What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်နဲ့ ပတ်သက်ပြီး လိုက်နာ ဆောင်ရွက် သင့်တဲ့ အချက် (၅) ချက်

ဖက်ရှင်နဲ့ ပတ်သက်ပြီး လိုက်နာ ဆောင်ရွက် သင့်တဲ့ အချက် (၅) ချက် google

ဖက်ရှင်က လူတိုင်းအတွက် အရေးပါပါတယ်။ ဖက်ရှင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာ လို့တောင် ပြောကြတယ်မလား။ စမတ်ကျကျ ဝတ်စားတတ်တဲ့သူက စွဲဆောင်မှုတစ်ခု

ရှိနေမှာပါ။

ဒါကြောင့်မို့ ဖက်ရှင်နဲ့ ပတ်သက်ပြီး အလေးထားသင့်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။

(၁) ချည်သားအဝတ်အထည်လေးတွေ ဝတ်ပါ။
လတ်တလော ရာသီဥတုက အရမ်းပူတဲ့အတွက် ချည်သားလေးအင်္ကျီလေးတွေ ဝတ်ဆင်သင့်ပါတယ်။ ချည်သားလေးတွေက လူကို ပေါ့ပေါ့ပါးပါး ဖြစ်စေလို့ပါ။

(၂) စိတ်ပင်ပန်းစေတဲ့ ပွဲတက်ဝတ်စုံတွေကို မရွေးချယ်ပါနဲ့။
နွေရာသီမှာ ပွဲတက်ရမယ်ဆိုရင် ဝတ်စုံအပြည့်ကြီးတွေနဲ့ ပွဲတက်တာထက် လွပ်လွတ်လပ်လပ်ပုံစံ ဂါဝန်တိုလေးတွေက သင့်ကို ပိုပြီး စိတ်ပေါ့ပါးစေနိုင်ပါတယ်။

Read: စမတ်ကျစေဖို့ ဘယ်လို ဝတ်ဆင်သင့်သလဲ?

(၃) ဖက်ရှင် Trend တွေကို မျက်ခြေမပျက် လေ့လာပါ။
You Tube ကနေလဲ လေ့လာလို့ ရပါတယ်။ ပြီးတော့ ဘယ်လိုမျိုး ဖက်ရှင် Trend တွေက Update ဖြစ်နေသလဲဆိုတာမျိုးကို အဆက်ပြတ်မသွားအောင် အမြဲ လေ့လာနေသင့်ပါတယ်။

(၄) Trend ဖြစ်နေတဲ့ ဖက်ရှင်တိုင်းကို လိုက်မဝတ်ပါနဲ့။
တချို့ ဖက်ရှင်တွေက Trend ဖြစ်နေတယ် ဆိုပေမယ့် ကိုယ့်နိုင်ငံနဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလား ဆိုတာကိုတော့ အရင် စဉ်းစားသင့်ပါတယ်။ နွေရာသီမှာ ကုတ်အင်္ကျီအထူကြီး ဝတ်ထားတာမျိုးတွေက သင့်ကို ပိုပြီး စမတ်ကျစေမှာ မဟုတ်ပါဘူး။

(၅) ယုံကြည်မှု ရှိပါ။
ဘယ်လိုဖက်ရှင်ကိုပဲ ဝတ်ဆင်ထားထား ကိုယ်ကိုကိုယ် ယုံကြည်မှု မရှိဘူးဆိုရင်တော့ စွဲဆောင်မှု ရှိတဲ့ သူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့်မို့ စိတ်ပေါ့ပါး လွတ်လပ်စေတဲ့ ပေါ့ပါ့ပါးပါး အဝတ်အစားကိုပဲ ရွေးချယ်ပါ။ နေရခက်စေမယ့် ဖက်ရှင်ကို ရွေးချယ်မိရင်တော့ ယုံကြည်မှု လျော့နည်းသွားသလို ခံစားရမှာပါ။

ဖက်ရှင်နဲ့ ပတ်သက်ပြီး လေ့လာသင်ယူရင်း စမတ်ကျကျ ယုံကြည်မှုရှိရှိနဲ့ လှနိုင်ကြပါစေရှင်။

Author-SYH

Myanmar Textile and Garment Directory

Read 1483 times
Rate this item
(0 votes)
Tagged under