What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆောင်းတွင်းစတိုင်ကျနေစေဖို့ ဖက်ရှင်အကြံပြုချက်

ဆောင်းရာသီက တစ်မူထူခြားတဲ့ ဖက်ရှင်စိတ်ကူးစိတ်သန်းတွေကို မွေးဖွားစေပြီး

သင့်ရဲ့အကောင်းဆုံးဖန်တီးပြင်ဆင် မှုတွေ ပြုလုပ်စေနိုင်ပါတယ်။

ဆောင်းရာသီဟာ ဖက်ရှင်နဲ့ အကင်းကွာဆုံး ရာသီအနေနဲ့ မကြာခဏသတ်မှတ်ခံထားရပါတယ်။ ဆွယ်တာဟောင်းနဲ့ မာဖလာတွေကို ဝတ်ဆင်တတ်သူတွေ ဘယ်လိုအမြဲဖက်ရှင်ကျနိုင်မလဲ။

နောက်ပြီးဆောင်းတွင်းမှာ ခြောက်သွေ့တတ်တဲ့ အသားအရေကလည်း ဖက်ရှင်အတွက် အဆင်မပြေမှုတွေထဲက တစ်ခုပါ။ ဒါပေမယ့် ဆောင်းရာသီမှာစတိုင်ကျကျနေလို့ မရဘူးလို့ သင်တွေးရင်တော့ မှားပါလိမ့်မယ်။

ဖန်တီးတတ်သူတွေအတွက်တော့ ဆောင်းရာသီဖက်ရှင်က လုံးဝအလန်းစားပါပဲ။ မယုံဘူးဆိုရင် ဒီနှစ်ဆောင်းမှာဘယ်လို နွေးနွေးထွေးထွေးနဲ့ ကြည့်ကောင်းနေအောင် ဝတ်ဆင်ရမယ်ဆိုတဲ့ အကြံပြုချက်လေးတွေကိုလေ့လာကြည့်လိုက်ပါ။

အရောင်ရင့်ရင့်ဝတ်ဆင်ခြင်း

နွေအတွက် အရောင်ဖျော့ဖျော့လိုက်သလို ဆောင်းအတွက်တော့ အရောင်မှိုင်းမှိုင်းတွေနဲ့ အရောင်ရင့်ရင့်တွေက ပိုအဆင်ပြေပါတယ်။

နီညိုရင့်ရောင်၊ ခရမ်းရောင်၊ အနက်ရောင်၊ အညိုရောင် အစရှိတဲ့ အရောင်ရင့်ရင့် အကျတွေကို ထုတ်ဝတ်ရတော့မှာပါ။ အရောင်ရင့်လေကောင်းလေပါပဲ။ မီးခိုးရောင် အဝတ်အစားတွေကိုလည်း စမ်းဝတ်ကြည့်သင့်ပါတယ်။

အပေါ်ပိုင်းကို ခရမ်းရောင်တောက်တောက်ဝတ်တယ်ဆိုရင် အောက်ဖက်ကို မီးခိုးရောင်ဖြစ်စေပြီး မီးခိုးရောင်ခေါင်းစွပ်လေးနဲ့ တွဲဖက်ဝတ်ဆင်ရမှာပါ။ ဒါမှမဟုတ်ရင် အနက်ရောင်ကလည်း ဆောင်းရာသီအတွက် အကောင်းဆုံးပါပဲ။

အထက်မှာ ဖော်ပြထားတဲ့ အရောင်လေးတွေကို စမ်းဝတ်ကြည့်ပြီးအံသြစဖွယ် ဆောင်းရာသီဖက်ရှင် အလှကို ခံစားကြည့်သင့်ပါတယ်။

Read 1909 times
Rate this item
(1 Vote)