What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူပြောများသွားခဲ့တဲ့ SAMPLE SIZE

ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့ New York Fashion Week 2018 ရဲ့ ပထမနေ့မှာ ဖက်ရှင်တိုက် Chromat က SAMPLE SIZE လို့

စာတန်းထိုးထားတဲ့ တီရှပ်တွေကို ရေစိုစိုဖြင့် ၀တ်ဆင်ခိုင်းထားတဲ့ မော်ဒယ်တွေကို catwalk ပေါ် လျှောက်လှမ်းစေခဲ့တယ်။
ရွေးချယ်ထားတဲ့ မော်ဒယ်တွေက သုံးနေကျ မဟုတ်တဲ့ Plus-size တွေ ဖြစ်နေတယ်။ သူတို့က SAMPLE SIZE လို့ စာတန်းထိုးထားတဲ့ တီရှပ်ကို ၀တ်ထားတော့ SAMPLE SIZE ဆိုတာ ဒီလို size မျိုးလို့ ပြောလိုက်တာနဲ့ အတူတူပဲ ဖြစ်နေတယ်။ အဲဒါဟာ နိုင်ငံတကာဖက်ရှင်လောကရဲ့ အရှိန်တက်နေတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။

sample size min


ဖက်ရှင်တိုက်တွေက SAMPLE SIZE ဆိုတဲ့ နမူနာအဖြစ် သုံးတဲ့ size က ထုံးစံအားဖြင့် Size 0 ဖြစ်ပါတယ်။

Size 0
*****
Size 0 ဆိုတဲ့ ကိုယ်ခန္ဓာအချိုးအစား မော်ဒယ်ရဲ့ ရင် ခါး တင် အတိုင်းအတာ သုံးမျိုး သတ်မှတ်ချက်တွေက brand တစ်ခုနဲ့တစ်ခု မတူကြဘဲ ကွဲပြားတယ်ဆိုပေမဲ့လည်း များများစားစား ကွဲလွဲနေကြတာတော့ မဟုတ်ဘူး။ အခုခေတ် Size 0 အတွက် ရင် ခါး နဲ့ တင် အတိုင်းအတာတွေက 30-22-32 လက်မကနေ 33-25-35 အထိ ဖြစ်ပါတယ်။ စင်တီမီတာနဲ့ဆိုရင်တော့ 76-56-81 cm မှ 84-64-89 cm အထိ ဖြစ်ပါတယ်။
Size 00 ဆိုရင်တော့ Size 0 ထက် လက်မ၀က်ကနေ ၂ လက်မအထိ ( ၁ ကနေ ၅ စင်တီမီတာအထိ) ပိုငယ်တာကို ဆိုလိုပါတယ်။

Plus-size မော်ဒယ်များ
************
သေးသေးသွယ်သွယ် ချပ်ချပ်ရပ်ရပ် မော်ဒယ်တွေကို catwalk ပေါ် တင်ပေးကြတာမှာ Plus size တွေကိုလည်း လျှောက်ခိုင်းလာကြပေမဲ့ အခုကျင်းပတဲ့ Chromat လောက်တော့ အရေအတွက် မများခဲ့ဖူးဘူး။
ဒီတော့ Chromat က မော်ဒယ်တွေရဲ့ ကိုယ်ခန္ဓာ အချိုးအစား အမျိုးမျိုး စာရင်းမှာ အမျိုးအမည် ထပ်တိုးထည့်ပေးလိုက်တာဖြစ်ပြီး အဲဒီလို ထည့်ပေးတာကို ပိုထင်ရှားသွားစေဖို့ SAMPLE SIZE လို့ စာတန်းပါ တီရှပ်တွေကို ၀တ်ဆင်ပေးလိုက်တာ ဖြစ်တယ်လို့ သုံးသပ်ကြတယ်။

အားလုံး အကျုံးဝင်၏
***********
ချန်မထားဘဲ အားလုံး ပါဝင်ခွင့် ရစေတာမှာ ပိုထူးခြားသွားစေတာက ခြေတစ်ဖက် မရှိလို့ ဒုက္ခိတတစ်ဦးဖြစ်သူ Mama Cax ကိုလည်း ထည့်သွင်းပေးထားတဲ့အပြင်

 

Mama Cax min

 

ရင်သားကင်ဆာ ဖြစ်ခဲ့ဖူးသူ Ericka Hart ကိုလည်း ရင်ဖွင့်ပြတဲ့ အနေအထားဖြင့် လျှောက်လှမ်းစေခဲ့တာပဲ ဖြစ်ပါတယ်။ 

Ericka Hart min

ဖက်ရှင် ဒီဇိုင်နာ Tracy Reese က အမျိုးသမီးတွေရဲ့ Size နဲ့ ပတ်သက်လို့ အခုလို ပြောပြခဲ့ပါတယ်။
“ဒါမျိုးကို ကျမ လုပ်ကိုင်လာတာ နှစ်ပေါင်း ၃၀ ကျော်ပြီ။ ကျမ စလုပ်ခါစမှာ ကျမတို့ရဲက sample size က showroom မှာ size 8 ကို သုံးကြတယ်။ နှစ်တွေ ကြာပြီးချိန်မှာ Size အသေးကို sample size လုပ်ကြတာ ဖြစ်သွားတယ်။ အခုအခါမှာ အမျိုးသမီးတွေရဲ့ ထက်ဝက်ကျော်ဟာ size 14 နဲ့ အထက်မှာပဲ ရှိကြတယ်။ ဒါပေမဲ့ ဖက်ရှင်တံဆိပ် အများစုနဲ့ ဒီဇိုင်နာတွေက အဲဒီလူများစု plus szie အမျိုးသမီးတွေကို အရေးမလုပ်ကြဘူး”

Kimberly Drew min

အခု ကျင်းပနေတဲ့ New York Fashion Week 2018 မှာ ဖက်ရှင်တိုက် Chromat က SAMPLE SIZE အပြောင်းအလဲကို လူသိရှင်ကြားဖြစ်အောင် တိုက်တွန်းစေ့ဆော်လိုက်တာပဲ ဖြစ်ပါတယ်။

Read 1029 times
Rate this item
(0 votes)