What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အ၀တ်အစားအတွက် ကုန်ကျစရိတ်ချွေတာနိုင်မည့်အချက်များ - ၅

အဝတ်အစားကောင်းတွေလည်း ဝတ်နိုင်မယ်၊ အဝတ်အစားသစ်အတွက်

ကုန်ကျစရိတ်ကိုလျှော့ချလို့ရမယ်၊ တစ်ဆက်တည်းမှာပဲ ငွေချွေတာနိုင်မယ့် နည်းလမ်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

သင်နဲ့ လိုက်ဖက်မည့်အဝတ်အစားကို ချုပ်ဝတ်ပါ။

သင့်ခန္ဓာကိုယ်နဲ့ ကိုက်ညီလိုက်ဖက်တဲ့ အဝတ်အစားကိုရဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ရှိရင်းစွဲအဝတ်အစားတွေက မိမိရဲ့ကိုယ်နဲ့ မကိုက်ပဲ ကြီးနေတာ၊ ရှည်ထွက်နေတာ ဆိုရင်တောင် အသစ်ဝယ်လိုက်ဖို့ထက် အပ်ချုပ်ဆိုင်မှာ မိမိကိုယ်တိုင်းနဲ့ ပြန်လည် ပြင်ချုပ်လို့ရပါတယ်။ ဒါက အသစ်ဝယ်ယူတာထက် များစွာကုန်ကျစရိတ် ပိုသက်သာစေမှာ ဖြစ်ပါတယ်။

သင်နဲ့အလိုက်ဖက်ဆုံး အကျကိုပဲ ရွေး၍ဝယ်ယူပါ

သင်နဲ့ လိုက်ဖက်နေရင် ကြာကြာဝတ်ချင်မှာဖြစ်သလို အစားထိုးဖို့၊ မကြာခဏအသစ်ဝယ်ဖို့လည်း စဉ်းစားမိမှာ မဟုတ်ပါဘူး။ အဝတ်ဘီရိုထဲမှာ ရေပန်းစားလို့ဝယ်ထားမိပေမယ့် မိမိနဲ့မလိုက်လို့ တစ်ခါတောင်မဝတ်ဖြစ်တဲ့ အကျတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါကြောင့် အဝတ်အစားသစ်တွေ မကြာမကြာမဝယ်မိဖို့ဆိုရင်တော့ ကိုယ်ဝယ်တဲ့အဝတ်အစားတွေ ကုယ်နဲ့ကွက်တိလိုက်ဖက်နေဖို့တော့ လိုပါမယ်။ ဖက်ရှင်ဆန်းဆန်းတွေ၊ ရေပန်းစားတဲ့ အဝတ်အစားတွေထက် မရှိမဖြစ်၊ မဝတ်မဖြစ်တဲ့ နေ့စဉ်အလုပ်မှာ ဝတ်လို့လိုက်ဖက်မယ့် အဝတ်အစားတွေကို များများဝယ်တာက ပိုကောင်းပါတယ်။


Read 3783 times
Rate this item
(2 votes)