What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်္ဂလာပွဲသွားတဲ့အခါ မဝတ်ဆင်တဲ့ ဖက်ရှင်များ

ကာလဒေသနဲ့လိုက်ဖက်ညီစွာ ဝတ်ဆင် တတ်တာလဲ သိပ်မွေ့တဲ့အတတ်ပညာတစ်ခုပါပဲ။

မင်္ဂလာပွဲ တစ်ခု အခမ်းနားတစ်ခု ဆိုပါတော့ အပြင်အဆင် နဲ့ မင်္ဂလာမောင်နှံ တို့ရဲ့ ဝတ်စားဆင်ယင်မူတို့ကအရေးကြီးသလို တက်ရောက်ချီးမြင့်ပေးမည့် ဧည်သည်ရဲ့ ဖက်ရှင်ကလဲ အရေးပါလှပါတယ်။ ဒါကြောင့် မင်္ဂလာပွဲတက်တော့မည် သူတစ်ယောက်အနေနဲ့ ဝတ်ဆင်သင့်တာ၊ မဝတ်ဆင်သင့်တာတွေ ကို စုစည်းဖော်ပြပေးချင်ပါတယ်။

မင်္ဂလာအခန်းနား တစ်ခုဟာ အရှေ့တိုင်း၊ အနောက်တိုင်း ယဉ်ကျေးမူအရကွဲပြားမူရှိနိုင်ပေမယ့် အများစုလက်ခံထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို ယေဘုယျကျကျ ရေးသားထားခြင်းဖြစ်ပါတယ်။

မီနီစကပ်အတိုကိုရှောင်ပါ

2
တခြားသူရဲ့မင်္ဂလာပွဲကိုတက်ရောက်ချီးမြင့်ပေးရမှာဖြစ်တဲ့အတွက် ဒီပွဲဟာ တခြားသူ ရိုးထုတ်ရမည့်ပွဲဆိုတာ ကိုခေါင်းထဲအရင်တွေးပြီးမှ ကိုယ်ဝတ်မည့်ဖက်ရှင်ကိုရွေးချယ်စေချင်ပါတယ်။ တချို့မင်္ဂလာပွဲတွေရာ ဘာသာအယူအရ ဘုရာကျောင်း၊ ဘုန်းတော်ကြီးကျောင်း တွေမှာဖြစ်တတ်သည့်အတွက် မိမိဝတ်ဆင်မည့် ဖက်ရှင်ဟာ ထိုက်သင့်သလောက် လုံခြုံပြီး ရှည်နေဖို့လိုအပ်ပါတယ်။ ကိုယ်လဲ သူများပွဲမှာ ဟော့ချင်တာပေါ့ ဒါပေမယ့် မင်္ဂလာပွဲ အတွက် မီနီစကပ်ရွေးချယ်မှာဆိုတဲ့အတွေးကိုတော့ရပ်သင့်ပါတယ်။

ပွဲနေရာ

3
ပွဲနေရာကို ဖိတ်စာမှာပါလာတတ်တာမို့ မြက်ခင်းပြင်မှာလား ကမ်းခြေမှာလားဆိုတာ ကြိုတင်တွေးဆနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဘုန်းတော်ကြီးကျောင်းမှာ မဟုတ်တဲ့အတွက် ပထမပြောခဲ့တဲ့အချက်နဲ့ကွဲလွဲစွာ ဝတ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် ဒူးခေါင်းထိ ရှည်တဲ့ဖက်ရှင်မျိုးကိုပဲေ၇ွးချယ်ပါလို့တိုက်တွန်းလိုပါတယ်။

ဖိတ်စာမှာပါသော အကြံပြုချက်ကိုလိုက်နာပါ

4
တချို့ပွဲ၊အခမ်းနားတွေဟာ သူတို့လုပ်မည့်ပွဲရဲ့ Theme နဲ့ Style ကိုဖော်ပြပေးထားတတ်ကြပါတယ်။ ဥပမာ - အခမ်းနား တစ်ခုလုံးအတွက် မိုးပြာရောင် ဝတ်ဆင်လာစေချင်ပါတယ်။ (သို့) နှင်းဆီအဖြူကိုင်ဆောင်စေချင်ပါတယ်(သို့) Mask Party ဖြစ်ပါတယ် စတဲ့ အကြံပြုချက်တွေပါရှိနိုင်ပါတယ်။ ဒီလိုဆိုရင် တော့ အကြံပြုချက်ကို follow လုပ်လိုက်ရုံပါပဲ။

သက်တောင့်သက်သာ ဖြစ်သော ဖိနပ်

5
ပွဲဆိုသည့်အတိုင်း အခမ်းနားတက်မှာဖြစ်သည့်အတွက် ထသွားထလာ စီးတဲ့ဖိနပ်မျိုးတွေကိုရှောင်ပါ။နည်းနည်းတော့ တောက်တောက်ပပလေးလှနေသင့်တာဖြစ်သည့်အတွက် မိမိကိုယ်တိုင်လဲ နာရီအနည်းငယ်ကြာ ကောင်းကောင်းသွားလာလူပ်ရှားနိုင်တဲ့ဖိနပ်မျိုးကိုေ၇ွးချယ်သင့်ပါတယ်။ တကယ်လို့ ရူး ဖိနပ်တွေဟာ ခြေထောက်နာစေတတ်တယ်ဆိုရင် ပွဲကအပြန်မှာ သက်သာစေမည့် ဖိနပ်အပါးတစ်ရံ အပိုဆောင်လာဖို့အကြံပေးချင်ပါတယ်။

ဆွေမျိုးတော်စပ်တဲ့အခါ အရောင် ဆင်တာေ၇ွးချယ်ပါ

6
များသောအားဖြင့် မင်္ဂလာမောင်နှံနဲ့ဆင်တူတဲ့ကာလာတွေကို ရှောင်ကြပေမယ့် ဆွေးမျိုးတော်စပ်တဲ့ သူရဲ့မင်္ဂလာပွဲ ကိုတော့ အရောင်ကာလာ ကအစ ကြိုတင်အသိပေးခံရမည်လို့ယူဆပါတယ်။

အမြဲ အဖြူကိုေ၇ှာင်ပါ

7
အထူးတလည် အဖြူဝတ်ခဲ့ပါလို့ဖိတ်ကြားမခံရတဲ့အခါ မင်္ဂလာပွဲတက်ရောက်ရာမှာ အဖြူဝတ်ဆင်ဖို့လုံးဝမသင့်ပါဘူး။ ဒါကတော့ ရိုးရှင်းပါတယ်။ လူတိုင်းလဲ လက်ခံကြတာမျိုးပါပဲ ကိုယ်တိုင်ကတက်ရောက်ချီးမြင့်သူ ဖြစ်တဲ့အတွက် အဖြူရောင်ကိုမရွေးချယ်ဖို့ပြောချင်ပါတယ်။

အရမ်းမဖော်ပါနဲ့

8
မင်္ဂလာပွဲဟာ သတို့သားနဲ့ သတို့သမီးရဲ့ အထူးတလည်နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ အာရုံစူးစိုက်မူဟာ သူတို့ဆီမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အရမ်းဖော်လွန်းတဲ့အဝတ်အစားရွေးချယ်မှုဟာ မှားယွင်းပါတယ်။

လက်ကိုင်အိတ်အကြီး မယူသင့်ပါ

9
ဒါကတော့ ဖက်ရှင်အမြင် အရ အခမ်းနားတစ်ခုရဲ့ နေရာဒေသနဲ့လိုက်ဖက်အောင် ဝတ်စားထားရသည့်အတွက် ကြိုးအရှည်နဲ့ လက်ကိုင်အိတ်အကြီးတွေ ကို ရှောင်သင့်ပါတယ်။ လက်တစ်ဝါးစာ ကိုင်လို့အဆင်ပြေတဲ့ အိတ်အလှများကသာ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

ချွင်းချက်

ဒီစည်းမျဉ်းတွေနဲ့ပတ်သက်ပြီးတော့ချွင်းချက်တွေများစွာရှိနိုင်ပါတယ်။ တကယ်လို့သတို့သား ၊သတို့သမီးက အထူးဖိတ်ကြားချက်နဲ့ တိကျတဲ့ ဖက်ရှင် အကြံပြုချက်နဲ့ဖိတ်ကြားခံရရင်တော့ အပေါ်က အချက်တွေဟာပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်ပွဲတက်မည့်သူတစ်ယောက်အတွက်တော့ အပေါ်ကအချက်တွေအားလုံးဟာ အဓိကလိုက်နာသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

 

Source:mingalarbar

Read 1147 times
Rate this item
(1 Vote)