လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှု စတိုင်က အဲ့ဒီလူရဲ့ အသက်နဲ့ခန္ဓာကိုယ် အရွယ်အစားကို ပြောင်းလဲ စေပါတယ်။ ၀တ်တတ်စားတတ်ရင် ရှိရင်းစွဲအသက်ထက်
နုပျိုသွားစေ၊ပိန်သွားစေပေမယ့်၊ မ၀တ်တတ်ရင်တော့ လူကို ပိုအသက် ကြီးသွားစေ၊ ပိုဝသွားစေပါတယ်။ ကိုယ်နဲ့မလိုက်ဖက်တဲ့ အ၀တ်အစား၊ ဆံပင်ပုံစံ၊ ဆံပင်အရောင်တို့သာ ပေါင်းလိုက်ရင်တော့ အသက်(၁၀)နှစ်လောက် ပို အိုစာ သွားနိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီလိုတွေ မဖြစ်ရအောင် လူကိုပိုဝစေ၊ ပိုအသက်ကြီးစေတဲ့ ဖက်ရှင် အမှားတွေကို ရှောင်ကျဉ်နိုင်ဖို့ ပြောပြပေးချင်ပါတယ်။
(၁)အနက်ရောင်တွေ များလွန်း
အနက်ရောင်ဟာ လူကိုပိန်စေ၊ ကြော့ရှင်းတယ်လို့ ထင်ရစေပါတယ်။ဒါပေမယ့်လည်း အနက်ရောင်တွေ သိပ်များလွန်းရင်လည်း မကောင်းပါဘူး။အနက်ရောင်ဟာ လူကို ရုပ်ရင့်စေပါတယ်။လိုက်ဖက်အောင် ၀တ်တတ်ဖို့တော့ လိုပါတယ်။ ဥပမာ-အနက်ရောင်အ၀တ်အစား၊ အနက်ရောင်ဆံပင် ဆိုရင်တော့ ကြည့်ရတာ ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် All Black ၀တ်မယ် ဆိုရင် ဆံပင်က ရွှေရောင်နဲ့မှ လိုက်ဖက်မှာပါ။ တကယ်လို့ အနက်ရောင် ဂါဝန်ဝတ်မယ်ဆိုရင်လည်း အရောင်စုံတဲ့ accessory တွေကို ရွေးချယ် အသုံးပြုပေးဖို့ လိုပါတယ်။
Read: ရင်ခွင်မီ အရပ်ပုပု ကောင်မလေးတွေ ရွေးချယ်သင့်တဲ့ ဖက်ရှင်များ
(၂)ဆိုဒ်အမှားတွေ ၀တ်တာ
ဒီအချက်ကတော့ ၀တဲ့ပျိုမေတွေအတွက် ပိုအရေးကြီးပါတယ်။ ကိုယ့်ခန္ဓာကိုယ် နဲ့ လိုက်ဖက်တဲ့ဆိုဒ်ကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ၀လာတတ်တဲ့ ခန္ဓာကိုယ်မျိုးမို့လို့ လက်ရှိ ခန္ဓာကိုယ်ဆိုဒ်ထက် ပိုကြီးတဲ့ အ၀တ်အစားမျိုးကို ၀ယ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ အ၀တ်အစားဝယ်တယ်ဆိုတာဟာ ၀တ်လစ်စားလစ် ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူးဆိုတဲ့ အချက်ကို သတိပြုပေးပါ။ကိုယ်နဲ့လိုက်တဲ့ မှန်ကန်တဲ့ အ၀တ်အစားဆိုဒ်ကို သာ ရွေးချယ်ဝယ်ယူပါ။
(၃)အရမ်းရှည်လွန်းတဲ့ စကပ်တွေကို ၀တ်တာ
အရမ်းရှည်လွန်းတဲ့ စကပ်တွေကို ၀တ်တာဟာလည်း လူကို ပို အသက်ကြီး သယောင် ထင်ရစေပါတယ်။ဒီလို ပြောလိုက်လို့ သိပ်တိုလွန်းတဲ့ စကပ်တွေကို ၀တ်ဖို့တော့ မလိုပါဘူး။အသက်(၂၀)၀န်းကျင် လောက်ရှိတဲ့ မိန်းကလေးဆိုရင်တော့ ဒူးအောက်ပိုင်း တစ်ထွာလောက်ကျတဲ့ (ခြေသလုံး လောက်ရှိတဲ့ စကပ်မျိုးနဲ့ လိုက်ပါတယ်။ အရမ်းရှည်လွန်းတဲ့ စကပ်တွေ ထက်စာရင် ဒူးလယ်လောက်ရှိတဲ့ စကပ်မျိုးကို ရွေးချယ် ၀တ်ဆင် ပေးသင့်ပါတယ်။
(၄)မလိုက်တဲ့ မျက်မှန်ကို တပ်တာ
မျက်မှန်ဝတ်တဲ့ ပျိုမေတွေဆိုရင်တော့ ဒီအချက်ကို သတိထားသင့်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့ မျက်မှန်ကို ရွေးချယ်ပေးရပါမယ်။ မျက်မှန်ကိုင်းဟာ အရမ်း အရေးကြီးပါတယ်။ဖက်ရှင် မဂ္ဂဇင်း တစ်ချို့ကို ကြည့်ပြီး လိုက်ဖက်တဲ့ မျက်မှန်ကိုင်း ကို ရွေးချယ်နိုင်ဖို့ ကြိုးစားပါ။အရမ်း ထင်းလွန်းနေတဲ့ မျက်မှန်ကိုင်းကို ရွေးချယ်ဖို့ လက်မတွန့်ပါနဲ့။မျက်လုံးတွေကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့။
(၅)ဖိနပ်
လက်ရှိ ဖက်ရှင်ရေစီးကြောင်းထဲမှာ ခေတ်စားနေတဲ့ ဖိနပ်ကို ၀ယ်ထားတယ် ဆိုရုံနဲ့တော့ ရွေးချယ်မှု မှန်ကန်တယ်လို့ ပြောလို့မရပါဘူး။တကယ်လို့ အသက် (၃၀)၀န်းကျင်၊ ပေါင် (၆၀) အရွယ်အစား ရှိတဲ့ မိန်းကလေးမျိုးဆိုရင် ပုကွကွပုံစံ ဖိနပ်မျိုးတွေအစား သေးသေးသွယ်သွယ်ပုံစံ ဖိနပ်မျိုးကို ရွေးချယ်ဝတ်ဆင် ပေးသင့်ပါတယ်။
(၆)ပိုးထည် လည်စီးတွေ ပတ်တာ
လည်ပင်းမှာ ပိုးထည်လည်စီးတွေကို ၀တ်တာမျိုးပါ။ ကိုယ်ကတော့ အေးလို့ ၀တ်တာမျိုးဆိုပေမယ့် သူများတွေကတော့ သင်အေးနေတယ်လို့ မမြင်ပဲ အဖွား ကြီးပေါက်စလို့ မြင်နေမှာပါ။တကယ်လို့ အသုံးပြုမယ်ဆိုရင်လည်း အိတ်မှာချည် ထားတာမျိုး၊လည်ပင်းမှာပတ်မယ့်အစား ဒီအတိုင်း တစ်ဖက်တစ် ချက်စီမှာ ချ ထားမျိုး လုပ်သင့်ပါတယ်။
Source: Shwe Mom
Myanmar Textile and Garment Directory