What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အ၀တ်အစားအတွက် ကုန်ကျစရိတ်ချွေတာနိုင်မည့်အချက်များ - ၎

မိမိနှစ်သက်တဲ့အဝတ်အစားတွေကို ကြာရှည်ခံဝတ်လို့ရအောင် ထိန်သိမ်းခြင်းအားဖြင့်

အဝတ်အစားအတွက် ငွေကုန်ရတာ တန်စေနိုင်သလိုပဲ အဝတ်အစားသစ်အတွက် ကုန်ကျစရိတ်ကိုလျှော့ချလို့ရပါတယ်။

အဝတ်အစားကောင်းတွေလည်း ဝတ်နိုင်မယ်၊ တစ်ဆက်တည်းမှာပဲ ငွေချွေတာနိုင်မယ့် နည်းလမ်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ဝယ်သင့်တဲ့ အဝတ်အစားတွေပဲ ဝယ်ပါ

ဒါက အဖြစ်တတ်ဆုံးပါ။ စတိုးဆိုင်တစ်ခုရှေ့အရောက်မှာ ဆိုင်ထဲက အဝတ်အစားတစ်ထည်ထည်က ဝယ်ချင်လောက်အောင် မိမိကိုသွေးဆောင်နေတာ ခံရနိုင်ပါတယ်။ မဝယ်ခင်မှာ သေချာစဉ်းစားဖို့က မိမိဝယ်ယူမယ့်အဝတ်အစားက အိမ်ကဘီရိုထဲမှာ လက်ရှိပိုင်ဆိုင်ထားတဲ့ အနည်းဆုံးအဝတ်အစား ၃ ထည်ထက် အသုံးတည့်မလားဆိုတာပါပဲ။ ဒါမှမဟုတ်ရင် ဝယ်ဖို့မသင့်ပါဘူး။

သင့်ရဲ့အဝတ်အစားအရေအတွက် ၇၀ ရာခိုင်နှုန်းက နေ့စဉ်ဝတ်ရတဲ့ အဝတ်အစားတွေဖြစ်သင့်တယ်ဆိုတဲ့ စည်းမျဉ်းကိုလည်း မမေ့သင့်ပါဘူး။

သင်လက်ရှိပိုင်ဆိုင်တဲ့ အဝတ်အစားတွေကို ဖန်တီးမှုကောင်းကောင်းနဲ့ အသုံးပြုပါ

အဝတ်အထည်အနည်းအကျဉ်းနဲ့ နေ့အစဉ် အသွင်အပြင်အမျိုးမျိုးရှိအောင် ဖန်တီးယူလို့ရပါတယ်။ လည်စည်းပဝါတစ်ခုကို နည်းလမ်း ၅ မျိုးလောက်နဲ့ စည်းလို့ရသလို နက်ခ်တိုင်တစ်ခုကို နည်းလမ်း ၁၀၀ ကျော်မျှ အသုံးပြုပြီး အမျိုးမျိုးဖန်တီး ဝတ်ဆင်လို့ရပါတယ်။

ဖက်ရှင်ကဏ္ဍတွေကို ကြည့်ပြီး သင့်ရဲ့ရှိရင်းစွဲအဝတ်အစားတွေကို ထွင်ပြီး ဝတ်ဆင်ခြင်းအားဖြင့် အဝတ်အစားအတွက်ကုန်ကျစရိတ်ကို လျှော့ကျစေနိုင်ပါတယ်။

 

Read 2655 times
Rate this item
(0 votes)