက် တကယ်ကို ဆိုးဝါးစေတယ်ဆိုတာ ထောက်ပြပေးချင်ပါတယ်။ မစီးတတ် လို့ ချော်လဲတာမျိုးတွေတောင် ဖြစ်နိုင်တာမို့ ဒေါက်အရမ်းမြင့်တာမျိုးတွေကို ရှောင်ရမှာပါ။

၂။အိတ်အကြီးကြီးတွေထဲမှာ အဆာပလာတွေ အများကြီးထည့်မလွယ်ပါနဲ့။

ဘေးလွယ်အိတ်အကြီးကြီးတွေဟာ  အရင်ကတည်းက ခုချိန်ထိ ခေတ်စားဆဲ၊ ခေတ်စားမြဲဖြစ်သလို လူကြိုက်များတဲ့ ဒီဇိုင်းပါပဲ။ အိတ်အကြီးကြီးလွယ်ထားပြီး အိတ်ကို အဆာပလာတွေ အများကြီးဖြည့်မှ လွယ်လို့ရတာ မဟုတ်တဲ့အတွက် အိတ်ကိုတတ်နိုင်သမျှ အပေါ့ပါးဆုံးလွယ်ပါ။ အိတ်ထဲ ပစ္စည်းအများကြီးထည့်လွယ်တာဟာ ပခုံး၊ လည်ပင်း အတွက် လုံးဝမကောင်းဘူးဆိုတာ သိထားဖို့လိုပါတယ်။

၃။လိုတာထက်ပို မပိန်ချင်ပါနဲ့။

အ၀တ်အစားတွေ ၀တ်ဆင်ရတာ အဆင်မပြေတော့တာကြောင့်ပဲဖြစ်ဖြစ်၊ နိုင်ငံတကာက နာမည်ကြီးမော်ဒယ်တွေရဲ့ ဘော်ဒီကို သဘောကျတာကြောင့်ပဲဖြစ်ဖြစ် လိုတာထက်ပို ၀ိတ်ချဖို့တော့ မကြိုးစားပါနဲ့။ ဆေးတွေသောက်၊ ညစာတွေမစားတာဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အရာတွေကို ဆုံးရှုံးသွားစေမယ်ဆိုရင် ဒါဟာ ကျန်းမာရေးအတွက် ဆိုးဝါးတဲ့ကိစ္စရပ်ပါပဲ။

၎။ဒီဇိုင်နာထုတ် brand တွေဝယ်ဖို့ မစားမသောက် ပိုက်ဆံစုခြင်းမျိုး မလုပ်ပါနဲ့။

တစ်သက်မှာတစ်ခါလောက်ပဲဖြစ်ဖြစ်၊ တစ်လမှာတစ်ခါလောက်ပဲဖြစ်ဖြစ် အကောင်းစား ၀တ်ရမှဖြစ်မယ်ဆိုသူတွေဟာ နာမည်ကြီးဒီဇိုင်နာရဲ့ လက်ရာကုန်ပစ္စည်းတွေကို မစားမသောက်ပိုက်ဆံစု ၀ယ်ချင်ကြပါတယ်။ ဒါဟာ တော်တော်ဆိုးတဲ့ လုပ်ရပ်ပါ။ ချွေတာသင့်တဲ့နေရာမှာပဲ ချွေတာပြီး သုံးသင့်တဲ့နေရာမှာတော့ သုံးပစ်လိုက်ဖို့ ၀န်မလေးပါနဲ့။

၅။ရာသီဥတုကိုလိုက်ပြီး ၀တ်စားပါ။

ရာသီဥတုပူနေတာကို လည်သာအင်္ကျီကြီးဝတ်ပြီး သွားလာနေတာမျိုးဟာ ကျန်းမာရေးအရ မသင့်တော်သလို ဘေးကမြင်ရတဲ့သူတွေပါ ဟားစရာမြင်ကွင်းပါပဲ။ အေးတဲ့ရာသီမှာ အတိုအပြတ်တွေဝတ်ပြီး၊ ပူတဲ့ရာသီမှာ အင်္ကျီနှစ်ထပ်၊ သုံးထပ်ဝတ် စတိုင်လ်ထုတ်ခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ မသင့်တော်ဘူးဆိုတာ သိထားရမှာပါ။


Source :womenshealthmag.com

Myanmar Textile and Garment Directory

Read 1106 times
Rate this item
(1 Vote)
Tagged under