What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ အဝတ်ဗီရိုထဲကနေ သုတ်သင် ဖယ်ရှားသင့်တဲ့ အရာ(၇)ခု

သင့်ကို အထင်ကြီးရလောက်အောင် အဝတ်အစားကောင်းတွေ ဝတ်ဆင်မယ်ဆိုရင် ဘဝမှာ သင့်အတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာတွေရှိပါတယ်လို့ Vivienne Westwood က ပြောခဲ့ပါတယ်။ ဒါပေမယ့် ငြီးငွေ့ဖွယ်ကောင်းပြီး ဟောင်းနွမ်းနေတဲ့ အဝတ်အစားတွေက သင့်ရဲ့ရုပ်သွင်ကို ဖျက်ဆီးစေနိုင်တယ်။ သင်ပြုလုပ်ရမယ့်အကောင်းဆုံးအရာတွေကတော့ ဒီလို အဝတ်အစားတွေကို ဖယ်ရှားပစ်ဖို့ပဲဖြစ်တယ်။ အဝတ်ဗီရိုထဲမှာ ရှိတဲ့ မလိုအပ်တဲ့ အရာတွေကို ရှင်းလင်းသုတ်သင်ဖို့ကို အကြံပြုချင်ပါတယ်။

1. လူတိုင်းနီးပါးပိုင်ဆိုင်တဲ့အရာ

Things that almost everyone owns

ဘွတ်ဖိနပ်အရှည်တွေက စတိုင်ကျပေမယ့် နေ့စဉ်သွားလာတဲ့ အခါမှာ ဝတ်ဆင်ဖို့ အဆင်မပြေပါဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါးရှိပြီး အသုံးဝင်မယ့် ဖိနပ်မျိုးကိုပဲ ဆောင်ထားသင့်တယ်။

2. သင့်ခန္ဓာကိုယ်နဲ့ အမှန်တကယ် ကိုက်ညီမှုရှိစေမယ့် အဝတ်အစား

Clothes that dont really fit your body type

သင့်ခန္ဓာကိုယ် ပေါ်လွင်လှပစေဖို့အတွက် အပြစ်အနာအဆာတွေကို ဖုံးကွယ်သင့်ပါတယ်။ mini dress တွေက အဆင့်အတန်းမြင့်တဲ့ ဖက်ရှင်ပါ။ ဒါပေမယ့် သူတို့က သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက်တိဖြစ်မနေဘူးဆိုရင် ကြည့်ရတာ ပိုပြီး အဆင်မပြေဖြစ်တတ်တာကြောင့် ဒါကို သင့်အဝတ်ဗီရိုထဲကနေ ဖယ်ရှားသင့်တယ်။ fit ဖြစ်ပြီး အပြစ်အနာအဆာ ဖုံးကွယ်ပေးမယ့် dress ကိုပဲ ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

3. အရည်အသွေး မကောင်းမွန်တဲ့ အဝတ်အစား နှင့် အိတ်များ

Low quality clothes and shoes

ခရစ်စတယ်ကျောက် ၊ animal print နှင့် အရောင်တောက်တောက် နီယွန်ကာလာတွေဟာ သင့်ရဲ့ရုပ်သွင်ကို အမှန်တကယ် ကြည့်မကောင်းစေပါဘူး။ တကယ်လို့ ရွေးချယ်တဲ့ အခါမှာလည်း အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်စားတွေကိုပဲ ရွေးချယ်သင့်တယ်။

သင့်ရဲ့ ဝတ်စားဆင်ယင်မှု ပုံစံကို အထက်တန်းကျကျဖြစ်အောင် ပြုလုပ်ပေးနိုင်မယ့် ဖက်ရှင်နည်းလမ်းကောင်းတွေ

4. ခန္ဓာကိုယ်အသားပေးဖော်ပြတဲ့ အဝတ်အစားများ

Revealing clothes

ဒီလို အသားပေး ဖော်ပြထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခြင်းဟာ မသင့်လျော်ပါဘူး။ သင့်ရဲ့အဝတ်ဗီရိုထဲမှာ ရှိမနေသင့်တဲ့ အရာတစ်ခုပါ။

5. အသက်အရွယ်နဲ့ သင့်လျော်တဲ့ အဝတ်အစား

Age appropriate clothing

top နှင့် mini စကပ်တို အကားတွေက အရွယ်ရောက်ပြီးသား အမျိုးသမီးတွေအနေနဲ့ ကြော့ရှင်းလှပမှု ရှိစေမှာမဟုတ်ဘူး။ တကယ်လို့ သင့်အဝတ်အစားက ဆယ်ကျော်သက်ပုံစံပေါက်နေမယ်ဆိုရင် အဲ့ဒီအရာတွေကို သင့်ဗီရိုထဲကနေ ပြောင်းလဲသင့်ပါတယ်။

6. မှားယွင်းနေတဲ့ အတွင်းခံအမျိုးအစား

Wrong type of underwear

အမျိုးသမီးတိုင်း အတွင်းခံ ရွေးချယ်တဲ့အခါမှာ ကျွမ်းကျင် မှန်ကန်ဖို့ လိုအပ်တယ်။ အရည်အသွေးကောင်းမွန်တဲ့ အတွင်းခံတွေကို ရွေးချယ်ခြင်းက သင့်ကို သက်တောင့်သက်သာ ရရှိစေမှာပါ။ ဒီလို အခြေခံကျကျလုပ်မှသာ သင့် outfit နဲ့ ကိုက်ညီမှုရှိပြီး အဆင်ပြေစေမှာဖြစ်တယ်။

7. အရောင်မှိုင်းတဲ့ အဝတ်အစားများ

Dull clothes

အဖြူရောင် ရှပ်ကို အနက်ရောင်စကပ်နှင့် တွဲပြီး ကိုက်ညီမှုရှိတဲ့ ဖိနပ်နှင့် အိတ်ကို ဝတ်ဆင်တဲ့ ဖက်ရှင် စည်းမျဉ်းတွေဟာ ဖက်ရှင် မဂ္ဂဇင်းတွေထဲမှာ တွေ့မြင်ရမှာပါ။ ဒီလို ပုံစံတွေက ခေတ်မမှီတော့ပါဘူး။ ဒါပေမယ့် သင့်ရဲ့သွင်ပြင်ကို ကြည့်ကောင်းစေရန်အတွက် အပြင်ပိုင်းကို ဆင်မြန်းဖို့ အလွှာအထပ်တွေကို အသုံးပြုပါ။ အလွန်ကောင်းမွန်တဲ့ ရလဒ်ရရှိမှာပါ။

 

Author:TDA

Read 6232 times
Rate this item
(2 votes)