La La Land ကို ဘာလို့ကြည့်သင့်လဲဆိုတဲ့ အချက်များစွာရှိပါတယ်။
Oscar ဆုတွေအများကြီးရတဲ့အတွက် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်သလို မင်းသမီး Emma Stone ၀တ်ဆင်တဲ့ ဖက်ရှင်များကို လေ့လာဖို့ အတွက်လည်း မဖြစ်မနေ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
Emma ဟာ သူမရဲ့ အင်္ကျီဒီဇိုင်နာ Mary Zophres နှင့် အတူတကွ သေချာလုပ်ဆောင်ပြီး အင်္ကျီတစ်ခုချင်းစီကို ချုပ်လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီကြိုးစားအားထုတ်မှုအချက်ကြောင့် ပရိသတ်တော်တော်များများက Emma ဟာ Oscar ရွှေဆုကြီးနှင့် လုံးဝ ထိုက်တန်သူဟု ချီးမွန်းပြောဆိုခဲ့ကြပါသေးတယ်။
ထို့ပြင် Costume Designers Guild Awards အတွက်လည်း ကြိုတင်ခန့်မှန်းစာရင်းထဲ ပါဝင်ခဲ့ပါတယ်။
ယနေ့မှာ Textile Directory ပရိသတ်ကြီးအတွက် Emma ရဲ့ ၀တ်ဆင်ပုံဖက်ရှင်တွေကို အတုယူနိုင်အောင် စုစည်းတင်ပြပေးလိုက်ပါတယ်။
ယခုပုံမှာပြထားတဲ့ အဖြူရောင်ရှပ်လေးကိုတော့ Emma က Café ဆိုင်မှာ အလုပ်လုပ်တုန်း ၀တ်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီ ရှပ်အင်္ကျီလေးက သင့်ကို မည်သည့်အရာနှင့်မဆို လိုက်ဖက်မှုရှိစေမှာပဲဖြစ်ပါတယ်။
အလိုက်ဖက်ဆုံးကတော့ ဒူးအထိရှည်သော တိုက်စကတ်လေးတွေနဲ့ပဲဖြစ်ပါတယ်။
ထိုပုံစံအင်္ကျီမျိုးကို H & M မှာ ၀ယ်ယူရရှိနိုင်ပါတယ်။
ရုပ်ရှင် တစ်ခုလုံးမှာ Admin အကြိုက်ဆုံးအချက်ကိုပြောပါဆိုရင် မင်းသားနှင့်မင်းသမီးက သူတို့၏ အ၀တ်အစားတွေကို တွဲဖက်ညီစွာ ၀တ်ဆင်ခြင်းဖြစ်ပါတယ်။
ယခုပုံမှာပြထားတဲ့ ၀တ်စုံကတော့ Emma နှင့် Ryan ချိန်းတွေ့တုန်းက ၀တ်ဆင်တဲ့ပုံဖြစ်ပါတယ်။ Emma ဟာ ပန်းရောင်စကတ်လေးနှင့်လိုက်ဖက်အောင် အပြာရောင်ဘလောက်စ်လေးကို ခါးမှာချည်ပြီး ၀တ်ဆင်ခဲ့ပါတယ်။
Emma ၀တ်ခဲ့တဲ့ ပန်းရောင်စကတ်ပုံစံမျိုးကို ရယူလိုပါက Zara မှာ ၀ယ်ယူနိုင်ပါတယ်။
နောက်အကောင်းဆုံး ၀တ်စုံတစ်ခုကတော့ Date Night မှာ Emma ၀တ်ဆင်ခဲ့တဲ့ အမည်းရောင် Bodycon ၀တ်စုံလေးပဲဖြစ်ပါတယ်။
လက်ပွေ့အိတ် သို့မဟုတ် လည်ဆွဲနှင့်ဆိုပါက ပိုမိုလိုက်ဖက်မှာဖြစ်ပါတယ်။
အဆိုပါအင်္ကျီကို Givenchy မှာ ၀ယ်ယူရရှိနိုင်ပါတယ်။
တစ်ခါတစ်ရံတွင် ရိုးရိုးလေးဝတ်ဆင်မှုက သင့်ကို ပိုမိုထင်ရှားစေပါတယ်။ အဲဒီအချက်ကိုလည်း Emma က ကောင်းကောင်းကြီး သက်သေပြသွားခဲ့ပါတယ်။
Emma ၀တ်ဆင်ခဲ့တဲ့ ပန်းရောင်ဂါဝန်ပုံစံမျိုးကို Equipment Adalyn မှာ ၀ယ်ယူနိုင်ပါတယ်။
နောက်ဆုံးအကျလေးကို Emma က အလုပ်လုပ်နေတဲ့ ရဲရင့်ထက်မြက်သော အမျိုးသမီးအနေနှင့် သရုပ်ဆောင်စဉ်အခန်းမှာ ၀တ်ဆင်ခဲ့တာဖြစ်ပါတယ်။ ထို့ပြင် ပိုမိုထက်မြက်တဲ့ အသွင်ဆောင်နေအောင် နှုတ်ခမ်းအနီရောင် ရင့်ရင့်ကိုပါ ချယ်သခဲ့ပါတယ်။
ထိုကုတ်အင်္ကျီကိုတော့ M & S မှာ ၀ယ်ယူရရှိနိုင်ပါတယ်။
အမျိုးသမီးများအားလုံး ဖက်ရှင်ကျကျလှပနိုင်ကြပါစေ ….
Source: preen