What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရေးပါတဲ့ ဖက်ရှင်နဲ့ ပတ်သက်သော အချက်များ

အရေးပါတဲ့ ဖက်ရှင်နဲ့ ပတ်သက်သော အချက်များ google

အခုတစ်ခါမှာတော့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ Tips လေးတွေကို မျှဝေပေးချင်ပါတယ်။ အားလုံးပဲ ဖတ်ရှုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။

(1) တခါတလေ စလင်းဘတ်အကြီးကြီး သုံးမယ့်အစား ဖက်ရှင်ကျတဲ့ ကျောပိုးအိတ်တလုံး လွယ်ပါ။ မသပ်မရပ်ပုံကနေ ပေါ့ပေါ့ပါးပါးနဲ့ ဈေးကြီးခေတ်ဆန်ပုံ ပေါ်နေပါလိမ့်မယ်။

Read : Smart ကျပြီး Cute သွားစေမယ့် ဖက်ရှင် အတွဲအစပ်ကလေးတွေ

(2) ချပ်ရပ်ပြီး စတိုင်ကျတဲ့ ကုတ်တွေရဲ့ ဖက်ရှင်အစွမ်းကို လျှော့မတွက်ပါနဲ့။ ညဝတ်အင်္ကျီကို အောက်ခံထားပြီး ကုတ်ကို အပေါ်က ထပ်ဝတ်ရင်တောင် ဖက်ရှင်ကျနေသေးတာပါပဲ။

(3) စက်ချုပ်တဲ့သူနဲ့ အင်္ကျီတွေချုပ်ပါ။ ဒါမှသာ ကိုယ်တကယ်လိုချင်တဲ့ပုံစံနဲ့ ကိုယ်တိုင်းကို ကွက်တိဖြစ်နေတဲ့အင်္ကျီမျိုးရရှိနိုင်မှာဖြစ်ပါတယ်။

(4) ပိန်တဲ့အမျိုးသမီးတွေဆို ခန္ဓာကိုယ်ကို ပိုကြီးသယောင်ထင်စေတဲ့ အင်္ကျီအစ ခပ်ထူထူကို ရွေးချယ်သင့်တယ်။ ဒါမှမဟုတ် ဖက်ရှင်ကျကျ အထပ်ထပ် ဝတ်ဆင်တာမျိုးပေါ့။

Source: Lifestyle Mirror
Myanmar Textile and Garment Directory

Read 1707 times
Rate this item
(0 votes)