What's new

×

Warning

JUser: :_load: Unable to load user with ID: 846


အလန်းစား EDM ဖက်ရှင် ရစေမည့်အချက် ၇ ချက်

အလန်းစား EDM ဖက်ရှင် ရစေမည့်အချက် ၇ ချက်

EDM  ပွဲတွေမှာ လူတွေဟာ များသောအားဖြင့် ဆန်းသစ်တဲ့ Fashion Design တွေနဲ့ လာတာများပါတယ်။ အဲဒီထဲမှာမှ သင်ဟာ ပေါ်လွင်နေချင်ရင်တော့ အောက်ပါအချက်တွေက သင့်ကို အထောက်အကူ အများကြီးပေးပါလိမ့်မယ်။

 

၁။ နှုတ်ခမ်းနီအရောင်

နှုတ်ခမ်းနီအရောင်ရင့်ရင့်တွေဟာ အခု ၂၁ ရာစု မှာတစ်ကြော့ပြန်ခေတ်စားလာပါပြီ။ ထို့အတူပဲ EDM ပွဲတွေမှာလည်း နှုတ်ခမ်းနီအရောင်ရင့်တွေဟာ သင့်ကို ထင်ပေါ်စေဖို့ အထောက်အကူအများကြီးပြုပါလိမ့်မယ်။ အရောင်ရင့်နှုတ်ခမ်းနီတွေဟာ မည်သည့် အသားအရေ ဆံပင်အရောင်နဲ့မဆို လိုက်ဖက်မှုရှိပါတယ်။ အထူးသဖြင့် ခရမ်းပုတ်ရောင်၊ အညိုရင့်ရောင်နှင့် မီးခိုးရောင်တွေဟာ EDM ပွဲတွေနဲ့ အလိုက်ဖက်ဆုံး အရောင်တွေဖြစ်ပါတယ်။

11 2

ပြီးပြည့်စုံတဲ့ EDM Look ရဖို့ သင့်နှုတ်ခမ်းနီရင့်ရင့်လေးက Super အထောက်အကူပေးပါလိမ့်မယ်။

 

၂။ ခါးပတ်

ခါးပတ်တွေဟာလည်း အရေးအကြီးဆုံး အခန်းကဏ္ဍကနေပဲဝင်နေပြန်ပါတယ်။ ယခုအချိန်မှာ EDM ပွဲတွေ အတွက် အထူး Design ထုတ်ထားတဲ့ ခါးပတ်တွေလည်း ၀ယ်ယူနိုင်နေပါပြီ။ Fancy ကျောက်မျက်ရတနာလေးတွေမှစပြီး အကြွေစေ့လေးတွေအထိ design အမျိုးစုံ colour မျိုးစုံ ရနိုင် ပါတယ်။ အထူးသဖြင့် EDM ပွဲတွေအတွက် အသင့်တော်ဆုံးကတော့ ပုံမှာပြထားတဲ့ Ofisa ခါးပတ် ၀ဲဝဲလေးတွေ ဖြစ်ပါတယ်။ ခါးပတ်ဝဲ၀ဲလေးတွေက သင်ကလိုက် ခုန်လိုက်တဲ့အချိန်တိုင်းမှာ လေပေါ်ဝဲတက်သွားပြီး အလန်းစား design လေးကို ရဖို့ အသေချာပဲဖြစ်ပါတယ်။

222

 

၃။ ခြေပတ် Legging

ခြေပတ်လေးတွေကတော့ အကောင်းဆုံး accessories အဖြစ် နေရာယူနေပါတယ်။ အ၀တ်အစားနဲ့ အရောင်ဆင်တူ ခြေပတ်လေးတွေလည်း ၀တ်ဆင်နိုင်သလို အရောင်မတူ အရောင်ဆန်းခြေပတ်လေးတွေကလည်း သင့်ကို ထင်ပေါ်နေစေဖို့ အထောက်အကူပြုမှာဆိုလဲ မမှားပါဘူး။

33

 

၎။ ရောင်ပြန် တက်တူး

EDM ပွဲတွေနဲ့ ရောင်ပြန်တက်တူးတွေဟာ ဘယ်တော့မှ ခွဲလို့မရတဲ့ အရာတွေပါ။ ယခုနောက်ပိုင်းမှာလည်း ရောင်ပြန်တက်တူးတွေက ပိုပြီး ခေတ်စားလာပြီး အရောင်စုံ၊ ဒီဇိုင်းစုံကို လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်ပါပြီ။ ရောင်ပြန်တက်တူးတွေဟာ သက်တောင့်သက်သာအရှိဆုံး accessories ဖြစ်တဲ့အပြင် EDM ပွဲပြီးတောင်မှ ကိုယ်ပေါ်မှာ ကျန်ရစ်ပြီး အမှတ်တရတွေကို သတိရနေစေမှာအမှန်ပါပဲ။

44

 

၅။ Body Chain ကြိုး

Body Chain ကြိုးတွေဟာ အရင်ကထဲက summer party တွေ beach party တွေမှာ နေရာယူနေမြဲပါ။ ထို့အတူပဲ Body Chain တွေဟာ EDM ပွဲတွေမှာလည်း အကောင်းဆုံး အဆင်တန်ဆာတွေအဖြစ် ရပ်တည်နေပါတယ်။ EDM စည်းချက် အချက်တိုင်းနှင့်အညီ သင့်ခနာကိုယ်ပေါ်မှာ လှပနေမှာတော့ မလွဲပါဘူး။

55 2

 

၆။ Body Paint

သင်ဟာ ပန်းချီကို စိတ်ဝင်စားသူတစ်ယောက်ဆိုရင်တော့ Body Paint တွေဟာ သင့်အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။ အထူးသဖြင့် Neon Body Paint တွေဟာ သင့်ကို EDM ညပွဲတွေမှာ အထင်ပေါ်ဆုံးဖြစ်အောင် အကူအညီ ပေးပါလိမ့်မယ်။

66

 

၇။ နေကာမျက်မှန်

EDM ပွဲတော်တွေမှာ နေကာမျက်မှန်တွေက မပါမဖြစ်ပါပဲ။ သို့ပေမယ့် ဈေးကြီးတဲ့ မျက်မှန်တွေ (ဥပမာ- RayBan ) မျက်မှန်တွေကိုတော့ ပွဲကိုယူသွားဖို့ မသင့်တော်ပါဘူး။ ကရင်းခုန်ရင်း ပြုတ်ကျခဲ့တာမျိုး (သို့) တက်နင်းမိတာမျိုးဖြစ်ခဲ့ပါက သင်ပဲ ကြွေ ရပါလိမ့်မယ်။ ထို့ကြောင့် design လန်းလန်းနဲ့ ဈေးပေါပေါ နေကာမျက်မှန်တွေကိုပဲ ၀ယ်ပါလို့ အကြံပြုပါရစေ။ Design လန်းလန်းနဲ့ ဈေးပေါပေါ EDM Sunglass တွေကိုတော့ များသောအားဖြင့် Forever 21, Charlotte Russe နှင့် H & M လို ဆိုင်တွေမှာ ရရှိနိုင်ပါတယ်။

77

စာဖတ်သူများအားလုံး အလန်းစား Design တွေနဲ့ EDM မှာ အပြတ်ကဲနိုင်ကြပါစေ။

 

Read 8916 times
Rate this item
(2 votes)