What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်ကျတဲ့သူ တစ်ယောက် ဖြစ်ဖို့ ဒါလေးတွေတော့ သိထားဖို့ လိုတယ်နော်

စတိုင်ကျတဲ့သူ တစ်ယောက် ဖြစ်ဖို့ ဒါလေးတွေတော့ သိထားဖို့ လိုတယ်နော် google

အမြဲတမ်း လှနေဖို့အတွက်ဆို ဖက်ရှင်က အရေးအကြီးဆုံးပါ။ ဒုတိယက မိတ်ကပ် ဖြစ်ပြီး တတိယကတော့ ဆံပင်ပုံစံ ဖြစ်ပါတယ်။

အခုကတော့ အလှအပနဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး ဖြစ်တဲ့ ဖက်ရှင်နဲ့ သက်ဆိုင်တဲ့ အချက်တွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။

(1) အွန်လိုင်းကနေ အဝတ်အစားတွေ ဝယ်တဲ့အခါ မမှာခင်အသေးစိတ်တွေကို ဖတ်ကြည့်ပါ။ ပို့ခကအစပေါ့။ ရောင်းတဲ့သူက ပစ္စည်းမှန်ကြောင်း အာမခံရဲ့လား လေ့လာပါ။

(2) အဖိုးတန်ပစ္စည်းတစ်ခုကို ကိုယ်ပေါ်မှာဝတ်ဆင်ထားရုံနဲ့သင့်ဝတ်စုံနဲ့ဖက်ရှင်ဒီဇိုင်းက တန်ဖိုးတက်သွားမှာနော်။ ဒီဇိုင်နာအိတ်၊ ဂျာကင်၊ နာရီတစ်ခုခုပေါ့။

(3) သင်ဟာမျက်နှာဝိုင်းတဲ့သူဆိုရင် မျက်နှာကို လေးထောင့်ကျစေမယ့်နေကာမျက်မှန်ကို ဝတ်ဆင်ပါ။လေးထောင့်စပ် မျက်နှာအတွက်တော့လိုက်ဖက်မယ့် အဝိုင်းပုံစံကိုတပ်ဆင်ပါ။

(4) သင့်တင့်တဲ့ ခါးပတ်တစ်ခုပတ်လိုက်ရင် ဘယ်အဝတ်အစားနဲ့မဆို ပိုကြည့်ကောင်းသွားတာပါပဲ။ ခါးပတ်ကို မှန်မှန်ကန်ကန်ဝတ်ရင် ခါးပိုသေးသွား သယောင်တောင် ထင်ရစေပါတယ်။

Source: Lifestyle Mirror
Myanmar Textile and Garment Directory

Read 1091 times
Rate this item
(0 votes)