What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အက်ႌမွာ ထိုးရတဲ့ ပန်း လုပ်နည်း

အင်္ကျီမှာ ထိုးရတဲ့ ပန်း လုပ်နည်း google

ဒီနေ့မှာတော့ အင်္ကျီမှာ ထိုးပေးရတဲ့ ပန်း လုပ်နည်းလေးကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ပုံလေးတွေနဲ့ သေချာပြထားတာမို့ အလွယ်တကူ လိုက်လုပ်လို့ ရမှာပါ။

(၁) လက်မ ၂၀ ခန့် ကြိုးကို ၂ ခေါက် ခေါက်ပြီး ၆ စိပ် ခန့်အကွာတွင် ကြယ်သီးကွင်း ပြုလုပ်ရန် ချည်တုပ်ပါ။

1

 Read: ဖက်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

(၂) ကြိုးရဲ့ နောက်ကျောမှ လိုအပ်သော နေရာကို ပုံပါအတိုင်း ဖောက်ထွက်ပါ။

2

 

(၃) ပထမပွင့်ဖတ်အတွက် လိုချင်သော အရွယ်ကို z ပုံ ခေါက်ပါ။

3

 

(၄) ဒုတိယပွင့်ဖတ်ကို ပထမပွင့်ဖတ်ထက် ၂ စိတ် ပိုပြီး ခေါက်ပါ။

4

 

(၅) တတိယပွင့်ဖတ်ကို ဒုတိယပွင့်ဖတ်ထက် ၃ စိတ် ပိုပြီး ခေါက်ပါ။

5

 

(၆) ထပ်ခေါက်ထားတဲ့ ပွင့်ဖတ် ၃ စုံရဲ့ အလယ်ကို ၃ ကြိမ်ခန့် ချည်ဖြင့် တုပ်ပါ။

6

 

(၇) Colour မတူကြိုးကို ပုံပါအတိုင်း ပူး၍ ချည်တုပ်ပါ။

7

 

(၈) Colour မတူကြိုး ၂ ချောင်းကို ခွေပါ။ အခွေရဲ့ အလယ်မှ အပ်နဖားဖြင့် ချည်၊ ၃ ပတ်ခန့် တုပ်ပါ။

8

 

(၉) ပွင့်ဖတ်အကြီးရဲ့ အတွင်းခြမ်း ၂ ခုကို ပန်းအဖူးလေးနဲ့ ပုံပါအတိုင်း တွဲ၍ ချည်တုပ်ပါ။ ( မလှဘက်ပါ )

9

 

(၁၀) ပန်းအဖူးလေး လှပသွားအောင် ပန်းအဖူးလေးရဲ့ ထိပ်မှာ ၃ ကြိမ်ခန့် ချည်တုပ်ပါ။ တစ်ဖက်မှ ကြိုးစကိုလဲ ပုံပါအတိုင်း ပန်းထိုးပေးပါ။

10

 

(၁၁) အပြီးသတ်မှာတော့ ဒီလိုပုံလေး ရသွားပါပြီရှင်။

12

 

Source: Lâđý Fâšhîøñ

Myanmar Textile and Garment Directory

Read 6150 times
Rate this item
(2 votes)