What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်ကျတဲ့ လူတစ်ယောက် ဖြစ်စေဖို့

စတိုင်ကျတဲ့ လူတစ်ယောက် ဖြစ်စေဖို့ google

တချို့အပြင်အဆင်များက အံ့အားသင့် လောက်အောင် သင့်ရဲ့ စတိုင် တခုလုံးကို ပြောင်းလဲ ပေးနိုင်ပါတယ်။

ဒီနေ့မှာတော့ ဘယ်လို ပြောင်းလဲ ရမလဲဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁)ဘောင်းဘီ၏အရှည်
ဘောင်ဘီပုံစံကို ဝတ်မဲ့ ဖိနပ်အမျိုးအစားကိုပါ ထည့်သွင်းရွေးချယ် သင့်ပါတယ်၊ ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်သောအခါ ဘောင်းဘီရဲ့ အောက်ခြေအနား မြေပြင် ပေါ်မှာ ပုံရပ်သား အခြေအနေမျိုး မဖြစ်စေဘဲ မြေပြင်မှ လက်မဝက်လောက် အကွာလောက်မှာသာ ရှိသင့်ပါတယ်။

(၂) အင်္ကျီ လက်၏အရှည်
အရမ်းရှည်လွန်၊ တိုလွန်းသော အင်္ကျီလက်တွေဟာ ဝတ်ထားသူကို နွမ်းချာချာ ပုံစံပေါက်စေပါတယ်၊ အင်္ကျီလက်အရှည်ဟာ လက်ကောက်ဝတ်နားမှာ သာရှိသင့်ပါတယ်၊ အကယ်၍ လက်ရှည်လွန်း၊ တိုလွန်းတဲ့ အင်္ကျီ ကိုဘဲဝတ်ချင်တယ်ဆိုရင်တော့ အင်္ကျီ လက်ခေါက်ပြီးတော့သာဝတ်ဆင်သင့်ပါတယ်။

Read: ဖက်ရှင်က အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ပါသလား

(၃) ကြယ်သီး အပြည့်ပါသော ရှပ်အင်္ကျီများ
ကြယ်သီးအပြည့်ပါသော အင်္ကျီ အများစုကို ကိုယ်ကျပ်ပုံစံဝတ်ဆင်သောအခါ ဝတ်ထားသူရဲ့ ရင်ဘတ်(သို့မဟုတ်) ဗိုက်နေရာတွင် ဟောင်းလောင်း ပွင့်စေတတ်ပါတယ်၊ ဒါကြောင့် ကုတ်အင်္ကျီကို အပေါ်က ထပ်ဝတ်ပြီး တော့ စမတ်ကျကျနေတာကတော့ အကောင်းဆုံး နည်းလမ်းပါဘဲ။

(၄)ဖိနပ်
လူအများက ဖိနပ်ကို နောက်ဆုံးမှ သတိပြုမိမှာဘဲ လို့ ထင်ရပေမယ့် လူတွေ ပထမဆုံး သတိထားမိတဲ့ အရာကတော့ ဖိနပ်ဖြစ်ပါတယ်။

(၅) ခါးပတ် ဝတ်ဆင်ခြင်း
ခါးပတ်ကွင်း ပါသော စကပ် နှင့် ဘောင်းဘီကို ဝတ်ဆင် ထားတယ်ဆိုရင် ခါးပတ်ကို မဖြစ်မနေ ဝတ်ဆင် သင့်ပါတယ်၊ ဘာလို့လဲဆိုတော့ မဝတ်ဆင်ထားဘူးဆိုရင် ကြည့်ရဆိုးနေပြီး လူတွေကလဲ မေ့လို့ဝတ်မလာတာလို့ဘဲ ထင်နေကြပါလိမ့်မယ်။

(၆) လက်ဝတ်လက်စားများနှင့် အသုံးအဆောင်များ
လက်ဝတ်လက်စားတွေကို ဖက်ရှင် တခုအနေနဲ့ ဝတ်ဆင်တာ မဟုတ်ဘူးဆိုရင် တောင် အနည်းဆုံးတော့ ရိုးရိုးရှင်းရှင်း နာရီ၊ လက်ပတ် အစရှိတဲ့ အသုံးအဆောင်တခုခုကို ရွေးချယ်ဝတ်ဆင် ထားသင့်ပါတယ်။

Source: Bloom Fashion Myanmar

Myanmar Textile and Garment Directory

Read 2142 times
Rate this item
(1 Vote)
Tagged under